ထိုင်းနိုင်ငံ ပထုန်ဌာနီ ခရိုင်ရှိ အသားလုံးလုပ်ငန်းစက်ရုံ တွင်
အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၅၀ ကျော်သည် အလုပ်သမားအခွင့်အရေးချိုး
ဖောက်ခံရခြင်းကြောင့် ဆန္ဒပြ တောင်းဆိုရာ ထိုင်းအလုပ်ရှင်က
လိုက်လျောခဲ့သည်။
အဆိုပါ အသားလုံးစက်ရုံ တွင် မြန်မာလုပ်သား ၂၀၀ ကျော် ရှိရာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် မြန်မာလုပ်သား ၁၅၀ ကျော်က ဩဂုတ် ၃၁ ရက်၌ ဆန္ဒပြတောင်းဆိုသည်။
အချိန်ပိုကြေးအတွက် တစ် နာရီ ဘတ်ငွေ ၄၀ သာပေးခြင်း၊ စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် လုပ်အားခမရရှိခြင်း၊ အစိုးရရုံး ပိတ်ရက်များတွင် လုပ်အားခမရရှိ ခြင်းနှင့် အိမ်သာတက်လျှင် တစ် မိနစ်ကျော်ပါက ဘတ်ငွေ ၃၁၀ ဖြတ်တောက်ခြင်းတို့ကြောင့် ဆန္ဒ ပြတောင်းဆိုရာ ထိုင်းအလုပ်ရှင် က လိုက်လျောခဲ့ကြောင်း ယင်းဆန္ဒပြတောင်းဆိုမှုကို ဖြေရှင်းပေးနေသော AAC မဟာမိတ်အဖွဲ့မှ ဦးရဲမင်းက ပြောသည်။
‘‘MoU လုပ်ဖို့အတွက် ဘတ် ငွေတစ်သောင်းလောက် ကုန်ကျ မှာကို သူတို့က နှစ်သောင်း လောက်ဖြတ်ထားတယ်။ အဲဒါ တွေ လိုက်လျောပေးမယ်လို့ အ လုပ်ရှင်က သဘောတူလိုက်တာ ပါ’’ဟု ဦးရဲမင်းက ပြောသည်။
ထိုင်းစက်ရုံ ပိုင်ရှင်သည် ဩဂုတ် ၃၀ ရက်က မြန်မာလုပ် သားသုံးဦးကို စက်ပစ္စည်းခိုးယူ သည်ဟု စွပ်စွဲကာ ရဲခေါ်၍ ဖမ်းဆီးစေရာမှတစ်ဆင့် မကျေနပ်သောကြောင့် မြန်မာလုပ်သားများက ယင်းကိစ္စအပါအဝင် အလုပ်သမားအခွင့်အရေးချိုး ဖောက်ခံရမှုများကို ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
ဩဂုတ် ၁၀ ရက်က ထိုင်း နိုင်ငံ ကန်ချနပူရီခရိုင်ရှိ နာနတ်သီးစက်ရုံတွင် အလုပ်လုပ်ကိုင်နေ သော မြန်မာလုပ်သား ၄၀၀ ကျော် သည် လုပ်အားခပုံမှန်မရရှိသဖြင့် နှစ်ရက်ဆက်တိုက် အလုပ်မဆင်း ဘဲ ဆန္ဒပြတောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ် ၁ ရက် ကလည်း ဖက်ဘူရီခရိုင် ချအမ် ပင်လယ်ကမ်းခြေမှ ရှစ်ထပ်အ မြင့်ရှိ ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းတွင် လုပ်ကိုင်နေသော မြန်မာလုပ်သား ၅၀ ကျော်နှင့် ကမ္ဘောဒီးယားနိုင်ငံသားများအပါ အဝင် လုပ်သား ၂၀၀ ကျော်ကို လုပ်အားခမပေးဘဲ အလုပ်မှ ထုတ်ပယ်သောကြောင့် မြန်မာ လုပ်သားများက အလုပ်ရှင်ကို အမှုဖွင့်တိုင်ကြားခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7 DayDaily........

Comments
Post a Comment