မြန်မာMMAကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ


                             Image may contain: 1 person, smiling
မြန်မာMMAကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲကို လာမည့်နိုဝင်ဘာတွင် ရန်ကုန်မြို့၌ ကျင်းပရန်စီစဉ်ထားကြောင်းသိရသည်။
အောင်လအန်ဆန်သည် ကစားသမားဘဝ ပထမဆုံးအကြိမ်ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့ပြီး ချန်ပီယံဆုကာကွယ်နိုင်ရန် ကြိုးစား
ရမည်ဖြစ်သည်။
အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သောကြောင့်MMA ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဖြစ်သည့် ပထမဆုံးမြန်မာ
နိုင်ငံသားအဖြစ်မှတ်တမ်းဝင်ခဲ့သည်။ အောင်လအန်ဆန်သည်မြန်မာနိုင်ငံတွင် MMAပြိုင်ပွဲကို သုံးကြိမ်မြောက်
လာရောက်ထိုးသတ်ခြင်းဖြစ်ပြီး အိမ်ရှင်ပရိသတ်ရှေ့မှောက်၌ သုံးပွဲစလုံးအနိုင်ရထားသည်။
"ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ဆိုတာ အရင်ကထက် အများကြီးပိုကြိုးစားရမှာပါ။ အခုထက်ပိုကောင်းအောင်
ကြိုးစားသွားမှာပါ"ဟု အောင်လအန်ဆန်ကပြောကြားခဲ့သည်

Comments