မူဆယ်မြို့၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း များ သိမ်းဆည်းရမိ


နေပြည်တော် ဇူလိုင် ၁၉

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ပန်လုံနယ်မြေ၏ အနောက်ဘက် သုံးမိုင်ခန့်ရှိ ကြားထင်(၄၈)နှစ်၏ နေအိမ်ခြံဝင်းအတွင်း ဇူလိုင်လ ၁၉ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ တွင် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် ဓာတုပစ္စည်းများ သိုလှောင် ထားကြောင်း သတင်းအရ သက်ဆိုင်ရာမှ ၀င်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း များ သိမ်းဆည်းရမိကြောင်း သိရပါသည်။

  ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ အိမ်ရှင် ကြားထင်အား မတွေ့ရှိဘဲ တရုတ်လူမျိုး တွမ်ကွမ်ဖေ့ (ခ)အဖိန်း(၃၇)နှစ်နှင့် ကောင်းမှုတုံ ရပ်ကွက် ပန်လုံ(၃)လမ်းနေ ဝင်းအောင်(၂ဝ)နှစ်တို့အားတွေ့ရှိခဲ့ရ ကြောင်းသိရသည်။

 ခြံဝင်းအတွင်းတွေ့ရှိရသော ယာဉ်အမှတ်6H/----၁၂ ဘီး ယာဉ်နှင့် 2B/----၁၂ ဘီးယာဉ်တို့ ကို ရှာဖွေရာ ဟိုက်ဒရိုကလိုရစ် အက်စစ် ဂါလန် ၅ဝ ပါ ပီပါ ၃၁၃ လုံး(တန်ဖိုးငွေကျပ် ၅ဝဝ၈ဝဝဝဝဝ)၊ ဟိုက်ဒရိုကလိုရစ်အက်စစ် ဂျပ်ဖာ တစ်ဖာလျှင် ၂ဝ လီတာပါ ၁၁၆၈ ဖာ (တန်ဖိုးငွေကျပ် ၉၃၄၄ဝဝဝဝ)၊ ဆာလဖြူရစ်အက်စစ် ငါးဂါလန်ပါ ပလတ်စတစ်ပုံး ၃၅ဝ(တန်ဖိုးငွေကျပ် ၇ဝဝဝဝဝဝ)၊ ကဖင်းတစ်အိတ်လျှင် ၂၅ ကီလိုပါ ဆာလာအိတ် ၁၈ဝ (တန်ဖိုးငွေကျပ် ၃၃၇၅ဝဝဝဝဝ) စုစုပေါင်း တန်ဖိုးငွေကျပ် ၉၃၈၇၄ဝဝဝဝ နှင့် မော်တာတပ်ဆင် ထားသည့် စတီးရောင်မွှေစက် နှစ်လုံး၊ ၇ ပေ x ၃ ပေရှိ သစ်သားသေတ္တာ ခြောက်လုံးအတွင်း ထည့်လျက် ဖန်ပေါင်းချောင်အကြီး ခြောက်လုံးတို့ ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

သိမ်းဆည်းရမိသည့် သက်သေခံ ပစ္စည်းများနှင့်ပတ်သက်၍ အိမ်ရှင် ဖြစ်သူ ကြားထင်၊ ဖမ်းဆီးရမိသူ တွမ်ကွမ်ဖေ့(ခ)အဖိန်းနှင့် ဝင်းအောင် တို့ သုံးဦးအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိ ကြောင်း ပြန်ကြားရေ ၀န်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သစ်ထူးလွင်

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar........

Comments