(ဇူလိုင် ၁၉)
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း အနီးရှိ ပရံတော်ချောင်းအတွင်း အမည်မသိအမျိုးသားတစ်ဦး၏ အလောင်း ရေနဲ့မျှောပါလာကာ ချုံနွယ်ဖြင့် ငြိနေ၍နေသည်ကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက တွေ့ရကြောင်း သိရသည်။
အဆိုပါအလောင်းကို မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ဆယ်ယူကာ မန္တလေး အထွေထွေဂေါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းမှ လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/........
Comments
Post a Comment