မြန်မာသံရုံးမှာ Passport စာအုပ်ထုတ်ယူသူတွေ အတွက် (လေဘာကဒ်)အသစ်အပြာရောင်ဖြစ်သွားပြီး သူငယ်အိမ် စကရင်ဖတ် လက်ဗွေဆယ်ချောင်းပြန်နှိပ်ရလို့ လူကိုယ်တိုင် မြန်မာသံရုံးကို ထပ်မံသွားရောက်ရမှာပါ။

21/6/2017
မြန်မာသံရုံးမှာ စာအုပ်ကို လူကိုယ်တိုင်သွားထုတ်မှရမယ်ဆိုတဲ့ အကြောင်းရင်းကတော့ ဒီ အသစ်ထုတ်ပေးမယ့် အလုပ်သမားကတ် (လေဘာကတ်) လေးကြောင့်ပါ ။ ဒီကတ်လေးက အရင်ကတော့အစိမ်းရောင်နဲ့ ထုတ်ပေးခဲ့တာပါ ။ ခုတော့ အပြာရောင် ဖြစ်သွားပါပြီ ။
ဒီကတ်လေးရဲ့အလယ်လောက်ကို စမ်းသပ်ဓာတ်မီးလေးနဲ့ ထိုးကြည့်လိုက်ရင် ကာယကံရှင်ရဲ့ဓာတ်ပုံ မှတ်ပုံတင်နံပတ် နဲ့  နေရပ်လိပ်စာလေးကိုမြင်ရပါတယ် ။ သာမန်မျက်စိနဲ့ကြည့်ရင် မမြင်ရပါဘူး ။
ဒီကတ်လေးဟာ ခုလက်ရှိကိုင်နေတဲ့စက္ကူမှတ်ပုံတင်တွေကို စမတ်ကတ်နဲ့ အစားထိုးဖို့ အတွက်ရှေ့ ပြေးလုပ်ငန်းစဉ်ဖြစ်တယ် လို့ လဲသိရပါတယ် ။
ဒီ အလုပ်သမားကတ်တွေက အရင်က မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေမှာ ထွက်ပြီးအလုပ်လုပ်တဲ့ အလုပ်သမားတွေအတွက် မြန်မာနိုင်ငံအလုပ်သမားညွှန်ကြားရေးမှုးဦးစီးဌါနက ထုတ်ပေးထားတဲ့အလုပ်သမားကတ်ပါ ။ မြန်မာအစိုးရအနေနဲ့က ဒီကတ်ကို အလုပ်သမားတိုင်းမရှိမနေရ ထုတ်ပေးထားပေမယ့် ထိုင်းနိုင်ငံထဲမှာကတော့ ဒီကတ်ကို ဘယ်နေရာမှာမှ အသုံးမပြုရပါဘူး ။ သုံးလဲသုံးစရာမလိုပါဘူး ။ တခြားနိုင်ငံတွေမှာကတော့ မသိပါဘူး ။
မြန်မာသံရုံးမှာ စာအုပ်လုပ်ဖို့ အတွက် စာရင်းလာတင်ထားတဲ့သူတွေအနေနဲ့  နာမည်စာရင်းကျလာရင် လူကိုယ်တိုင်လာရပါမယ် ။ ဓာတ်ပုံပြန်ရိုက် လက်ဆယ်ချောင်းလုံးကို လက်ဗွေပြန်ယူမှာဖြစ်ပြီး မျက်လုံးကိုပါ စကင် ဖတ်ပြီး မှ ဒီကတ်ပြားနဲ့ စာအုပ်ကိုပေးမှာဖြစ်ပါတယ် ။ အဲ့ဒီအတွက် စာအုပ်ကိုကိုယ်စားလာထုတ်လို့ မရတော့ဘဲ လူကိုယ်တိုင်လာရမှာဖြစ်ပါတယ် ။
လူကိုယ်တိုင်စာအုပ်လာထုတ်ဖို့အတွက်က ဘန်ကောက်အနီးတ၀ိုက်မှာနေတဲ့သူတွေအတွက် ပြသနာသိပ်မရှိပေမယ့် ဆူရတ်ဌါနီ ၊ ဖူကက် ၊ ဟတ်ရိုင် ၊ နခေါ်ရတ်ချစီမာ တို့ လိုမျိုး အရမ်းဝေးတဲ့နေရာက လာတင်ထားတဲ့သူတွေအတွက်ကတော့ အလုပ်ရက်ပျက်ခတွေနဲ့ လမ်းစရိတ်တွေက ၀န်ထုပ်ဝန်ပိုးကြီးတခုဖြစ်လာမှာပါ ။
ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် ပတ်စပို့ ဖိုးကုန်ကျစရိတ်ကိုသက်သာအောင်လုပ်ပေးနေပါတယ်လို့ တာဝန်ရှိလူကြီးတွေက ပါးစပ်ကပြောနေကြပေမယ့် တကယ်တမ်းလက်တွေ့ လုပ်နေတဲ့လုပ်ငန်းစဉ်တွေ ကတော့ အလုပ်သမားတွေကို မသက်သာစေတဲ့အပြင် ကုန်ကျစရိတ်တွေကို နှစ်ဆတိုးကုန်ကျအောင်လုပ်နေသလိုဖြစ်နေပါတယ် ။
ပြည်သူ့အစိုးရအနေနဲ့ ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့အခက်အခဲတွေအတွက်ကို စာနာစိတ် ကိုယ်ချင်းစာစိတ် လေးထားပြီး သက်သက်ညှာညှာ စဉ်းစားဆောင်ရွက်ပေးစေချင်ပါတယ် ။
photo-AAC
CP-moekhaing
Credit-သတင်း ...ရဲမင်း( AAC @ RAKSTHAI)

Comments