စပိန်နိုင်ငံ ဘာစီလိုးနား မြို့လယ်က တိုးရစ်တွေအလာများတဲ့ နေရာ လူသွားလမ်းမကြီးပေါ်ကို ဗင်ကားတစီးက လူအုပ်ထဲအတင်း ဝင်တိုက်ခိုက်လို့ လူပေါင်း ၁၃ယောက်ထက် မနည်းသေဆုံးခဲ့ပြီး လူပေါင်း၁၀၀ကျော် ဒဏ်ရာရရှိသွားပါတယ်။
ဒါနဲ့ပတ်သက်လို့ စပိန်ဝန်ကြီးချုပ်က ဂျီဟတ်ဝါဒီ အကြမ်းဖက် သမားတွေကို ပြစ်တင်လိုက်ပါတယ်။
ဆိပ်ကမ်းမြို့ ကမ်ဘရီလ်မှာ ရဲစစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားလို့ မသင်္ကာသူ ၄ဦးကို ရဲက အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာ အိုင်အက် အစ္စလမ်မစ် စစ်သွေးကြွအဖွဲ့ကတော့ သူတို့ရဲ့စစ်သားတွေက တိုက်တာလို့ပြောပေမယ့် အိုင်အက်စ် အဖွဲ့နဲ့တိုက်ရိုက် ဆက်သွယ်မှု ရှိသလား ဒါမှမဟုတ် အဖွဲ့ကလှုံ့ဆော်မှုကို လိုက်လုပ်တာလား ဆိုတာကတော့ သိပ်မရှင်းပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အာဏာပိုင် တွေဖက်ကတော့ ဒီလိုနည်းလမ်းမျိုးနဲ့ နောက်ထပ် တိုက်ခိုက်လာနိုင်တဲ့ အနေအထားမျိုးကို ပိုကာကွယ်နိုင်အောင် ကြိုးစားလာမှာ ဖြစ်တယ်လို့ ဘီဘီစီလုံခြုံရေး ဆိုင်ရာသတင်းထောက် ဂေါ်ဒင်ကိုရီရာက ပြောသွားပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese/........
Comments
Post a Comment