၁။ ထိုင်းအစိုးရက ၂၃-၆-၂၀၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားတဲ့ "၂၀၁၇ ခုနှစ် နိုင်ငံခြားသားအလုပ်သမားများပြည်တွင်းအလုပ်ရှင်များထံအလုပ်ခန့်ထားခြင်းဥပဒေ" မှာပါရှိတဲ့ "အပြစ်ဒဏ်ပေးခြင်းအခန်းကဏ္ဍ" ကို ရက်ပေါင်း ၁၂၀ ယာယီဆိုင်းငံ့ထားဖို့(ရုပ်သိမ်းတာမဟုတ်ပါ)ထိုင်းစစ်အစိုးရက ရေးဆွဲအတည်ပြုထားတဲ့ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄ ကိုကျင့်သုံး၍ ဗိုလ်ချုပ်ကြီး ပရာယုဒ်ကျန်းအိုးချား က NCPO စစ်အာဏာသိမ်း ခေါင်းဆောင်တစ်ဦးအနေနဲ့ အမိန့်ထုတ်ပြန်ကြေညာပါလိမ့်မယ်။
၂။ အဲဒီလိုဆိုင်းငံ့ထားတဲ့ ရက်ပေါင်း ၁၂၀ ကာလအတွင်းမှာ တရားမဝင်ဖြစ်နေတဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအားလုံးကို တရားဝင်ဖြစ်စေဖို့ စီမံချက်တွေပြုလုပ်နိုင်ရန် နှစ်နိုင်အစိုးရအာဏာပိုင်တွေက မကြာမီကာလအတွင်းမှာ အသေးစိတ်ညှိနှိုင်းကြလိမ့်မယ်။
၃။ တရားမဝင်ဖြစ်နေတဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအားလုံး အိမ်မပြန်ကြပါနဲ့ မိမိလက်ရှိအလုပ်လုပ်နေတဲ့ အလုပ်ရှင်နဲ့ အတူနေကြပါ။ (အလုပ်ရှင်မတူ၊ နယ်မြေမတူ၊ ဗိုင်ကျန့်အော့က်မရှိ၊ ၄ နှစ် ၆ နှစ်သက်တမ်းကုန်၊ ဝပ်ပါမစ်မရှိ၊ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်ဖြစ်သွားသူ၊ လူသစ်တွေ နဲ့ ရက်ပေါင်း ၁၂၀ ကြေညာချက်မထုတ်ခင်က အလည်ဗီဇာနဲ့ စာအုပ်ကြီးကိုင်ပြီးဝင်လာသူများတောင်ပါလိမ့်မယ်) အလုပ်ရှင်အတိအကျမရှိသေးရင် ခိုင်မာတဲ့အလုပ်ရှင်ရှာထားကြ။
၎။ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေဆိုတာရုပ်သိမ်းလို့မရနိုင်ပါဘူး၊ အမှန်ပြောရရင် ဆိုင်းငံ့လို့တောင်မရနိုင်ဘူး၊ ဒါပေမဲ့ထိုင်းစစ်အစိုးရရဲ့ ယာယီဖွဲ့စည်းပုံ ခြေ/ဥ ကလည်းအတည်ရှိနေတယ်၊ နှစ်နိုင်ငံချစ်ကြည်ရေးကိုထောက်ရှု၍ ဆိုတဲ့မြန်မာအစိုးရဘက်က အကြောင်းပြချက်ကလည်း ခိုင်မာမှုရှိလေတော့ "လွှတ်ငြိမ်းချမ်းသာခွင့်" ဆိုတဲ့ခေါင်းစဉ်နဲ့ ပုဒ်မ ၄၄ ကိုသုံးပြီး ရက်ပေါင်း ၁၂၀ ခေတ္တဆိုင်းငံ့ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးရင် အဲဒီဥပဒေပြန်လည်အသက်ဝင်လိမ့်မယ်။ (ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားဆိုရင် လာအို နဲ့ ကမ္ဘောဒီးယားလည်းရှိသေးတယ်ဆိုတာ မမေ့ကြနဲ့)
၅။ အဲဒီတော့ ထိုင်းနိုင်ငံရောက် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားအားလုံးအတွက် အဲဒီကြညာချက် တရားဝင်ထုတ်ပြန်ပြီးတဲ့နေ့ကစပြီး တရားဝင်ဖြစ်အောင်လုပ်ပေးဖို့ ရက်ပေါင်း ၁၂၀ ပဲ အချိန်ရတယ်ဆိုတာကိုတော့ သက်ဆိုင်သူအားလုံး သတိပြုရမဲ့အချက်ပါ။
ဥပမာ အနေနဲ့ ဒီလိုတွက်ကြည့်ရအောင်
လူ တစ်သန်းကို ရက်ပေါင်း တစ်ရာ့နှစ်ဆယ်နဲ့ စားကြည့်မယ်။ (1,000,000 / 120 = 8,333.33) အဖြေက တစ်ရက်ကို လူပေါင်း ရှစ်ထောင်ကျော် ပြီးအောင် လုပ်ပေးဖို့လိုပါတယ်။ ထိုင်းဘက်က ပြောပြီးရင်လည်း အတိအကျ စနစ်တကျ လုပ်တတ်တာမို့ မြန်မာဘက်ကလည်း အချိန်နဲ့တပြေးညီ အထောက်အထားထုတ်ပေးနိုင်ဖို့ လူအင်အား စက်ကိရိယာအင်အား အဆင်သင့်ဖြစ်ဖို့ လိုပါလိမ့်မယ်။ လက်ရှိ CI စခန်း ၆ ခုကိုခွဲပေးမယ်ဆိုရင်တောင်မှ တစ်ရက်ပြီးရမဲ့နှုန်းထား လူ 8,333.33 ဦး ကို စခန်း 6 ခုနဲ့စားရင် (8,333.33/6=1,388.88) စခန်းတစ်ခု တစ်နေ့ လူတစ်ထောင်ကျော် အထောက်အထားထုတ်ပေးနိုင်ဖို့လိုပါလိမ့်မယ်။

ဒါတောင် လူတစ်သန်းပဲရှိမယ်လို့ခန့်မှန်းထားတာ၊ အစည်းအဝေးလာတဲ့ထိုင်းကိုယ်စားလှယ်ခေါင်းဆောင်က သန်းဂဏန်းမရှိလောက်ပါဘူး သိန်းဂဏန်းပဲရှိမှာပါလို့ငြင်းနေသေးတယ်။
၆။ လွှတ်လပ်စွာရှယ်နိုင်သည်။ ကော်ပီကူးယူနိုင်သည်။ မိမိကိုယ်တိုင်ရေးထားသလိုလည်း ကူးယူဖြန့်ဝေနိုင်သည်။ ခရက်ဒစ်ပေးရန်မလိုပါ။
အားလုံးရွှင်လမ်းချမ်းမြေ့ကြပါစေဗျာ။
အားလုံးရွှင်လမ်းချမ်းမြေ့ကြပါစေဗျာ။
ဦးအောင်စိုး
၂-၇-၂၀၁၇ ရက် တနင်္ဂနွေနေ့ (၁၁:၄၃)နာရီ
စုံစမ်းမေးမြန်းခြင်းသည်းခံပါ။
၂-၇-၂၀၁၇ ရက် တနင်္ဂနွေနေ့ (၁၁:၄၃)နာရီ
စုံစမ်းမေးမြန်းခြင်းသည်းခံပါ။
Comments
Post a Comment