ရန်ကုန်မြို့တွင် ကျင်းပမည့် MMA ပြိုင်ပွဲ၌ ပွဲစဉ်(၁၁)ပွဲ ပါဝင်မည်



By

ချစ်ဝိုင်း

ရန်ကုန်မြို့တွင် ကျင်းပ မည့် MMA (One Champion-ship) ပြိုင်ပွဲ၌ ကချင်တိုင်းရင်းသား အောင်လအန်ဆန်နှင့် ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း လက်ရှိ ချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့ ပွဲစဉ်အပါအ၀င် ပွဲစဉ်(၁၁)ပွဲ ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၃၀ ရက်တွင် ရန်ကုန် မြို့ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)သုဝဏ္ဏ၌ ကျင်းပမည့် ကိုယ် ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင် သည့် MMA ပြိုင်ပွဲ၏ မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ထို့အပြင် ပြည်ပကစားသမားများ ယှဉ်ပြိုင်မည့် MMA အမျိုးသားနှစ်ပွဲ၊ MMA အမျိုးသမီးပွဲ တစ်ပွဲ၊ မြန်မာ့ရိုးရာလက်ဝှေ့သမားများ MMA စည်းမျဉ်းဖြင့် ယှဉ်ပြိုင်မည့် ပွဲစဉ်ခြောက်ပွဲနှင့် မြန်မာ့ရိုးရာလက်ဝှေ့ စည်းမျဉ်းအ တိုင်း ယှဉ်ပြိုင်မည့် ပွဲစဉ်တစ်ပွဲ ပါဝင်မည်ဖြစ်သည်။

မြန်မာ့ရိုးရာလက်ဝှေ့စည်း မျဉ်းဖြင့် ယှဉ်ပြိုင်မည့် စိုးထက်ဦး နှင့် သွေးသစ်ဝင်းလှိုင်တို့ ပွဲစဉ်ကလွဲ၍ ကျန်ပွဲစဉ်များကို MMA စည်းမျဉ်းအတိုင်း ကျင်းပမည်ဖြစ် သည်။

ပြည်တွင်း MMA ပွဲစဉ်များ အဖြစ် သပြေညိုနှင့် ထက်အောင် ဦး၊ စောရန်ပိုင်နှင့် စောဘဦး၊ ရွှေ ကျောင်းသားနှင့် ရဲရင့်သွေးတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖလိုင်းဝိတ် တန်းချန်ပီယံလုပွဲအဖြစ် စောမင်း မင်းနှင့် ထွန်းလွင်မိုး၊ ရဲသွေးနီနှင့် ပတ်ကျော်လင်းနိုင်တို့ ယှဉ်ပြိုင် မည်ဖြစ်ကာ အနိုင်ရရှိသည့် လက်ဝှေ့သမားနှစ်ဦးက ဗိုလ်လုပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြည်ပကစားသမားချင်း ယှဉ်ပြိုင်မည့် MMA ပွဲစဉ်များအဖြစ် တရုတ်နိုင်ငံသား ရှောင်ကျန်ယီနှင့် တောင်ကိုရီးယားနိုင်ငံသား ကီမင်ချောင်၊ ဘရာဇီးနိုင်ငံသားဘရာနိုပူထီနှင့် ဖိလစ်ပိုင်နိုင်ငံသား ဂျင်မီယာဘို၊ အမျိုးသမီးပွဲတွင် တိုင်ပေသူ ဂျင်နီယောင်နှင့် ဂျပန်နိုင်ငံသူ ယာမာဂူချီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာ တာမြို့၌ ကျင်းပခဲ့သည့် MMA (One Championship) ပြိုင်ပွဲ တွင် အောင်လအန်ဆန်နှင့် ဘစ် ဒက်ရှ်တို့ ယှဉ်ပြိုင်ရာ အောင်လ က အမှတ်ဖြင့် ရှုံးနိမ့်ထားပြီး ယခု ပွဲက မကျေပွဲ ထပ်မံယှဉ်ပြိုင်ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲ၏ လက်မှတ်များ ကို
အထူးတန်းကျပ်နှစ်သိန်း၊ ငါး သောင်း၊ နှစ်သောင်းခွဲ၊ တစ် သောင်း သတ်မှတ်ထားပြီး ပြည် တွင်းရုပ်သံလိုင်း Sky Net မှတိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ် သည်။

#Credit #7Daiy News Journal

#MFFG

Comments