အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာနှင့် မလေးရှားခြေစမ်းပွဲမှ မတူညီသည့် ကစားသမားစာရင်းနှင့် ကစားကွက်များ တွေ့မြင်ရမည်ဟုဂတ်ဇီဆီပြော

                              Image may contain: 2 people
ဇူလိုင် ၁၉ ရက်တွင် စတင်ယှဉ်ပြိုင်ကစားမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲတွင်
မြန်မာ ယူ-၂၂ အသင်းအနေဖြင့် ပြီးခဲ့သည့်မလေးရှားနှင့် ခြေစမ်းပွဲမှ မတူညီသည့်ကစားသမားစာရင်းနှင့် ကစားကွက်များကို
တွေ့မြင်ရမည်ဟု နည်းပြချုပ် ဂတ်ဇီဆီကပြောသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဇူလိုင် ၁၃ရက်က မလေးရှား ယူ-၂၂ အသင်းနှင့်မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ခြေစမ်း
ပွဲယှဉ်ပြိုင်ကစားခဲ့ရာ ၂ ဂိုး - ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့သည်။ ယင်းပွဲစဉ်တွင် မြန်မာ ယူ-၂၂အသင်းသည် မျက်နှာသစ်လူငယ်ကစားသမားများဖြစ်သည့် ရွှေကို၊ ရန်ပိုင်စိုးနှင့်အောင်ကောင်းမာန် စသောအရန်ကစား
သမားများကိုပွဲထုတ်ပြီး အောင်သူ၊မောင်မောင်လွင်နှင့် သန်းပိုင်တို့ကို လူစားလဲအဖြစ်သာအသုံးပြုခဲ့သည်။
ထို့ကြောင့် လာမည့်အာရှခြေစစ်ပွဲတွင်မြန်မာအသင်းအနေဖြင့် မလေးရှားခြေစမ်းပွဲမှ မတူညီသည့် ကစားသမားစာရင်းနှင့်
ကစားကွက်များကို တွေ့မြင်ရမည်ဖြစ်သည်။
"မလေးရှားနဲ့ခြေစမ်းပွဲမှာ အသုံးပြုခဲ့တဲ့လူငယ်တွေက အာရှခြေစစ်ပွဲအတွက်အဆင်ပြေမလား စောင့်ကြည့်ရမှာပါ။
မလေးရှားကို ခြေစမ်းပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့်ဒီရလဒ်က အသင်းအတွက် မထိခိုက်ပါဘူး။ကျွန်တော့်အနေနဲ့ ခြေစစ်ပွဲမှာ မတူညီတဲ့
ကစားသမားစာရင်းနဲ့ ကစားကွက်တွေတွေ့မြင်ရမယ်လို့ ပြောချင်ပါတယ်"ဟုဂတ်ဇီဆီကပြောသည်။
မြန်မာ ယူ-၂၂ အသင်းသည် မလေးရှားနှင့် ခြေစမ်းပွဲအပြီးတွင် ယမန်နေ့က
ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီးယင်းနေ့ညနေပိုင်းမှာပင် သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ လေ့ကျင့်မှု ပြန်လည်စတင်
ခဲ့ကြောင်း သိရသည်။
#မြဝတီ #MFFG
........

Comments