ဒီလိုလွယ်လွယ်ကူကူရနိုင်တဲ့ မီးဖိုချောင်ပစ္စည်း ၂မျိုးနဲ့ သွားတွေကို
ဖြူစင်စေနိုင်ပါတယ် ။ ခွက်သေးသေးတစ်ခုထဲသို့ Baking Soda နှင့်
သံပုယိုရည်ကို ပြထားသော ပမာဏအတိုင်း ရောထည့်ပြီး နှံ့အောင် မွှေပေးပါ ။
ထို့နောက် ဂွမ်းဖြင့်စွတ်ပြီး သွားတွေကို မိနစ်အနည်းငယ်ကြာ ပွတ်တိုက်ပေးပါ ။
၅မိနစ်ခန့် ထားပြီးလျှင်တော့ ရေအေးဖြင့် ပလုပ်ကျင်းဆေးကြောပါ။ သံပုယိုရည်က သဘာဝ သန့်စင်စေတဲ့ အစွမ်းသတ္တိတွေရှိပြီး baking soda မှာတော့ ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ် ။ ဒီနည်းလမ်းကို တစ်ပါတ်လျှင် ၃ကြိမ်ခန့် အနည်းဆုံး ပြုလုပ်ပေးပါ ။
ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)........

Comments
Post a Comment