


ဒီနည်းဥပဒေကို ၆.၇.၂၀၁၇ ရက်စွဲနဲ့ ထိုင်းအလုပ်သမားဝန်ကြီးက ထုတ်ပြန်ခဲ့ပါတယ်။ နားလည်လွယ်အောင် အကျဉ်းချုပ်ပေးပါမယ်။
၁.စီအိုင်၊ပတ်စ်ပို့လုပ်ထားပြီးသား ဗီဇာလည်း ထုထားပြီးသား ဒါပေမဲ့ ဗီဇာရပြီး ၁၅ရက်အတွင်း ဝပ်ပါမစ်မလျှောက်ထားရသေးသူများ အခု ဝပ်ပါမစ် သွားလျှောက်လို့ရပါပြီ။ ဝပ်ပါမစ် ခ ဘတ်၁ထောင်
၂. ပန်းရောင်ဘတ်၊ ယာယီပတ်စ်ပို့၊ ပတ်စ်ပို့၊ စီအိုင် ရှိထားပြီး ဝပ်ပါမစ်လည်း ရှိထားပြီးသူများ လက်ရှိအလုပ်ရှင်နဲ့မတူရင် အလုပ်ပြောင်းလို့ရပါတယ်။ အလုပ်ရှင်ပြောင်းခ ဘတ်၁ထောင်ပါ။
၃. MoU နဲ့လာတဲ့သူများကတော့ အုပ်စု၂မျိုး ခွဲခြားထားပါတယ်။ ပထမအုပ်စုက ၁၆.၈.၂၀၁၆ မတိုင်ခင် ဝင်လာတဲ့သူများက အလုပ်ရှင်အသစ်ပြောင်းဖို့ ကန့်သတ်ချက်ဘာမှမရှိ ပြောင်းနိုင်ပါတယ်။
၁၆.၈.၂၀၁၆ နောက်ပိုင်းမှဝင်လာတဲ့ MoU သမားများကတော့ အလုပ်ထုတ်ခံရ၊ အလုပ်ရှင်သေဆုံး၊ အလုပ်ရှင်စီပွားပျက်၊ အလုပ်ရှင်နှိပ်စက်၊ စာချုပ်ထဲအချက်ချိုးဖောက်၊ လုပ်ငန်းခွင်အန္တရာယ်များတာ စတဲ့အချက်တွေနဲ့ကိုက်ညီမှသာ ပြောင်းခွင့်ရပါမယ်။
၎. ဘာအထောက်အထားမှမရှိတဲ့သူများကတော့ လုပ်စရာနည်းလမ်း၂ခု ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသားတွေပါ။
ပထမ နည်းလမ်း- မြန်မာပြည်ပြန်ပြီး ပတ်စ်ပို့လုပ် ပြန်ဝင်လာမယ်ဆိုရင် မိမိအလုပ်ရှင်နဲ့အတူ မိမိနေထိုင်တဲ့ ခရိုင်က ကျက်ဟာငန်ရုံးကို ၂၄.၇.၂၀၁၇ နေ့ရက် ကနေ ၇.၈.၂၀၁၇ ရက်အထိ ၁၅ရက်အတွင်း ပတ်ရက်မရှိ စာရင်းသွင်း အကြောင်းကြားရပါမယ်။ အဲ့ဒီအခါ မြန်မာပြည်ပြန်ဖို့ ထောက်ခံစာတစ်စောင် ထုတ်ပေးပါမယ်။ အဲ့ဒီထောက်ခံစာနဲ့ မြန်မာပြည်ပြန် ပတ်စ်ပို့လုပ် ပြန်ဝင်လာလို့ရပါတယ်။ မိမိနေထိုင်တဲ့ ခရိုင်ရောက်ရင် အလုပ်ရှင်နဲ့အတူ ဗီဇာထု(ဘတ်၅၀၀)၊ ကျန်းမာရေးစစ်(ဘတ်၅ရာ) ဝပ်ပါမစ်(ဘတ်၁ထောင်) လုပ်ရပါမယ်။
ဒုတိယနည်းလမ်းက အလုပ်ရှင်နဲ့အတူ ခရိုင်ကျက်ဟာငန် ရုံးကို ၂၄.၇.၂၀၁၇ နေ့ကနေ ၇.၈.၂၀၁၇ နေ့အထိ ၁၅ရက်အတွင်း ပိတ်ရက်မရှိ အကြောင်းကြားပါ။ ထောက်ခံစာ ထုတ်ပေးပါမယ်။ အဲ့ဒီထောက်ခံစာနဲ့ လက်ရှိ မြန်မာအစိုးရကဖွင့်ထားတဲ့ စီအိုင်ရုံးတွေကိုသွားပြီး စီအိုင်လုပ်ပါ (ဘတ်၃ရာ)၊ စီအိုင်ရုံးတွေမှာပဲ ထိုင်းတောမောက ဗီဇာထု ပေးပါမယ်(ဘတ်၅ရာ)၊ ကျန်းမာရေးစစ်(ဘတ်၅ရာ)၊ ဝပ်ပါမစ်လုပ်(ဘတ်၁ထောင်)ပါ။
၅. ဝပ်ပါမစ်တွေ၊ ဗီဇာတွေဟာ လာမယ့် ၃၁.၃.၂၀၁၈ အထိ သက်တမ်းရပါမယ်။ ပြီးရင် ထပ်ဆက်ရပါမယ်။.ယခင် သက်တမ်းရှိ ဝပ်ပာမစ်တွေကတော့ ယခင်သက်တမ်းအတိုင်းပါ။
သတိထားရမည့်အချက်များ။
=====================
၁. ဒီနည်းဥပဒေဟာ ၂၃.၆.၂၀၁၇ ကနေ ၃၁.၁၂.၂၀၁၇ အထိပဲ အကြုံးဝင်ပါတယ်။ ဆိုလိုတာက အခုလို အလုပ်ရှင်ပြောင်းခွင့်ကို ဒီ၂၀၁၇ နှစ်မကုန်ခင်ထိပဲ အပြီးလုပ်ရမှာပါ။ အမြဲတမ်းအတွက် မဟုတ်ပါဘူး။.ဒါကြောင့် ကိုယ်တကယ်လုပ်မယ့်အလုပ်ကိုပဲ ရေရှည်အတွက်ရွေးပြီး ပြောင်းပါ။ ပွဲစားအလုပ်ရှင် အငှါးသူဌေး စတာတွေနဲ့ မလုပ်ပါနဲ့။
၂. ဘာအထောက်အထားမှ မရှိတဲ့သူတွေဟာ ၂၄.၇.၂၀၁၇ ကနေ ၇.၈.၂၀၁၇ အထိ ၁၅ရက်အတွင်းမှာ လုပ်ရပါမယ်။ ကျော်လွန်သွားရင် မရတော့ပါ။ ဒါကြောင့် ရေရှည်လုပ်နိုင်မယ့်အလုပ်ရှင်ကောင်းကို ရှာထားပြီး လုပ်ပါ။
၃. ပွဲစားတွေကို မယုံနဲ့။ စိတ်အေးအေးထားပြီး နေရာပေါင်းစုံကို စုံစမ်းမေးမြန်းပြီးမှ ဆုံးဖြတ်ပါ။ အစ မကောင်းရင် အနှောင်းမသေချာဖြစ်ပာမယ်။
မရှင်းတာရှိရင် M.W.R.N ရုံးတွေကို ဖုန်းဆက်မေးမြန်း လာရောက်ဆွေးနွေးနိုင်ပါတယ်။
Credit-Labour Hittai
Comments
Post a Comment