မလေးရှားယူ-၂၃ အသင်းနှင့် မြန်မာယူ-၂၃ အသင်းခြေစမ်းပွဲအား ဝင်ကြေး အခမဲ့သတ်မှတ်ထား


                                          Image may contain: text
အာရှယူ-၂၃ ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် မြန်မာယူ-၂၃ အသင်းနှင့် မလေးရှားယူ-၂၃ အသင်းတို့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲစဉ်ကို ဝင်ကြေးအခမဲ့ အဖြစ် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်ထံမှ သိရသည်။
မြန်မာယူ-၂၃ အသင်းသည် အိမ်ရှင်အဖြစ် ကျင်းပမည့် အာရှယူ-၂၃ ခြေစစ်ပွဲအုပ်စု(F) ပွဲစဉ်အတွက် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအပြီး ဇူလိုင် ၅ ရက်ကစ၍ လေ့ကျင့်မှုများပြုလုပ်လျက ရှိပြီး ဇူလိုင် ၁၃ ရက်တွင် မလေးရှားယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားရန် မြန်မာယူ-၂၃ အသင်းသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ဇူလိုင် ၁၁ ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး ခြေစမ်းပွဲကို မြန်မာစံတော်ချိန်
ည ၇ နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာယူ-၂၃ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ထားသော အသင်း ဖြစ်သောကြောင့် အသက် ၂၂ နှစ်အောက် ကစားသမားများဖြင့် ဖွဲ့စည်းထားသော အသင်းဖြစ်ပြီး ပြီးခဲ့သည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင်လည်း ဒုတိယဆု ရရှိခဲ့ကြောင်း သိရသည်။

Comments