(၂၉) ကြိမ်မြောက် အရှ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် ဇူလိုင်လ (၃၀) ရက်တွင် ထိုင်းနိုင်ငံခရီးစဉ်၏ နောက်ဆုံးခြေစမ်းပွဲအဖြစ် Victory City FC နှင့် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းအတွက် ဂိုးများကို ရဲလင်းထွန်း၊ အောင်ဇင်ဦး၊ ပြည့်ဖြိုးမောင်(၂)၊ စိုင်းပြုံးအောင်၊ အောင်အောင် တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့သည်။
မြန်မာအသင်းသည် မူလက ထိုင်းလက်ရွေးစင်အသင်းနှင့် ဒုတိယခြေစမ်းပွဲကစားရန် စီစဉ်ထားသော်လည်း အချိန်အခက်အခဲကြောင့် Victory City FC နှင့်သာ ကစားခဲ့ရခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲ (၅) ပွဲ ကစားခဲ့ရာ (၁) ပွဲနိုင် (၄) ပွဲ ရှုံးရလဒ် ရရှိခဲ့သည်။
မြန်မာအသင်းသည် ဇူလိုင်လ (၃၀) ရက် ည (၈:၂၀) နာရီအချိန်တွင် UB 018 လေယာဉ်ဖြင့် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

Comments
Post a Comment