
By
ရွှေဘုတ်
မြန်မာ့လက်ရွေးစင် အသင်း၏ ပဏာမလူစာရင်းမှ အသက်အရွယ်ကြောင့် အနားယူ သွားသည့် ရန်ပိုင်အစား ဧရာဝတီ အသင်းမှ သီဟဇော်ကို အစား ထိုးခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။
အသက်(၃၃)နှစ် အရွယ်ရှိ ရတနာပုံတိုက်စစ်မှူး ရန်ပိုင်သည် အာရှဖလားခြေစစ်ပွဲဝင် ပဏာမ လက်ရွေးစင်အသင်း၌ တစ်ကျော့ ပြန် ပြန်လည်ရွေးချယ်ခံခဲ့ရသော် လည်း အသက်အရွယ်ကြောင့် အနားယူခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးတင်မြင့်အောင် က ပြောသည်။
‘‘ရန်ပိုင်က အသက်အရွယ် ကြောင့် နားချင်တယ်ဆိုပြီး သူ ကိုယ်တိုင် တရားဝင်တောင်းဆိုတဲ့အတွက် အသင်းဘက်က ခွင့်ပြုခဲ့တာပါ။ လတ်တလောတော့ သူ့အစား သီဟဇော်ကို ကျွန်တော်တို့ အစားထိုးလေ့ကျင့်ဖို့ ခေါ်ထားပါတယ်။ ဒါက ပဏာမစာရင်းပဲ ရှိပါသေးတယ်။ နည်းပြက လက်ရှိလည်း ဆီးဂိမ်းအသင်းကို ကိုင်တွယ်နေရလို့ နောက်ဆုံး လူစာရင်းကိုတော့ နည်းပြအဖွဲ့နဲ့ အားလုံးတိုင်ပင်ပြီးမှ ရွေးချယ်သွားမှာပါ’’ဟု ဦးတင်မြင့်အောင် ကပြောသည်။
လက်ရှိတွင် မြန်မာ့လက် ရွေးစင်အသင်းကို ယာယီနည်းပြ များဖြစ်သည့် ဦးစိုးမြတ်မင်းနှင့် ဦးကျော်လွင်တို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ဇူလိုင် ၂၂ ရက်က စတင်ကာ ပဏာမကစား သမား ၁၉ ဦးဖြင့် သုဝဏ္ဏလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ပြင် ဆင်လျက်ရှိသည်။
၂၀၁၈ အာရှဖလားခြေစစ်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မြန်မာအ သင်းသည် သြဂုတ် ၂၉ ရက်တွင် မလေးရှားအသင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ခြေစမ်းမည်ဖြစ် သည်။ မြန်မာအသင်းသည် လာ မည့် စက်တင်ဘာ ၅ ရက်တွင် အာရှဖလားခြေစစ်ပွဲ တတိယပွဲ စဉ်အဖြစ် ကာဂျစ္စတန်အသင်းနှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ခြေစစ်ပွဲအုပ်စု(က)တွင် ပါ ဝင်သည့် မြန်မာအသင်းသည် အုပ် စုနှစ်ပွဲ ကစားပြီးချိန်တွင် အိန္ဒိယ အသင်းကို အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး မကာအိုအသင်းကို အဝေးကွင်း၌ ၄-၀ ဂိုးဖြင့် အနိုင်ရထားသည်။ ခြေစစ်ပွဲအုပ်စု နှစ်ပွဲအပြီးတွင် အိန္ဒိယအသင်းက ရမှတ်ခြောက်မှတ်ဖြင့် အုပ်စု ပထမနေရာတွင် ဦးဆောင်နေပြီး မြန်မာအသင်းက ရမှတ်သုံးမှတ် ဖြင့် ဒုတိယနေရာ ရပ်တည်နေ သည်။
Comments
Post a Comment