
မြန်မာနိုင်ငံက လက်ခံ ကျင်းပမည့် အာရှယူ-၂၃ ဘောလုံးပြိုင်ပွဲခြေစစ်ပွဲကို For Sports ရုပ်သံလိုင်းနှင့် မြန်မာ့ရုပ်မြင်သံ ကြားနှင့် ဆက်စပ်ရုပ်သံလိုင်းတစ်ခုဖြစ်သည့် MRTV Sports ရုပ်သံလိုင်းတို့က တိုက်ရိုက်ပြသမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ထို့ပြင် အခမဲ့ရုပ်သံလိုင်း တစ်ခုဖြစ်သည့် မြ၀တီရုပ်သံလိုင်း မှလည်း တိုက်ရိုက်ပြသခွင့်ရရန် ဆွေးနွေးညှိနှိုင်းနေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီ ယာဒါရိုက်တာ ဦးဇော်မင်းထိုက် က ပြောသည်။
၂၀၁၈ အာရှယူ-၂၃ ခြေစစ်ပွဲအုပ်စု(စ)ကို ဇူလိုင် ၁၉ မှ ၂၃ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏအားက စားကွင်း၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းနှင့်အတူ သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းအသင်းတို့ တစ်အုပ်စုတည်း ကျ ရောက်နေသည်။
‘‘For Sports က ခြေစစ်ပွဲ စဉ်အားလုံး ပြသသွားမှာဖြစ်ပြီး MRTV Sports ကတော့ အိမ်ရှင် မြန်မာအသင်းကစားတဲ့ပွဲတွေ ပြ သသွားမှာပါ။ အတတ်နိုင်ဆုံး ပရိသတ်တွေ တိုက်ရိုက်ကြည့်နိုင် အောင်လို့ ကြိုးစားနေပါတယ်။ ကွင်းထဲအထိလည်း ပရိသတ်တွေကို လာအားပေးဖို့ဖိတ်ခေါ်ပါ တယ်။ အသင်းကောင်းတွေပါတဲ့ အတွက် ပွဲကောင်းတွေကို ကြည့် ရှုရမှာပါ’’ဟု ဦးဇော်မင်းထိုက်က ပြောသည်။
အာရှယူ-၂၃ ခြေစစ်ပွဲစဉ် များကို တစ်ရက်လျှင် နှစ်ပွဲနှုန်း ကျင်းပမည်ဖြစ်ပြီး ကွင်းဝင်ကြေးအဖြစ် အထူးတန်း ၃,၀၀၀ ကျပ်၊ အရှေ့ဘက်တန်းပွဲကြည့်စင် ၂,၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၁,၀၀၀ ကျပ် သတ်မှတ်ထားသည်။
အိမ်ရှင်မြန်မာအသင်းသည် အာရှယူ-၂၃ ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီ၌ စင်ကာပူအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ် သည်။By - ရွှေဘုတ်
Comments
Post a Comment