ဇွန်လဆန်းပိုင်းက ရန်ကုန်၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကုသမှု ခံယူနေသော မခိုင်နှင်းဝေ (ဓာတ်ပုံ - ဆလိုင်းလာလ်နွန်အုပ်/Myanmar Now) ရန်ကုန် (Myanmar Now) – ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလုပ်လုပ်ခဲ့သည့် အိမ်အကူ မခိုင်နှင်းဝေ၏ မျက်နှာမှဒဏ်ရာသည် အပြင်းအထန်နာကျင်စေမှုနှင့် အကျုံးဝင်ကြောင်း ရဲတပ်ဖွဲ့က တရားရုံးကို တင်ပြထားသော်လည်း မြို့နယ်တရားရုံးက ထိုအမှုကို ဇူလိုင် ၂၄ ရက်နေ့တွင် သာမန်နာကျင်စေမှုပုဒ်မဖြင့်သာ ဆက်လက် စစ်ဆေးခဲ့သည်။ ယခင်က အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် တိုင်ကြားခဲ့စဉ် ရဲတပ်ဖွဲ့က အိမ်ရှင်နှစ်ဦးလုံးကို ဖမ်းဆီးခဲ့သည်။ မြို့နယ်တရားရုံးက ဇူလိုင် ၃ ရက်နေ့တွင် သာမန် နာကျင်စေမှု ပုဒ်မ ၃၂၃/ ၃၂၄ တို့ဖြင့် ပြောင်းလဲတရားစွဲပြီး နှစ်ဦးလုံးကို အာမခံပေးခဲ့သည်။ ဇူလိုင် ၂၄ ရက်နေ့ တရားခွင်သို့ အိမ်ရှင်နှစ်ဦးဖြစ်သည့် ကိုထွန်းထွန်း၊ မမြတ်နိုးသူတို့လည်း တက်ရောက်ကြသည်။ အမှုဖွင့် တိုင်ကြားသူ ရာအိမ်မှူးဦးမျိုးတင့်နိုင်ကို နှစ်ဘက်ရှေ့နေများက အပြန်အလှန်မေးမြန်းခဲ့ပါသည်။ ပုဒ်မအပြောင်းအလဲ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဦးသိန်းစိုးက ပုဒ်မ အပြောင်းအလဲသည် ရဲတပ်ဖွဲ့နှင့် မသက်ဆိုင်ဟု ဆိုသည်။ “ပုဒ်မပြောင်းတာ၊ မပြောင်းတာက ဥပဒေအရာရှိနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်မယ်။ ကျွန်တော်တို့က ဆေးမှတ်တမ်းရတဲ့နေ့ကပဲ အစီရင်ခံစာရေးပြီး တရားရုံးကို ပို့ပြီးသွားပြီ။ အစီရင်ခံစာမှာ အပြင်းအထန် နာကျင်စေမှုမျိုး သက်ရောက်နေတယ်ဆိုတာ ပါတယ်။ ပြောင်းမယ်ဆိုလည်း အပြင်းအထန်နာကျင်စေမှုဖြစ်တဲ့ ပုဒ်မ ၃၂၅ နဲ့ပဲ ဖြစ်သွားလိမ့်မယ်” ဟု စခန်းမှူးက ပြောသည်။ အာမခံပေးနိုင်သည့် ပုဒ်မ ၃၂၅ အရ ပြစ်မှုထင်ရှားပါက ချမှတ်နိုင်သော အမြင့်ဆုံးထောင်ဒဏ်မှာ ၇ နှစ် ဖြစ်သည်။ ကလေးသူငယ်ဥပဒေ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မရမ်းကုန်းမြို့နယ်၊ အမျိုးသမီးငယ်များ သင်တန်းကျောင်းအုပ် ဒေါ်ခင်ဌေးကြည်က မခိုင်နှင်းဝေ၏ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုနိုင်ရေးအတွက် ဥပဒေအကြံပေး၏ အကြံပြုချက်ရရှိရေး ဆက်လက်ဆောင်ရွက်နေကြောင်း ပြောသည်။ “ကျွန်မ အခု စာရွက်စာတမ်းတွေစုံအောင် စီစဉ်နေတယ်။ ရဲတပ်ဖွဲ့ကလည်း ကူညီပါတယ်။ စုံတာနဲ့ မြို့နယ်ဥပဒေရုံးကနေ တစ်ဆင့် ခရိုင်ဥပဒေရုံးကိုတင်မယ်။ ခရိုင်ဥပဒေရုံးက မှတ်ချက်ပြန်ကျတာနဲ့ တရားရုံးမှာ တရားစွဲဆိုဖို့ တင်ပါ့မယ်။ မြို့နယ်တရားရုံးက အဲ့ဒီအတိုင်းမှ လက်ခံမယ်ဆိုတော့လည်း အဲ့ဒီအတိုင်းဝင်အောင် ကျွန်မတို့ လုပ်နေကြတယ်” ဟု ကျောင်းအုပ်က ဆိုပါသည်။ ဆရာဝန်တို့၏ မှတ်ချက် မီးပူဖြင့်ကပ်ခြင်း၊ ရေနွေးပူနှင့်ပက်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းများကြောင့် မခိုင်နှင်းဝေ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရင်ဘတ်၊ ကျောကုန်း၊ လက်မောင်းများတွင် အပူလောင်ဒဏ်ရာ၊ ဦးခေါင်းနှင့်ခြေနှစ်ဖက်တွင် ဖူးယောင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ အိမ်ရှင်ဖြစ်သူများက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ မခိုင်နှင်းဝေသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ၉၄ ရပ်ကွက်၊ အေ(၆)လမ်း၊ တိုက်(၁၁)၊ အခန်း(၄ဝ၂) တွင် ယခုနှစ်မေ လဆန်းက အိမ်အကူအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၎င်းကိုနှိပ်စက်ကြောင်း အိမ်နီးချင်းတို့က ရိပ်မိကာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်တို့က သွားရောက်စစ်ဆေးပြီး အိမ်ရှင်နှစ်ဦးကို ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့ကြောင်း သိရသည်။ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံက ဒေါက်တာဆန်းလင်းက မခိုင်နှင်းဝေ ဆေးရုံရောက်လာပြီး တစ်ပတ်ခန့် အကြာတွင် မျက်နှာဒဏ်ရာမှလွဲပြီး ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများသည် အသားပြန်ဖြစ်သွားရာ ပြဋ္ဌာန်းထားသည့် ဥပဒေအရ သာမန်နာကျင်စေမှုဒဏ်ရာများတွင်သာ အကျုံးဝင်သည့်အတွက် ဆေးစာတွင် သာမန်ဒဏ်ရာဟုသာ ရေးသားရခြင်းဖြစ်ကြောင်း ပြောသည်။ စံပြဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှကလည်း မခိုင်နှင်းဝေ မျက်နှာပေါ်မှ ဒဏ်ရာကို တစ်လကျော်ကြာ စောင့်ကြည့်ပြီးမှ အပြီးသတ် မှတ်ချက်ပေးနိုင်မည် ဖြစ်ရာ ဇူလိုင် ၂၁ ရက်နေ့တွင် ဆေးရုံဘုတ်အဖွဲ့က အပြီးသတ် ဆုံးဖြတ်ပြီးနောက် အပြင်းအထန်ဒဏ်ရာမြောက်ကြောင်း ဆေးစာမှတ်ချက်ကို မြို့နယ်ရဲတပ်ဖွဲ့သို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။ စံပြဆေးရုံမှ မှုခင်းဆရာဝန် ဒေါက်တာရဲဝင်းက ဆေးစာမှတ်ချက်ကို စည်းကမ်းချက်အတိုင်းသာ ရေးသားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “ကျွန်တော်တို့မှတ်ချက်ပြုတယ်ဆိုတာက ဒဏ်ရာ၊ အမာရွတ် စတာတွေကိုပဲကြည့်ပြီး ဆေးစာမှတ်ချက်ပြုလို့ရတာ။ နောက်တစ်ခုက ကျွန်တော်တို့ဆေးစာမှာ ဒဏ်ရာအမျိုးအစား ခွဲခြားတာမှာလည်း ပုဒ်မ ၃၂ဝ မှာ ပြဋ္ဌာန်းထားတဲ့ အချက် ၈ ချက်နဲ့ လွတ်လို့ မရဘူး။ မီးပူနဲ့ကပ်တယ်ဆိုတဲ့ ဒဏ်ရာဆိုရင်လည်း အပူလောင်လို့ရတဲ့ဒဏ်ရာလို့ပဲ ကျွန်တော်တို့ဘက်က ပြောလို့ရတယ်။ မီးပူကြောင့်လို့ သုံးနှုန်းလို့ မရဘူး။ တစ်ခုတော့ပြောလို့ရတယ်၊ ဒီဒဏ်ရာတွေက ရည်ရွယ်ချက်ရှိရှိနဲ့လုပ်လို့ ရတဲ့ဒဏ်ရာပဲ၊ သာမန် ခိုက်ရန်ဖြစ်လို့ရတဲ့ ဒဏ်ရာ မဟုတ်ဘူးလို့တော့ ဆိုနိုင်တယ်” ဟု ဒေါက်တာရဲဝင်းက ဆိုသည်။ ပုဒ်မ ၃၂ဝ တွင်ပြဌာန်းထားသော အပြင်းအထန်နာကျင်စေမှုများတွင် လူကိုသင်းကွပ်ခြင်း၊ လူ၏ မျက်စိတစ်ဖက်ဖက် ကို အမြဲမမြင်အောင်ပြုခြင်း၊ လူ၏နားတဖက်ဖက်ကို အမြဲမကြားအောင်ပြုခြင်း၊ ကိုယ်လက်အင်္ဂါအဆစ်အမျက်တစ်ခုခုကို ကျိုးပဲ့ပျက်စီးအောင်ပြုခြင်း၊ ကိုယ်လက်အင်္ဂါ အဆစ်အမျက်တစ်ခုခု၏ အင်အားကို ဖျက်ဆီးခြင်း သို့မဟုတ် အမြဲချို့တဲ့ အောင်ပြုခြင်း၊ ဦးခေါင်းကိုဖြစ်စေ မျက်နှာကိုဖြစ်စေ အမြဲအရုပ်အဆင်းပျက်အောင်ပြုခြင်း၊ အရိုးကိုဖြစ်စေ သွားကိုဖြစ်စေ ကျိုးအက်ကွဲအောင်ဖြစ်စေ တိမ်းလွဲအောင်ဖြစ်စေပြုခြင်း၊ အသက်ကိုအန္တရာယ်ဖြစ်စေရန် သိုတည်းမဟုတ် နာကျင်ခံရသူ သည် ရက်ပေါင်း ၂ဝ အတွင်း ကိုယ်အင်္ဂါအပြင်းအထန် ဝေဒနာခံစားရရန် သို့တည်းမဟုတ် ရက်ပေါင်း ၂ဝ အတွင်း မိမိ လုပ်ဆောင်မြဲအလုပ်အကိုင်တို့ကို မလုပ်ကိုင်နိုင်စေရန် နာကျင်စေခြင်း စသည့် အချက် ၈ ခု ပါဝင်သည်။ ဆေးဝါးကုသမှုစရိတ် ဇူလိုင် ၂၄ တရားခွင်တွင် အိမ်ရှင်တို့၏ရှေ့နေ ဦးအုန်းညွန့်က ၎င်း၏အမှုသည်တို့က ဆေးကုသစရိတ် အတွက် ကျပ် ၂၈ သိန်း ထောက်ပံ့ရာ မခိုင်နှင်းဝေ၏ အဘွား ဒေါ်ခင်သန်း လက်ခံခဲ့သည်ဟု ပြောသည်။ “ဇွန်လ ၁၆ ရက်နေ့က ကျပ် ၂၈ သိန်းကို သူ့ရှေ့မှာပဲ အုပ်ထိန်းသူ သူ့အဘွားက ကြည်ကြည်ဖြူဖြူနဲ့ လက်ခံခဲ့တယ်။ သူတို့ မတိုင်ပါဘူး၊ ဘာမှမလုပ်ပါဘူး ဆိုပြီး ငွေလက်ခံတဲ့စာချုပ်ကို ချုပ်ခဲ့ကြတာ။ ကျွန်တော့်မှာ စာချုပ်အထောက်အထား ရှိတယ်” ဟု ရှေ့နေဦးအုန်းညွန့်က ပြောသည်။ အမှုကို သြဂုတ် ၈ ရက်နေ့တွင် ဆက်လက် စစ်ဆေးမည်ဖြစ်သည်။ ထက်ခေါင်လင်း/Myanmar Now http://www.myanmar-now.org/my
" ခေါင်းကိုက်တယ်" ဆိုတဲ့ အသုံးအနှုန်းကို လူတော်တော်များများဟာ မကြာခဏပြောလေ့ရှိပါတယ်။ ခေါင်းကိုက်ခြင်းတွေဟာလဲ လူတွေကို တော်တော်လေးကို စိတ်အနှောက်အယှက်ဖြစ်အောင်၊ နေထိုင်ရခက်အောင် စွမ်းဆောင်နိုင်ပါတယ်။ ခေါင်းကိုက်တယ်ဆိုတဲ့နေရာမှာလည်း ခေါင်းကိုက်တဲ့ ပုံစံအမျိုးမျိုး၊ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။
ရာသီဥတု ပူလွန်း၊ အေးလွန်းရင်ခေါင်းကိုက်ကြတယ်၊ စိတ်ဖိဆီးမှုတွေများလွန်းရင် ခေါင်းကိုက်ကြတယ်၊ ပင်ပန်းလွန်းရင်ခေါင်းကိုက်ကြတယ်၊ ဖျားနာတဲ့အခါခေါင်းကိုက်ကြတယ်၊ သွေးတိုးရင်၊ အကြောတွေတက်လွန်းရင် ခေါင်းကိုက်ကြတယ် စသည်ဖြင့် ခေါင်းကိုက်တဲ့အကြောင်းရင်းတွေအ မျိုးမျိုးရှိတတ်ကြပါတယ်။ ခေါင်းကိုက်တဲ့ပုံစံတွေမှာဆိုရင်လည်း ခေါင်းတစ်ခုလုံး အုံပြီးကိုက်တယ်၊ ခေါင်းရဲ့အစိတ်အပိုင်း တစ်ခုစီကနေပြီး တဒုတ်ဒုတ်နဲ့ ထိုးပြီးကိုက်တယ် စသည်ဖြင့် လူတစ်ယောက်နဲ့ တစ်ယောက်၊ တစ်ချိန်နဲ့ တစ်ချိန် ခေါင်းကိုက်တဲ့ ပုံတွေမတူတတ်ကြပါဘူး။ ဒါပေမယ့် ဒါတွေဟာ အကြောင်းရင်းတစ်ခုခုကြောင့် ခဏ၊ ယာယီ ဖြစ်တဲ့ခေါင်းကိုက်ခြင်းတွေဖြစ် ပြီး ခေါင်းကိုက်ရောဂါတွေ မဟုတ်တဲ့အတွက် စိတ်သက်သာစေမယ့် အနားယူမှုတွေ၊ ကိုယ့်ကိုခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေ ကိုရှောင်ရှားမယ်ဆိုရင် ခေါင်းကိုက်ခြင်းတွေမဖြစ်အောင်ကာကွယ်တားဆီးလို့  ရပါတယ်။
အခု ကျွန်မတင်ပြပေးမယ့် Migraine Headache (မိုင်ဂရိမ်း) လို့ ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဆိုတာကတော့ သာမန် ကျွန်မတို့  ကြုံတွေ့ နေရလေ့ရှိတဲ့ ခေါင်းကိုက်ခြင်းတွေနဲ့ မတူတဲ့ ဦးဏှောက်နဲ့ ဆိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီခေါင်းကိုက်ရောဂါ ဘယ်လိုဖြစ်ရတာလဲဆိုတော့ ဦးဏှောက်ကို သွေးအထောက်အပံ့ပေးတဲ့သွေးကြောလေးတွေကျယ်လာပြီး အဲ့ဒိကျယ်နေတဲ့သွေးကြောလေးတွေကေ န ရောင်ယမ်းမှုတွေကိုဖြစ်ပေါ်စေတဲ့ ဓာတ်တစ်မျိုးကိုထုတ်လွှတ်ပေးတဲ့အ တွက် ဦးနှောက်မှာရှိတဲ့ Trigeminal Nerve လို့ ခေါ်တဲ့ အာရုံကြောအဖွဲ့  အစည်းလေးဟာ ရောင်ယမ်းလာပါတယ်။ အဲ့ဒီ အာရုံကြောရောင်ယမ်းခြင်းတွေကြော င့် လူတွေဟာ အမြင်အာရုံေ၀၀ါးခြင်း၊ အလင်းရောင်ကိုခံနိုင်ရည်မရှိခြင်း၊ အော့အန်ခြင်း တွေနဲ့ အတူ ခေါင်းတစ်ခြမ်းဟာ ပြင်းပြင်းထန်ထန်ကိုက်ပါတော့တယ် ။ ဒီလို လက္ခဏာတွေနဲ့ အတူ ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုတော့  Migraine Headache ခေါင်းတစ်ခြမ်းကိုက်ရောဂါလို့ ခေါ်ပါတယ်။
အဲ့ဒီ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိတဲ့ လူတွေဟာ အမြဲတမ်းခေါင်းကိုက်နေတာမျိုးတော့မဟုတ်ပါဘူး။ တစ်ခြားနာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဂေါက်ရောဂါတွေလိုပါပဲ။ အစားအသောက်အနေအထိုင်တွေပေါ်မှာမူ တည်ပြီး ရောဂါပြန်ထလာတတ်တာမျိုးပါ။ သာမန် အချိန်တွေမှာတော့ ပုံမှန်အတိုင်းရှိနေပြီး ရောဂါထလာပြီဆိုတော့မှ မနေနိုင်၊ မထိုင်နိုင်လောက်အောင် အော့၊ အန်ပြီးခေါင်းကိုက်တတ်ကြတာပါ။ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါရဲ့ လက္ခဏာတွေကို ယေဘူယျ အားဖြင့် အပိုင်းလေးပိုင်းခွဲခြားထားပါတယ်။ ပထမဆုံး စဖြစ်တဲ့ အပိုင်းကို Prodrome ( အစပျိုးချိန်)၊ နောက်တစ်ဆင့်ကိုတော့ Aura (ေ၀၀ါးချိန်)၊ Attack ( ထိုးနှက်တိုက်ခိုက်ခံရချိန် <သို့ မဟုတ်> ခေါင်းကိုက်ချိန်) နဲ့  နောက်ဆုံးအဆင့် Postdrome (ကျော်လွှားပြီးချိန်) ဆိုပြီး ဖြစ်ပါတယ်။
Prodrome (အစပျိုးချိန်) ဆိုတာကတော့ ခေါင်းမကိုက်ခင် တစ်ရက်၊ နှစ်ရက်အလိုမှာ သိမ်မွေ့ တဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့ ၀မ်းချုပ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အစာစားချင်စိတ်ပြင်းပြခြင်း၊ စိတ်တိုဒေါသထွက်လွယ်ခြင်း၊ ဂဏာမငြိမ်ခြင်း၊ ဇက်ကြောတက်ခြင်း နဲ့  မကြာခဏသမ်းဝေခြင်းတွေဖြစ်လာတတ်ပါတယ်။ Aura (ေ၀၀ါးချိန်) ဆိုတာကတော့ ခေါင်းမကိုက်ခင်အချိန်ရော၊ ခေါင်းကိုက်နေတဲ့ အချိန်တွေမှာရောဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ သော ဝေဒနာရှင်တွေမှာတော့ Aura အဆင့်ကိုမကြုံတွေရပါဘူး။ ဒီအဆင့် ကိုကြုံတွေ့  ရတတ်တဲ့လူတွေမှာတော့ လက္ခဏာတွေဟာ ဖြည်းဖြည်းချင်းပြတတ်ပြီး လက္ခဏာပြတဲ့ အချိန်တွေဟာ မိနစ် ၂၀ ကနေ တစ်နာရီအထိကြာတတ်ပါတယ်။ Aura အဆင့်မှာတော့ ဝေဒနာရှင်ဟာ အမြင်အာရုံေ၀၀ါးခြင်း၊ အမြင်အာရုံထဲမှာ အလင်းတန်းများ၊ အရိပ်များ၊ အစက်အပြောက်များ မြင်တွေ့ နေရခြင်း သို့ မဟုတ် အမြင်အာရုံပျောက်သွားခြင်း၊ လက်မောင်း နဲ့ ခြေထောက်များမှာ အပ်နဲ့ ထိုးသလိုစူးရှတဲ့ ခံစားမှုများခံစားရခြင်း၊ စကားပြောရန်ခက်ခက်ခြင်း စတဲ့ လက္ခဏာတွေကို ကြုံတွေ့ ရလေ့ရှိပါတယ်။ Attack လို့ ခေါ်တဲ့ ရောဂါရဲ့တိုက်ခိုက်မှုကိုခံစားေ နရတဲ့ ခေါင်းကိုက်ချိန်တွေမှာတော့ ဝေဒနာရှင် ဟာခေါင်းရဲ့ တစ်ဖက်ခြမ်း( တစ်ခါတစ်ရံမှာတော့ နှစ်ဖက်လုံး) မှာ ပြင်းထန်တဲ့ ကိုက်ခဲမှုကိုခံစားရပါတယ်။ ခေါင်းကိုက်တဲ့ပုံစံကတော့ တဒုတ်ဒုတ်နဲ့ ထိုးကိုက်တာမျိုးဖြစ်ပြီးတော့ ခေါင်းကိုက်ခြင်းရဲ့နောက်ဆက်တွဲ အနေနဲ့ အလင်းရောင်တွေ အနံ့ တွေကို ခံနိုင်ရည်မရှိပဲ အော့အန်ခြင်းတွေပါ ပါလာနိုင်ပါတယ်။ အကယ်၍ ဒီအဆင့်မှာ ရောဂါကိုကုသခြင်းမရှိဘူးဆိုရင်ေ တာ့ ခေါင်းကိုက်ခြင်းဟာ ၃ရက်လောက်အထိကြာရှည်နေတတ်ပါတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ Postdrome အဆင့်ကတော့ ခေါင်းကိုက်ခြင်းအဆင့်ကျော်လွန် ပြီးတဲ့နောက်မှာ ဝေဒနာရှင်ဟာ ပင်ပန်း၊ နုံးချိပြီး ကျန်နေခဲ့တဲ့ အဆင့်ကိုဆိုလိုတာပါ။
အထက်မှာ ပြောခဲ့သလိုပါပဲ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါထစေတဲ့ အကြောင်းရင်းတွေကို ကြုံတွေ့ ခဲ့မယ်ဆိုရင် ရောဂါဟာ ပြန်ပြန်ထလာမှာပဲဖြစ်ပါတယ်။ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြန်ထစေတဲ့  အကြောင်းရင်းတွေကတော့..
၁။ ပုံမှန်မဟုတ်သော အိပ်စက်ခြင်းများ ဥပမာ အရမ်းအိပ်လွန်းခြင်း သို့ မဟုတ် အိပ်ရေးပျက်ခြင်းစတဲ့ အိပ်စက်ချိန်ပုံမှန်မရှိခြင်းတွေဟာ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပိုဆိုးစေတတ်ပါတယ်။
၂။ ပူပင်သောက နှင့် စိတ်ဖိဆီးမှုများ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေဖြစ်တဲ့ စိုးရိမ်ပူပင်သောကတွေ နဲ့ စိတ်ဖိဆီးမှုတွေဟာလည်း Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြန်ထစေတတ်ပါတယ်။
၃။ ဟော်မုန်းအပြောင်းအလဲများ အမျိုးသမီးတွေမှာတော့ အီစထရိုဂျင်ဟော်မုန်းအပြောင်းအလဲကိုကြုံတွေ့ ရတဲ့အချိန်တွေမှာ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါပြန်ထတ တ်ပါတယ်။ ဟော်မုန်းပြောင်းလဲတဲ့ အချိန်တွေကတော့ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့  သွေးဆုံးချိန်တွေပါပဲ။
၎။ အနံ့ များ ပြင်းထန်တဲ့ အနံ့ တွေနဲ့ ဆေးလိပ်ငွေ့ ၊ မီးခိုးငွေ့ တွေဟာလည်း Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြန်ထစေပါတယ်။
၅။ ဆေးဝါးများ သန္ဓေတားဆေးတွေနဲ့ ဟော်မုန်း အစားထိုးကုထုံးမှာသုံးတဲ့ဆေးတွေ ဟာ အီစထရိုဂျင်ဟော်မုန်းတွေပါတဲ့အတွက် ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြန်ထစေပါတယ်။ သွေးကြောတွေကို ကျယ်အောင်လှုံ့  ဆော်ပေးတဲ့ဆေးတွေဟာလည်း ဦးနှောက်မှာရှိတဲ့ သွေးကြောလေးတွေကိုပါ ကျယ်အောင်လှုံ့ ဆော်ပေးတဲ့အတွက် Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိနေတဲ့ လူတွေကို ရောဂါပြန်ထအောင်လှု့ံဆော်ပေးပါတယ်။
၆။ ကိုယ်လက်လှုပ်ရှားမှုများ ပင်ပင်ပန်းပန်းလုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေဟာလည်း Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြန်ထစေတတ်ပါတယ်။
၇။ အစားအသောက်များ ဆားများတဲ့အစားအသောက်တွေ၊ အချိုမှုန့် တွေ၊ တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအသောက်တွေ၊ သတ်မှတ်ချိန်ကျော်လွန်နေတဲ့ ဒိန်ခဲတွေ၊ အရက်၊ ၀ိုင် နဲ့ ကဖင်းဓာတ်များတဲ့ အရည်တွေဟာလည်း Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုပြန်ထစေနိုင်ပါတယ်။
ဒါတွေတင်မကသေးပါဘူး ခန္ဓာကိုယ်အတွင်း သကြားဓာတ်နည်းစေတဲ့အပြုအမူဖြစ်တဲ့ အစားမစားပဲ အချိန်ကြာအောင်နေခြင်း၊ ရာသီဥတုအပြောင်းအလဲ၊ အပူချိန်အပြောင်းအလဲ၊ စူးရှတဲ့အလင်းရောင်တွေနဲ့ ဆူညံသံတွေဟာလည်း Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို လှုံ့  ဆော်ပေးနိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါဆိုတာဟာ သာမန်ခေါင်းကိုက်ခြင်းတွေနဲ့ မတူတဲ့ နာတာရှည်ရောဂါတစ်ခုပါ။ ဒါကြောင့် မိမိဟာ မကြာခဏခေါင်းကိုက်တတ်တယ်၊ ခေါင်းကိုက်ရင်လဲ အထက်မှာဖတ်ခဲ့ရတဲ့ ဝေဒနာတွေကိုခံစားရတယ်ဆိုရင်တော့ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုခံစားနေရပြီလား၊ ဆေးကုသမှုခံယူဖို့ လိုနေပြီလားဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်လို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။
မေသူ-သံတွဲ (ဆေးဝါးတက္ကသိုလ်)........
ရာသီဥတု ပူလွန်း၊ အေးလွန်းရင်ခေါင်းကိုက်ကြတယ်၊ စိတ်ဖိဆီးမှုတွေများလွန်းရင် ခေါင်းကိုက်ကြတယ်၊ ပင်ပန်းလွန်းရင်ခေါင်းကိုက်ကြတယ
အခု ကျွန်မတင်ပြပေးမယ့် Migraine Headache (မိုင်ဂရိမ်း) လို့ ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဆိုတာကတော့ သာမန် ကျွန်မတို့  ကြုံတွေ့ နေရလေ့ရှိတဲ့ ခေါင်းကိုက်ခြင်းတွေနဲ့ မတူတဲ့ ဦးဏှောက်နဲ့ ဆိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ
အဲ့ဒီ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိတဲ့
Prodrome (အစပျိုးချိန်) ဆိုတာကတော့ ခေါင်းမကိုက်ခင် တစ်ရက်၊ နှစ်ရက်အလိုမှာ သိမ်မွေ့ တဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့ ၀မ်းချုပ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အစာစားချင်စိတ်ပြင်းပြခြင်း၊ စိတ်တိုဒေါသထွက်လွယ်ခြင်း၊ ဂဏာမငြိမ်ခြင်း၊ ဇက်ကြောတက်ခြင်း နဲ့  မကြာခဏသမ်းဝေခြင်းတွေဖြစ်လာတတ်ပ
အထက်မှာ ပြောခဲ့သလိုပါပဲ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါထစေတဲ့ အကြောင်းရင်းတွေကို ကြုံတွေ့ ခဲ့မယ်ဆိုရင် ရောဂါဟာ ပြန်ပြန်ထလာမှာပဲဖြစ်ပါတယ်။ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြန်ထစေတဲ့  အကြောင်းရင်းတွေကတော့..
၁။ ပုံမှန်မဟုတ်သော အိပ်စက်ခြင်းများ ဥပမာ အရမ်းအိပ်လွန်းခြင်း သို့ မဟုတ် အိပ်ရေးပျက်ခြင်းစတဲ့ အိပ်စက်ချိန်ပုံမှန်မရှိခြင်းတေ
၂။ ပူပင်သောက နှင့် စိတ်ဖိဆီးမှုများ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေဖြစ်တဲ့ စိုးရိမ်ပူပင်သောကတွေ နဲ့ စိတ်ဖိဆီးမှုတွေဟာလည်း Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြန်ထစေတတ်ပါတယ်။
၃။ ဟော်မုန်းအပြောင်းအလဲများ အမျိုးသမီးတွေမှာတော့ အီစထရိုဂျင်ဟော်မုန်းအပြောင်းအလ
၎။ အနံ့ များ ပြင်းထန်တဲ့ အနံ့ တွေနဲ့ ဆေးလိပ်ငွေ့ ၊ မီးခိုးငွေ့ တွေဟာလည်း Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြန်ထစေပါတယ်။
၅။ ဆေးဝါးများ သန္ဓေတားဆေးတွေနဲ့ ဟော်မုန်း အစားထိုးကုထုံးမှာသုံးတဲ့ဆေးတွေ
၆။ ကိုယ်လက်လှုပ်ရှားမှုများ ပင်ပင်ပန်းပန်းလုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေဟာလည်း Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပြန်ထစေတတ်ပါတယ်။
၇။ အစားအသောက်များ ဆားများတဲ့အစားအသောက်တွေ၊ အချိုမှုန့် တွေ၊ တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအသောက်တွေ၊ သတ်မှတ်ချိန်ကျော်လွန်နေတဲ့ ဒိန်ခဲတွေ၊ အရက်၊ ၀ိုင် နဲ့ ကဖင်းဓာတ်များတဲ့ အရည်တွေဟာလည်း Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုပြန
ဒါတွေတင်မကသေးပါဘူး ခန္ဓာကိုယ်အတွင်း သကြားဓာတ်နည်းစေတဲ့အပြုအမူဖြစ်တ
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါဆိုတာဟ
မေသူ-သံတွဲ (ဆေးဝါးတက္ကသိုလ်)........
Comments
Post a Comment