ထိုင်းကို ၂ ဂိုး ၁ ဂိုးဖြင့် သွားရောက် အနိုင်ယူခဲ့သည့် မြန်မာ ယူ ၁၈ အသင်း

့ သြဂုတ်လ ၂၇ ရက်နေ့ ထိုင်းနိုင်ငံ၊ စမွတ်ပါရကန်ပြည်နယ် ဘန်ဘိုခရိုင်တွင် ထိုင်းယူ ၁၈ အသင်းနှင့် ခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာယူ ၁၈ အသင်းသည် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာအသင်းက အနီရောင်ဂျာစီဝတ်ဆင်ကစားခဲ့ပြီး၊ ထိုင်းအသင်းကတော့ အနက်ရောင်ဖြင့် ကစားခဲ့သည်။ ပထမပိုင်းတွင် ဘယ်အသင်းကမှ ဂိုးမသွင်းယူနိုင်ခဲ့ပေ။

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက ခြေစွမ်းပြခဲ့သည်။ မိနစ် ၈ဝ တွင် လွင်မိုးအောင်က ဗွေဆော်ဦး ဂိုးသွင်းယူလိုက်သည်။ ထိုနောက် မိနစ် ၉ဝ ပြည့်သွားခဲ့သည်။ အချိန်ပို ပထမဆုံးမိနစ်တွင် စိုးမိုးကျော်က နောက်ထပ် အနိုင်ဂိုး ၁ ဂိုးသွင်းယူခဲ့ပြန်သည်။

တကယ်တော့ ဒီပွဲမှာ ထိုင်းအသင်းအနေနဲ့ တစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ပါဘူး။ ၁ – ၂ ဆိုတာကတော့ မြန်မာအသင်းမှ ပြည့်စုံနိုင်ငံက ၈၃ မိနစ်တွင် ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့ခြင်းကြောင့်ဖြစ်သည်။

သြဂုတ်လ ၂၆ ရက်နေ့က မလေးရှားဆီးဂိမ်း အကြိုဗိုလ်လုပွဲတွင် မြန်မာ ယူ ၂၂ အသင်းက ထိုင်းယူ ၂၂ အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် နောက်ဆုံးမိနစ်တွင် ရှုံးခဲ့သည်။ မြန်မာတစ်နိုင်ငံလုံး ရင်ထုမနာ ဖြစ်ခဲ့ကြရသည်။

အချို့ကလည်း မြန်မာ ဘောလုံးကစားသမားများသည့် အသစ်တွင် အလားအလာရှိခဲ့ကြပြီး လက်ရွေးစင်ဘဝ ရောက်သွားသည့်အခါ အရည်အသွေးများ ကျဆင်းသည်ဟု အားမလိုအားမရ ဝေဖန်ကြသည်။ ထို့ကြောင့် ယခု အလားအလာကောင်းသော ယူ ၁၈ အသင်းကိုလည်း တခြား ယူများနှင့် မရောမိစေဖို့ ဆန္ဒရှိနေကြသူများလည်း တွေ့ရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint........

Comments