မြန်မာယူ-၂၂ အသင်း ကစားသမားအသစ်များ ထပ်မံဖြည့်တင်း


                         Image may contain: 4 people, people playing sports and outdoor
ဆီးဂိမ်းနှင့် အာရှယူ-၂၃ ခြေစစ်ပွဲအတွက် ပြင်ဆင်နေ သည့် မြန်မာယူ-၂၂ အသင်း သည် ကစားသမားအသစ်များ ထပ်မံ ဖြည့်တင်းထားကြောင်း သတင်းရရှိသည်။
မြန်မာယူ-၂၂ အသင်းသည် ကမ္ဘောဇဘဏ်လေးနိုင်ငံဖိတ်ခေါ် ပြိုင်ပွဲမှ လူစာရင်းအပြင် ရတနာ ပုံအသင်းတိုက်စစ်မှူးရှိုင်းသူရ၊ နောက်ခံလူ နိုင်လင်းထွန်းနှင့် ရှမ်း အသင်းတိုက်စစ်မှူး ရွှေကိုတို့ကို ထပ်မံအားဖြည့် ခေါ်ယူခဲ့ သည်။
‘‘ဒီလေးနိုင်ငံပြိုင်ပွဲက အား နည်းချက်တွေကို အဓိကထားပြင် ဆင်ပြီး လာမယ့်ပွဲတွေအတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။ အသင်းလိုအပ်ချက်အတွက် က စားသမားတွေလည်း ထပ်ဖြည့် ထားပါတယ်။ ပြီးခဲ့တဲ့ပွဲတုန်းက ထပ်ဖြည့်ထားတဲ့ မောင်မောင်စိုး လည်း ရှိတယ်။ ဒါ့အပြင် တိုက် စစ်ပိုင်း အားနည်းနေသေးတဲ့အ တွက် ရွှေကိုနဲ့ရှိုင်းသူရတို့ကို အ သင်းနဲ့ပူးပေါင်းဖို့ ခေါ်ထားပါ တယ်။ လေးနိုင်ငံပြိုင်ပွဲကနေ အ သင်းအတွက်ရော၊ ကစားသမား တွေအတွက်ရော အတွေ့အကြုံ ကောင်းတွေ ရခဲ့ပါတယ်’’ ဟုမြန်မာယူ-၂၂ အသင်းနည်းပြ ချုပ် ဂတ်ဖရိုင်းဒရစ်က ပြောကြား သည်။
ဆီးဂိမ်းမတိုင်မီ ယူ-၂၂ အသင်းလူစာရင်း အပြောင်းအ လဲရှိနေမည်ဖြစ်ပြီး ခြေစွမ်းမပြ နိုင်သည့် ကစားသမားများကို ချန် လှပ်မည်ဖြစ်ကြောင်း ၎င်းကပြော သည်။
လက်ရှိတွင် မြန်မာ့လက် ရွေးစင်ယူ-၂၂ အသင်းသည် လေးနိုင်ငံပြိုင်ပွဲအပြီး လေ့ကျင့်မှု ခေတ္တရပ်နားထားပြီး ဇူလိုင် ၅ ရက်တွင်မှ ပဏာမကစားသမား ၃၀ ဦးဖြင့် ပြန်လည်လေ့ကျင့်မည် ဖြစ်သည်။
မြန်မာယူ-၂၂ အသင်းသည် အနီးစပ်ဆုံးနိုင်ငံတကာခြေစမ်းပွဲ အဖြစ် လာမည့်ဇူလိုင် ၁၃ ရက် တွင် မလေးရှားနိုင်ငံကွာလာလမ် ပူမြို့၌ မလေးရှားအသင်းနှင့် ခြေ စမ်းပွဲကစားမည်ဖြစ်သည်။
ယင်းပွဲအပြီးတွင် မြန်မာ နိုင်ငံ၌ အိမ်ရှင်ပြုလုပ်မည့် အာရှ ယူ-၂၃ ခြေစစ်ပွဲ၌ ဩစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းတို့နှင့် အုပ်စု ပတ်လည် ယှဉ်ပြိုင်မည်ဖြစ် သည်။

Comments