ရန်ကုန်မြို့၌ ဇွန် ၃ဝ ရက်တွင် ကျင်းပမည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲတွင် မြန်မာ ကစားသမားများယှဉ်ပြိုင်မည့်တွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်သည်။
MMA ပြိုင်ပွဲများ တာဝန်ယူကျင်းပနေသည့် One Championship အဖွဲ့သည် ရန်ကုန်မြို့၌ ကျင်းပမည့်တွဲဆိုင်းများကို ထုတ်ပြန်ကြေ ညာခြင်း မရှိသေးသော်လည်း အဓိကတွဲဆိုင်းဖြစ်သည့် အောင်လအန်ဆန်(မြန်မာ)နှင့် ဗစ်တာလီဘစ်ဒက်ရှ်(ရုရှား)တို့ပွဲကို ယမန်နေ့က တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၌ကျင်းပခဲ့သည့် MMA ပြိုင်ပွဲတွင် မြန်မာကစားသမားများမှာ အချင်းချင်း သာ ယှဉ်ပြိုင်ခဲ့ပြီး ပြည်ပကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ပြိုင်ပွဲကျင်းပရေးအဖွဲ့သည် မြန်မာနိုင်ငံ၌ကျင်းပမည့် MMA ပြိုင်ပွဲကို ကိုးပွဲမှ ၁ဝ ပွဲအထိ ကျင်းပမည်ဖြစ်ပြီး ပါဝင်မည့်တွဲဆိုင်းများကို ဇွန်လတွင် ထုတ်ပြန်ကြေညာဖွယ်ရှိသည်။
ယခုကျင်းပမည့်ပြိုင်ပွဲတွင် အောင်လအန်ဆန်၏ တစ်ကျော့ပြန်ကမ္ဘာ့ချန်ပီယံလုပွဲ ပါဝင်နေ သောကြောင့် မြန်မာပရိသတ်များတစ် ခဲနက် အားပေး ဖွယ်ရှိကြောင်း သိရသည်။
Comments
Post a Comment