မြန်မာလူငယ်ဘောလုံးသမားများ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရန် MFF သို့ ဂျာမန်ဘွန်ဒတ်လီဂါကလပ် ဝုဖ်ဘတ် အသင်း က ကမ်းလှမ်းထား
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မျိုးဆက်သစ်လူငယ်ဘောလုံးသမားများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ တွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက် ဂျာမန်ဘွန်ဒတ်လီဂါကလပ် ဝုဖ်ဘတ်အသင်းက ကမ်းလှမ်းထားကြောင်း MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ကဏ္ဍစုံ ပူးပေါင်းမည်။
==================
==================
ဝုဖ်ဘတ်အသင်းသည် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများအဖြစ် ဘက်စုံ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေပြီး မြန်မာ့လက်ရွေးစင် အသင်းများ ဂျာမနီနိုင်ငံသို့ လေ့ကျင့်ခြေစမ်းခရီး ထွက်ပါက ဝုဖ်ဘတ်အသင်း၌ နေထိုင်လေ့ကျင့်နိုင်ကြောင်း ကမ်းလှမ်းထားသည်။ " မိတ်ဆွေတစ်ယောက်က ဝုဖ်ဘတ်အသင်းမှာ အာရှနဲ့ အရှေ့တောင်အာရှဈေးကွက်ရဲ့ လေ့ကျင့်ရေးပိုင်းမှာ တာဝန်ယူထားတော့ သူက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နဲ့ ကဏ္ဍစုံအကျိုးတူပူးပေါင်းဆောင်ရွက်ချင်တယ်လို့ ကမ်းလှမ်းလာပါတယ်။ အဓိကကတော့ မျိုးဆက်သစ်လူငယ်ဘောလုံးသမား ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းပါ။ (၁)နှစ်ကို အသက်(၆)နှစ်ကနေ (၁၃)နှစ်အကြား လူငယ်ကစားသမား အယောက်(၄၀)လောက်ကို သူတို့ဆီက နည်းပြတွေနဲ့ နည်းစနစ်တွေ သင်ကြားပြသပေးချင်တယ်။ ဘောလုံး အကယ်ဒမီ နဲ့ သင်တန်းကျောင်းတွေဆီကို နည်းပြတွေလွတ်ပီး သင်တန်း ပို့ချပေးချင်တယ်။ နှစ်ဖက်နည်းပြတွေ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ချင်တယ်။ ဈေးကွက်ရှာဖွေရေးအပိုင်းမှာလည်း အမှတ်တံဆိပ်တစ်ခုကို ဘယ်လိုထိုးဖောက်အောင်မြင်အောင် လုပ်မလဲ။ စပွန်ဆာ ဘယ်လိုရအောင်ရှာမလဲ စတာတွေအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ချင်တယ်လို့ ပြောပါတယ်။ ပြီးတော့ မြန်မာ့လက်ရွေးစင်အသင်းတွေ ဂျာမနီနိုင်ငံမှာ လေ့ကျင့်ခြေစမ်းရင် သူတို့ဆီမှာလာပြီး နေထိုင်လေ့ကျင့်နိုင်တယ်လို့လည်း ကမ်းလှမ်းထားပါတယ်။ ကမ်းလှမ်းချက်နဲ့ ပက်သက်ပြီး ဥက္ကဋ္ဌဆီ တင်ပြထားပါတယ်။ နည်းစနစ်ဒါရိုက်အဖွဲ့နဲ့လည်း တိုင်ပင်ရပါဦးမယ်" ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆိုခဲ့သည်။
ဆန္ဒရှိနေ
==========
==========
ဘွန်ဒတ်လီဂါကလပ် ဝုဖ်ဘတ်အသင်းသည် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အပြင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများနှင့်လည်း အကျိုးတူ ပူးပေါင်ဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
စဉ်းစားသုံးသပ်
==========
==========
MFF နှင့် အကျိုးတူပူးပေါင်ဆောင်ရွက်ရန် ဝုဖ်ဘတ်အသင်းမှဇ မကမ်းလှမ်းမီ အီတလီစီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်အသင်း ကလည်း ကမ်းလှမ်းထားပြီး နှစ်သင်းစလုံးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် MFF က စဉ်းစားသုံးသပ်လျက် ရှိကြောင်း သိရသည်။
Comments
Post a Comment