ဇူလိုင်
၂၀ – ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာက ကာစီနိုဝိုင်းတစ်ခုမှာ
စင်ကာပူအမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲသွားတဲ့ နိုင်ငံခြားသား ၄၃ဦးကို
ဖမ်းဆီးခဲ့တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကြာသပတေးနေ့ကပြောပါတယ်။ ဒါဟာ
ပိုက်ဆံများ များသုံး ကစားတဲ့ လောင်းကစားသမားတွေ
မနီလာမြို့ကိုရှောင်သွားကြမှာစိုးရတဲ့ လုံခြုံရေးပြသနာတစ်ခုကို
မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။ တရုတ်နဲ့အရှေ့တောင်အာရှသားတွေပါဝင်တဲ့
သည်ဂိုဏ်းဟာ နိုင်ငံခြားငွေကြေးတတ်နိုင်တဲ့လောင်းကစားသမားတွေ
ကိုပစ်မှတ်ထားတဲ့ ငွေချေးလုပ်ငန်းတစ်ခုကဖြစ်နိုင်တယ်လို့
ယူဆရကြောင်းပြောပါတယ်။
ဖိလစ်ပိုင်ဟာ
အာရှမှာတော့ မကာအိုနဲ့စင်ကာပူပြီးရင် အလျင်အမြန်ကြီးထွားလာတဲ့
ကာစီနိုလောင်းကစား အချက် အချာနေရာတစ်ခုဖြစ်လာပြီး
ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာလည်း
အပန်းဖြေစခန်းအများအပြားဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့
လုံခြုံစိတ်ချရမှုမရှိတာတွေက ပြန်ပေးဆွဲခံရမှာ၊
ခြိမ်းခြောက်ငွေညှစ်ခံရမှာစိုးရိမ်နေတဲ့ တရုတ်က လက်ကြီး
လောင်းကစားသမားတွေကို တားဆီးနေပါတယ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့
သည်စင်ကာပူအမျိုးသမီးဟာလည်း ဇူလိုင်လ ၁၇ ရက်က စိုလိုင်ရာကာစီနိုမှာ အကြီး
အကျယ်ရှုံးနိမ့်နေချိန်မှာ အမျိုးသားသုံးယောက်နဲ့အမျိုးသမီးတစ်ယောက်က
သူ့နားလာပြီး မိတ်ဆွေဖွဲ့ကာ ငွေချေးပေး ခဲ့တယ်လို့ ရဲကပြောပါတယ်။နာက်ပိုင်းမှာတော့
သူတို့ဟာ အဆိုပါအမျိုးသမီးကို အခြားကာစီနိုတစ်ခုဆီသွားဖို့ခေါ်ခဲ့ပေမယ့်
တကယ်တမ်းမှာ တော့ သူ့ကို ဟိုတယ်တစ်ခုဆီခေါ်သွားပြီး နှိပ်စက်ကာ
ဗီဒီယိုရိုက်ထားပြီးနောက် သူ့မိသားစုဆီပေးပို့ကာ ပြန်ရွေးငွေ ဒေါ်လာ
တစ်သိန်းရှစ်သောင်းတောင်းဆိုခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့
အဆိုပါအမျိုးသမီးပြန်ပြီးလွတ်မြောက်သွားတယ်လို့ အမျိုးသားရဲချုပ်
ရိုလန်ဒီလာရိုစာကပြော ပါတယ်။ သည်အမှုမှာပါဝင်ပတ်သက်နေတဲ့ မလေးရှားနှစ်ဦးနဲ့
တရုတ် ၄၁ ဦးကို ပြန်ပေးဆွဲမှုနဲ့တိုင်တန်းထားတယ်လို့ ရဲချုပ်က ပြောပါတယ်။
ချိုလေးငယ်
ref:Reuters. Jul 20,2017
kumudranews.com........
Comments
Post a Comment