၂၀၁၇ မလေးရှားဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ အုပ်စုများမဲခွဲရေးဆွဲ


                                       No automatic alt text available.
လာမည့်သြဂုတ် (၁၄)ရက်နေ့မှ သြဂုတ် (၂၉)ရက်နေ့အထိ ကစားမည့် ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၏ အုပ်စုများမဲခွဲခြင်းနှင့် ပွဲစဉ်များရေးဆွဲခြင်းကို ယနေ့နံနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပပြုလုပ်ခဲ့သည်။ မဲခွဲမှုအရ မြန်မာယူ-၂၂ (အမျိုးသား)အသင်းမှာ အုပ်စု (A)တွင်ကျရောက်ခဲ့ပြီး အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်း အသင်းများနှင့်ကစားရမည် ဖြစ်သည်။ အုပ်စုများခွဲဝေခဲ့ရာတွင် အိမ်ရှင်မလေးရှားအသင်းနှင့် လက်ရှိချန်ပီယံထိုင်းအသင်းကို အုပ်စု (၂)ခုခွဲပြီး မလေးရှားအသင်းအား အုပ်စု (A) တွင်လည်းကောင်း၊ ထိုင်းအသင်းအား အုပ်စု(B) တွင်လည်းကောင်းထားကာ ကျန်အသင်းများကိုဆီဒင်များသတ်မှတ်ခွဲဝေခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယနေရာရခဲ့သည့် မြန်မာအသင်းနှင့် တတိယနေရာရခဲ့သည့် ဗီယက်နမ်အသင်းတို့မှာ ဆီဒင် (၁)အဖြစ်သတ်မှတ်ခံခဲ့ရသည်။
၂၀၁၇ ဆီးဂိမ်း (အမျိုးသား) ဘောလုံးပြိုင်ပွဲ
----------------------------
အုပ်စု (A)
မလေးရှား
မြန်မာ
စင်ကာပူ
လာအို
ဘရူနိုင်း
အုပ်စု (B)
ထိုင်း
ဗီယက်နမ်
အင်ဒိုနီးရှား
ကမ္ဘောဒီယား
တီမော
ဖိလစ်ပိုင်
(အမျိုးသမီးဘောလုံးပြိုင်ပွဲမဲခွဲခြင်းနှင့် ပွဲစဉ်များကို ဆက်လက်ဖော်ပြသွားပါမည်)

Comments