ရီးယဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် ဂျူဗင်တပ်စ်တို့ကို လိုက်မီရန် မန်စီးတီး (၁၀)နှစ်အချိန်ယူရမည်ဟု ဂွါဒီယိုလာ ပြောကြား


                       Image may contain: 1 person
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိတို့ အသင်းအနေဖြင့် ဥရောပထိပ်သီး ရီးယဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် ဂျူဗင်တပ်စ်တို့ကို လိုက်မီရန် (၁၀)နှစ် အချိန်ယူရမည်ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဥရောပအဆင့်တွင် အောင်မြင်မှုရရှိရန် ပစ်မှတ်ထားနေပြီး ဂွါဒီယိုလာ ကိုင်တွယ်သည့် ပထမဆုံး ရာသီတွင် ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရသည်။
ဂွါဒီယိုလာက "မန်စီးတီးက ဂရိတ်အသင်းတစ်သင်းဖြစ်ပြီး ချန်ပီယံလိဂ်မှာ နောက်ဆုံး(၅)ရာသီဆက် ယှဉ်ပြိုင်​ခွင့်​ရခဲ့ပါတယ်။ အင်္ဂလန်အသင်းတွေထဲမှာ မန်စီးတီးတစ်သင်းပဲ ဒီလိုစွမ်းဆောင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်တို့ကို လိုက်မီဖို့ဆိုရင်တော့ အချိန်(၁၀)နှစ်လောက် ယူရနိုင်ပါတယ်"ဟု ဆိုခဲ့သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်း၏ အမြင့်ဆုံး စွမ်းဆောင်ရည်မှာ ဆီမီးဖိုင်နယ်ဖြစ်ပြီး ၂၀၁၅-၁၆ ရာသီက တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
Photo: Goal
Credit-Eleven Sports

Comments