မြန်မာနိုင်ငံ၌ ကျင်းပမည့် အာရှယူ-၂၃ ခြေစစ်ပွဲအတွက် ဝင်ခွင့် လက်မှတ် ဈေးနှုန်းများ ထုတ်ပြန်


                                     Image may contain: one or more people, people standing and outdoor
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဇူလိုင် ၁၉ ရက်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၂၃ ခြေစစ်ပွဲအတွက် ဝင်ခွင့်လက်မှတ် ဈေးနှုန်းများကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အာရှအဆင့် ပြိုင်ပွဲဖြစ်သလို အာရှအင်အားကြီး နိုင်ငံဖြစ်သည့် သြစတြေးလျကဲ့သို့ အသင်းများ ပါဝင်ပြီး ယူ-၂ဝ ကမ္ဘာ့ ဖလားပြိုင်ပွဲယှဉ်ပြိုင်ခဲ့သော မြန်မာယူ-၂ဝ အသင်း မျိုးဆက် ကစားသမားများ ပါဝင်သော မြန်မာ ယူ-၂၃ အသင်းပွဲစဉ်များကို ပရိသတ်များ ကြည့်ရှု အားပေးရမည် ဖြစ်ကြောင်း သိရသည်။
လက်မှတ်ဈေးနှုန်းများကို အထူးတန်း ငွေကျပ် ၃ဝဝဝ၊ ရိုးရိုးတန်း ငွေကျပ် ၂ဝဝဝ နှင့် ငွေကျပ် ၁ဝဝဝ အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းဈေးနှုန်းများမှာ ပြီးခဲ့သည့် လေးနိုင်ငံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲမှ လက်မှတ်ဈေးနှုန်းများ အတိုင်းဖြစ်သည်။ တစ်ရက်လျှင် နှစ်ပွဲ ကျင်းပမည် ဖြစ်သောကြောင့် ယင်းလက်မှတ်များဖြင့် ပွဲစဉ်နှစ်ပွဲ ကြည့်ရှုခွင့်ရရှိမည် ဖြစ်သည်။
မြန်မာယူ-၂၃ အသင်းသည် အာရှယူ- ၂၃ ခြေစစ်ပွဲ အုပ်စု(F) တွင် သြစတြေးလျ ယူ-၂၃၊ စင်ကာပူ ယူ-၂၃ ၊ ဘရူနိုင်း ယူ-၂၃ အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက် နေပြီး အဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီတွင် စင်ကာပူ ယူ-၂၃ အသင်းနှင့် စတင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

Comments