ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) တတိယအကြိမ်ညီလာခံ တွင် ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြု ပညာရေးလုပ်ငန်း များကို အားပေးမြှင့်တင်သည့်ကိစ္စ များ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။
NNER တတိယအကြိမ် မြောက်ညီလာခံကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းတွင် မေလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့ပြီး ဖက်ဒရယ်ပညာရေးစနစ်နှင့် လူ ထုအခြေပြု ပညာရေးလုပ်ငန်း များအပြင် တိုင်းရင်းသား အမျိုး သားပညာရေးကျောင်းများအရေး ကိုလည်း ဆွေးနွေးမည်ဟု NNER ဥက္ကဋ္ဌဒေါက်တာသိန်းလွင်ကပြောသည်။
‘‘ဒီညီလာခံမှာ NNER ရဲ့ မူ ၀ါဒအကြံပြုချက်ကို ပြင်ဆင်ဖို့ ရှိ တယ်။ NNER နဲ့တခြားအဖွဲ့အ စည်းများနဲ့ လက်တွဲဆောင်ရွက် ဖို့ မဟာမိတ်မူဝါဒတွေ ရေးဆွဲဖို့ ရှိတယ်။ အသိပညာဖလှယ်ဖို့ကျ တော့ ပညာရေးခေါင်းစဉ် သုံးခု ဆွေးနွေးဖို့ရှိတယ်။ နိုင်ငံတကာ က ပညာရေးစီမံကိန်းတွေ ဘယ် လိုရှိလဲ၊ ပညာရေးစီမံကိန်းမှာ လူ ထုတွေ ဘယ်လိုပါဝင်မလဲ အဲဒါ တွေ ဆွေးနွေးဖို့ရှိတယ်။ တိုင်းရင်း သားကလေးပညာရေးတွေ၊ သူတို့ ရဲ့ ဘာသာစကားတွေ၊ ကျောင်း ပညာရေးမှာ တိုင်းရင်းသားတွေရဲ့ ဘာသာစကား ထည့်သွင်းသင် ကြားနိုင်ဖို့ကိစ္စ၊ ညီလာခံရဲ့အဓိကဦးတည်ချက်ဖြစ်တဲ့ ဖက်ဒရယ် ပညာရေးစနစ်နဲ့ လူထုအခြေပြု ပညာရေးလုပ်ငန်းများ အဲဒါက တတိယနေ့မှာ ဆွေးနွေးဖို့ရှိတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတော် လှန်ရေးအဖွဲ့တွေ ထူထောင်ထား တဲ့ကျောင်းတွေရှိတယ်။ ကရင်မှာ ရော၊ ရှမ်းမှာရော၊ ကချင်မှာရော၊ ကရင်နီမှာရောရှိတယ်။ အဲဒီပညာ ရေးလုပ်ငန်းတွေ ကျွန်တော်တို့ တင်ပြ ဆွေးနွေးဖို့ရှိတယ်။ နောက် တစ်ခါ ဘုန်းကြီးတွေထောင်ထား တဲ့ ဘကကျောင်းတွေ၊ ခရစ်ယာန် ကျောင်းတွေ၊ ရပ်ရွာကနေ ကိုယ် ထူကိုယ်ထကျောင်းတွေရှိတယ်။ အဲဒီပညာရေးလုပ်ငန်းတွေ တင်ပြ ဆွေးနွေးဖို့ရှိတယ်’’ ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။
ညီလာခံသို့ ပြည်နယ်နှင့် တိုင်းများမှ NNER ကိုယ်စားလှယ် များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တည်ထောင် ထားသည့် အမျိုးသားပညာရေး ကျောင်းများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား များသမဂ္ဂအဖွဲ့မှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။
မွန်အမျိုးသား ပညာရေး ကော်မတီမှ တာဝန်ရှိသူ (NNER မှ မွန်ပြည်နယ်ကိုယ်စားလှယ်) မင်းအောင်ဇေက ‘‘လက်နက်ကိုင် အဖွဲ့က တည်ထောင်ထားတဲ့ ကျောင်းတွေ၊ ဥပမာ ကျွန်တော် တို့ ကျောင်းလိုမျိုး MNEC မွန် အမျိုးသားကျောင်းတွေကို မွန် ပြည်သစ်ပါတီက တည်ထောင်ခဲ့ တယ်။ နောက်ပိုင်းကျတော့ ကျွန် တော်တို့ MNEC မွန်အမျိုးသား ပညာရေးကော်မတီကနေ ဆက် လက်ပြီးတော့ တာဝန်ယူသွား တယ်။ အဲဒီအပေါ်မှာ အစိုးရနဲ့ MNEC နဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်။ အစိုးရက တရားဝင်အ သိအမှတ်ပြုမှု မရှိသေးပါဘူး။ အဲ ဒါကို NNER ကနေပြီးတော့ ဒါကို အစိုးရကနေ တရားဝင်အသိအ မှတ်ပြုလာအောင် ဒီညီလာခံက နေ ဆွေးနွေးဖို့ရှိပါတယ်’’ ဟု ပြောကြားသည်။
NNER ကို ၂၀၁၂ အောက် တိုဘာတွင် လူထုအခြေပြုပညာ ရေးအဖွဲ့အစည်းပေါင်း ၆၀ကျော် ဖြင့်စတင်ခဲ့ပြီး ပထမအကြိမ် ညီ လာခံကို ၂၀၁၃ ဇွန်လ၊ ဒုတိယ အကြိမ်ညီလာခံကို ၂၀၁၅ ဇွန်လ တွင်ကျင်းပခဲ့သည်။ NNER တွင် ချိတ်ဆက်ထားသော အဖွဲ့အစည်း ပေါင်း ၂၀၀ကျော်ရှိသည်။
Credit-7Day News Journal
Credit-7Day News Journal
Comments
Post a Comment