ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီသည် လိဂ်ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းသို့ ရောက်ရှိရန် နီးစပ်နေပြီဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။
ဂျွန်တယ်ရီသည် တရုတ်စူပါလိဂ်၊ အမေရိကန်မေဂျာလိဂ်နှင့် ပရီးမီးယားလိဂ်အသင်းများစွာ၏ ကမ်းလှမ်းမှုများ ရရှိထားသော်လည်း နည်းပြစတိဗ်ဘရုစ် ကိုင်တွယ်နေသည့် အက်စတွန်ဗီလာအသင်းကို ပိုမိုစိတ်ဝင်စားနေကြောင်း သိရှိရသည်။
အက်စတွန်ဗီလာအသင်းက ဂျွန်တယ်ရီကို လစာအဖြစ် တစ်ပတ်(၆)သောင်းနှုန်း ပေးအပ်မည်ဖြစ်သည့်အပြင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိပါက ဆုကြေးပေါင်(၂)သန်း ထပ်ဆောင်းပေးအပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။
အသက်(၃၆)နှစ်ရှိပြီဖြစ်သည့် ဂျွန်တယ်ရီသည် ပရီးမီးယားလိဂ်တန်းတက်ခွင့်ရရှိရန်ဟူသည့် စိန်ခေါ်မှုကို စိတ်ဝင်စားနေသည့်အတွက် အက်စတွန်ဗီလာအသင်းကို ရွေးချယ်ဖွယ်ရှိနေခြင်းဖြစ်ကြောင်း The Sun က သုံးသပ်ခဲ့သည်။
Photos: Gettyimages
Credit-Eleven Sports
Comments
Post a Comment