မွေထိုင်းလက်ဝှေ့သမား အိကျူ စံကို ကြိုးဝိုင်းစင်ပေါ်မှ ပြုတ်ကျ အောင်ထိုးချလိုက်တဲ့ မြန်မာ့ ဖျံသွေး

ဒိုင်တွေကတော့ သားရေနဲ့ဆုံဖြတ်လိုက်တယ်လို့သိရပါတယ်

ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကြီး ၂၀၁၇ ပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်များကိုယနေ့ (၁၆.၇.၂၀၁၇)ရက်နေ့တွင် သိမ်ဖြူ လက်ဝှေ့အားကစားရုံတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ဝိတ်တန်း (၃)တန်း၊ ပွဲစဉ်(၁၂)ပွဲဖြင့် စတင်ကျင်းပခဲ့ပါသည်။
(၅၄)ကီလိုတန်းတွင် ခွန်အာကာ(၁၈၈၆ မန္တလေး)
က ဂျစ်တူး(တိုက်ဂါး)ကို အမှတ်ဖြင့်အနိုင်ရရှိခဲ့ပြီး၊
ဖြိုးလင်းဇော်(S.T.L) နှင့် စိုးဝင်းသန်း(ရန်စစ်ငြိမ်း)တို့ ပွဲစဉ်တွင် ပထမအချီမှာပင် လက်ရည်မမျှသောကြောင့် စိုးဝင်းသန်းက ဒိုင်ပွဲရပ်ဖြင့်အနိုင်ရရှိခဲ့ပါသည်။ ပွဲစဉ်(၁၅)တွင် အောက်ချင်းလေး(တောင်ဇလပ်)က မဟူရာကျား(နမ္မတူ)အား ဒုတိယအချီ ၂ မိနစ် ၅၀စက္ကန့်တွင် ဘယ်ထောက်လက်သီးချက်ဖြင့် အလဲထိုးအနိုင်ရရှိကာ၊ အာကာမင်း(ကျားဘုရင်)နှင့် စိုးမိုးအောင်(တောင်ကလေး)တို့ပွဲစဉ်မှာ စိုးမိုးအောင် မှ ဆေးရှံးဖြင့် လာရောက်မယှဉ်ပြိုင်နိုင်သောကြောင့် အာကာမင်း အနိုင်ရရှိခဲ့ပါသည်။
(၆၀)ကီလိုတန်းတွင် စောဒါဝိတ်(တောင်ကလေး) နှင့် စစ်အောင်(မြိုင်ကလေးဘိလပ်မြေစက်ရုံ) တို့ပွဲစဉ်မှာ ပရိသတ် အကြိုက်တွေ့ခဲ့ပြီး စတုတ္ထအချီ အရောက်တွင် နှစ်ဦးစလုံး အကွဲဒဏ်ရာ ရရှိခဲ့သဖြင့် ပွဲရပ်ကာ အမှတ်ဖြင့် အနိုင်အရှုံးဆုံးဖြတ်ရာတွင် အမှတ်ပေးဒိုင် ၅ ဦးစလုံးမှ စစ်အောင် အားအနိုင်ပေးခဲ့ကြပါသည်။ ဇွဲလင်းအောင်(သုံးပန်လှ)နှင့် စစ်မာန်(ရိုးရာပုဂံ) တို့ပွဲစဉ်တွင် ပထမအချီတွင် လက်ရည်မမျှဖြင့် ကြိုးဝိုင်းဒိုင်မှ စစ်မာန် အားအနိုင်ပေးသော်လည်း ခုံဒိုင်အဖွဲ့မှ လက်မခံသောကြောင့် ဆက်လက်ယှဉ်ပြိုင်ထိုးသတ်ရာ ဒုတိယအချီ ၃၅ စက္ကန့်တွင် ဇွဲလင်းအောင် မှ အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပွဲစဉ်(၁၉)တွင်လဟံသာဝတီ(အဖြူရောင်သွေးသစ်)က မင်းထက်မိုက်(တောင်ဇလပ်)ကို ပထမအချီ ၂မိနစ် ၁၄စက္ကန့်တွင် အလဲထိုးဖြင့်လည်းကောင်း၊ စိန်လုံးချော(ဗမာ့သွေး)က သူရအောင်(တိုက်ဂါး)ကို ပထမအချီ ၁မိနစ် ၅ စက္ကန့်တွင် အလဲထိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
(၆၇)ကီလိုတန်း ယှဉ်ပြိုင်ရာတွင် ရွှေမင်းရာဇာ (မြိုင်ကလေးဘိလပ်မြေစက်ရုံ)က သန့်ဇင်ထွန်း(ကျားဘုရင်)ကို တတိယအချီ ၁မိနစ် ၃၀စက္ကန့်တွင် အလဲထိုးဖြင့်လည်းကောင်း၊ ဖိုးလပြည့်(ရွှေဖူး)က ဗိုစိုးအောင်(ဗမာ့သွေး)ကို ပထမအချီ ၅၂ စက္ကန့်တွင် အလဲထိုးဖြင့်လည်းကောင်း၊ ကြယ်စင်ဖြိုး(ရိုးရာပုဂံ)က စောမင်းအောင်(တောင်ကလေး)ကို အမှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
အထူးစိန်ခေါ်ပွဲဖြစ်သော ဖျံသွေး(မြန်မာ) နှင့် အိကျူစံ(ထိုင်း)တို့ပွဲစဉ်တွင် ဖျံသွေး မှ လက်ရည်အသာဖြင့် ထိုးသတ်နိုင်ခဲ့ပြီး ဒုတိယအချီတွင် အိကျူစံ အနားတောင်းခဲ့ရကာ အမှတ်စဉ် ၂ ကြိမ်ရေတွက်ခံခဲ့ရသည်အထိ ဖျံသွေး(မြန်မာ)မှ အသာစီးရရှိခဲ့သော်လည်း ၅ ချီပြီးဆုံးသည်အထိ အရှုံးအနိုင်မပေါ်ခဲ့သောကြောင့် ပူးတွဲသရေသာရရှိခဲ့ပါသည်။ အဆိုပါပွဲစဉ် မှာ အထူးစိန်ခေါ်ပွဲဖြစ်ပြီး အမှတ်ပေးပြိုင်ပွဲဖြစ်သော ရွှေခါးပတ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိဘဲ ရိုးရာနည်းစနစ်အတိုင်း ထိုးသတ်ယှဉ်ပြိုင်သော အလဲထိုးပွဲဖြစ်ပါသည်။
http://dagaung.com
 ........

Comments