မြန်မာအမျိုးသမီးဖူဆယ်အသင်း ထိုင်းခြေစမ်းခရီးစဉ်တွင် ကစားသမား ၂၂ ဦးခေါ်ဆောင်​မည်

                                Image may contain: one or more people
မြန်မာအမျိုးသမီးဖူဆယ်အသင်းသည်ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် သွားရောက်လေ့ကျင့်မည့် ထိုင်းခြေစမ်းခရီးစဉ်
တွင် ကစားသမား ၂၂ ဦး ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးဖူဆယ်အသင်းသည်ဆီးဂိမ်းပြိုင်ပွဲအတွက် ကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိရာ ယခုရက်ပိုင်းအတွင်း ကစားသမားနှစ်ဦး လျှော့ချသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၌ ဇူလိုင် ၁၇ ရက်မှ နောက်ဆုံးပတ်အထိ လေ့ကျင့်ကာ ခြေစမ်းပွဲများယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
မြန်မာအမျိုးသမီးဖူဆယ်အသင်းတွင် ၂၀၁၆ ခုနှစ်က ဖွဲ့စည်းခဲ့သည့် လက်ရွေးစင်အသင်းမှ ကစားသမားတချို့ ပြန်လည်ပါဝင်
လာကာ လူငယ်ကစားသမားများလည်းအားဖြည့်ရွေးချယ်ထားသည်။
မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းခြေစမ်းခရီး
စဉ်တွင် ခြေစမ်းပွဲအနည်းဆုံးလေးပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲမှာ ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။
#မြဝတီ #MFFG........

Comments