
Byမိုးမင်းOn Mon, 2017-07-24
ထိုင်းမှ ပြန်လာသော မြန်မာအလုပ်သမားများကို မြ၀တီမြို့တွင် ဇူလိုင်လဆန်းက တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ထိုင်းနိုင်ငံမှပြန်လည် ရောက်ရှိလာသည့် အထည်ချုပ် အလုပ်သမားများကို အလုပ်ပြန် လည်ခန့်အပ်ရန် တောင်ဒဂုံ စက်မှု ဇုန်ရှိ စက်ရုံတစ်ခုက အလုပ်ခေါ် ယူထားသည်။
ထိုင်းနိုင်ငံမှပြန်လည် ရောက်ရှိလာသည့် အထည်ချုပ် အလုပ်သမားများကို အလုပ်ပြန် လည်ခန့်အပ်ရန် တောင်ဒဂုံ စက်မှု ဇုန်ရှိ စက်ရုံတစ်ခုက အလုပ်ခေါ် ယူထားသည်။
လက်ရှိလုပ်သားအင်အား ၂၅၀ ခန့်ဖြင့်လုပ်ငန်းလည်ပတ်နေ သည့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ် တောင်ဒဂုံစက်မှုဇုန်ရှိ KTK အထည်ချုပ်စက်ရုံသည် မြန်မာ နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး ထိုင်း နိုင်ငံမှ ပြန်ရောက်လာသည့် အ လုပ်သမားများကို အလုပ်ခန့်ထား ပေးနိုင်ရန် ခေါ်ယူထားခြင်းဖြစ် သည်။
‘‘ဟိုမှာလုပ်ခဲ့တဲ့အလုပ်မျိုးနဲ့ ကိုယ့်နိုင်ငံမှာလည်း ပြန်လုပ်နိုင် အောင်အတွက် အလုပ်ခေါ်တာ ပါ။ လုပ်ငန်းကလည်း ထပ်ချဲ့ဖို့ရှိ တာကြောင့်လည်းပါတယ်။ အ လုပ်သမားဦးရေ ဘယ်လောက် ခေါ်မယ်ဆိုတာမျိုး သတ်မှတ်ထား တာတော့မရှိဘူး’’ ဟု KTK အ ထည်ချုပ်စက်ရုံမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
လာရောက်လျှောက်ထား သည့်အလုပ်သမားသည် ကျွမ်း ကျင်မှုအပေါ် မူတည်၍တစ်လ လျှင် ကျပ်နှစ်သိန်းမှ နှစ်သိန်း လေးသောင်းခန့်ရရှိနိုင်ပြီး အဆောင်နေလိုပါကနေနိုင်အောင်စီစဉ်ပေးမည်ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့အခြေစိုက်စက် ရုံ၊အလုပ်ရုံများတွင် အလုပ်သ မား လိုအပ်ချက်များရှိနေသော် လည်း ယခုကဲ့သို့ ထိုင်းနိုင်ငံမှပြန် လည်ရောက်ရှိလာသည့် အလုပ် သမားများကို ဦးတည်၍ အလုပ် ခေါ်ယူခြင်းမျိုးသည် ရှားပါး ကြောင်း အထည်ချုပ်လုပ်ငန်းရှင် အချို့ကပြောသည်။
‘‘ဒါကအလုပ်ရှင်ရဲ့ရည်ရွယ် ချက်နဲ့ဆိုင်တာပေါ့။ အများစုက တော့ ခွဲခြားခေါ်တာမျိုးတော့ မရှိ ပါဘူး။ ကိုယ့်လိုအပ်ချက်နဲ့လုပ် သားအရည်အချင်းကိုက်ညီရင် ခန့်နေကြတာရှိပါတယ်’’ ဟု လှိုင် သာယာစက်မှုဇုန်မှ အထည်ချုပ် လုပ်ငန်းရှင်ဦးအေးထွန်းကပြော သည်။
ထိုင်းနိုင်ငံတွင်တရားမဝင် ရောက်ရှိနေသည့် နိုင်ငံခြားသား အလုပ်သမားများကို ဇွန်လကုန် က ဖမ်းဆီးနေခြင်းကြောင့် ယခု အချိန်ထိ မြန်မာနိုင်ငံသို့ ပြန် လည်ဝင် ရောက်လာသူလေး သောင်း ကျော်ရှိနေပြီး ၎င်းတို့အ နေဖြင့် အလုပ်အကိုင်ရရှိရန် အ ခက်အခဲများရှိနေကြောင်း သိရ သည်။
ထိုသို့ပြန်လည်ရောက်ရှိလာ သည့် မြန်မာနိုင်ငံသားများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက စက်ရုံ၊ အလုပ်ရုံများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိ အောင် ဆောင်ရွက်ပေးနေ ကြောင်း အလုပ်သမား ညွှန်ကြား မှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဦးအောင်ဌေးဝင်းက ဆို သည်။
‘‘မြဝတီ နယ်စပ်ဂိတ်မှာ တော့ အလုပ်ရှင်တွေဆီကအလုပ် ခေါ်စာတွေကပ်ပြီး အလုပ် လျှောက်နိုင်အောင်လုပ်ပေးတာ ရှိတယ်။ ရန်ကုန်မှာလည်း အလုပ် အကိုင်ပြပွဲတွေ အလုပ်ရရှိအောင် လုပ်ပေးသွားမယ့် အစီအစဉ်တွေ လည်းရှိပါတယ်’’ ဟု ၎င်းကဆို သည်။
Comments
Post a Comment