လမ်းရေမြုပ်နေစဉ် ယာဉ်ဖြတ်မောင်းနှင်မှုကြောင့် YBS ယာဉ်မောင်းနှင့် ရပ်ကွက်သားများ ရုန်းရင်းဆန်ခတ်ဖြစ်

ရန်ကုန် ဇွန် ၎

ရန်ကုန်မြို့တွင် ဇွန် ၄ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Ocean Center အနီး အရှေ့ရွှေဂုံတိုင်လမ်းတွင် လူတစ်ရပ်ခန့် ရေမြုပ်နေစဉ် YBS ယာဉ်လိုင်းအမှတ် (၁၂)မှ ယာဉ်တစ်စီးသည် ရေထဲသို့ အရှိန်ဖြင့် အတင်းဖြတ်မောင်းရာ လမ်းနံဘေးအိမ် များရှိ လူများ ရေအရှိန်ဖြင့် ပြိုလဲထိခိုက်သဖြင့် ဆက်မမောင်းရန် တားဆီးသော် လည်း မရပ်ဘဲ ဆက်လက်မောင်းနှင်သောကြောင့် ရပ်ကွက်သားများက ကားပေါ် သို့ တက်ရောက်တားဆီးခဲ့ရသည်။

 ထိုသို့တားဆီးစဉ် ယာဉ်မောင်းနှင့် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် ယာဉ်ကိုပြန်ကွေ့ကာ ယခုထိခိုက်သူများကို YBS ယာဉ်မှ တာဝန်ယူပေးမည်ဟု ယာဉ်မောင်းက ပြောသည်။

အဆိုပါရပ်ကွက်နေ ကိုသန်းနိုင်က ''ဒီကားက အတင်းဖြတ်တာ၊ ဖြတ်တော့ သူ့ဆီကရေအရှိန်နဲ့ ကျွန်တော့်အစ်မက အမှိုက်ဆယ်နေရင်း ပစ်လဲသွားတယ်။ ဒါနဲ့ မမောင်းနဲ့လို့ ဝိုင်းအော်ကြတာကို အဲ့ဒီယာဉ်က မရပ်ဘူး။ မရပ်တော့ လူတွေက အတင်းတားကြတာ''ဟု ရှင်းပြသည်။

 သတင်းနှင့်ဓာတ်ပုံ-မျိုးခိုင်အောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Thit Htoo Lwin

Comments