MFF 100 Plus Cup ယူ-၁၅ ဘောလုံးပြိုင်ပွဲကို ဒေါ်လာရှစ်သောင်း အကုန်ကျခံ ကျင်းပမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် MFF 100 Plus Cup 2017 အ သက်(၁၅)နှစ်အောက် ဘောလုံး ပြိုင်ပွဲအတွက် ကန်ဒေါ်လာ ရှစ် သောင်း ကုန်ကျမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါပြိုင်ပွဲကို ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ ပဲခူး၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း (အရှေ့)၊ ရှမ်း (မြောက်)၊ ရှမ်း (တောင်) စသည့် တိုင်းဒေသကြီးနှင့် ပြည် နယ်အသင်းပေါင်း ၁၇ သင်း ပါ ၀င်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲ ၀င် အသင်းများသည် ပညာရေး ၀န်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာနလက်အောက်ရှိ ကျောင်းများ မှ ကျောင်းသားလူငယ်များဖြင့် ရွေးချယ်ဖွဲ့စည်းထားခြင်း ဖြစ် သည်။.
‘‘ဒီလို လူငယ်ပြိုင်ပွဲတွေကို နှစ်စဉ်နှစ်တိုင်း ကူညီပေးတာ ငါးနှစ်ရှိပါပြီ။ ဒီနှစ် MFF 100 Plus Cup 2017 ပြိုင်ပွဲမှာလည်း ဒေါ်လာရှစ်သောင်းလောက် အ ကုန်အကျခံ ပြုလုပ်ပေးပါမယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းဒေ သအသီးသီးက လာတဲ့ အသင်း ပေါင်း ၁၇ သင်းစာမှာ ပြိုင်ပွဲဝင် အသင်းတွေရဲ့ ၀တ်စုံဂျာစီ၊ တည်းခိုနေထိုင်စားသောက်စရိတ်၊ ခရီးစရိတ်တွေအတွက်ပါ အကုန်သုံး စွဲရလို့ပါ။ နောက်နှစ်တွေမှာလည်း ထပ်ပြီးတော့ အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါ’’ ဟု ဇွန်လ ၃ ရက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ကျင်းပသည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ F&N Myanmar ၏ Head of Market-ing ဖြစ်သူ မစ္စတာပရာပါက်စ်က ပြောသည်။
MFF 100 Plus Cup 2017 အသက် (၁၅)နှစ်အောက် ဘော လုံးပြိုင်ပွဲကို ဇွန်လ ၂၁ ရက်မှ ဇူလိုင် ၅ ရက်အထိ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) လေ့ကျင့်ရေးကွင်းများ၌ တစ် ရက် လေးပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ပထမရရှိသည့် အသင်းအား ဆုဖလား၊ ဆုတံဆိပ်နှင့် ဆုကြေးကျပ် ၁၀ သိန်းချီးမြှင့်မည်ဖြစ်ပြီး ဒုတိယရရှိသည့်အသင်းအား ဆုတံဆိပ်နှင့် ကျပ်ငါးသိန်း၊ တတိယနှင့်စတုတ္ထရရှိသည့် အသင်းများအား ဆုကြေး ကျပ်သုံးသိန်းစီနှင့် ဆုတံဆိပ်များ ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Comments