မြန်မာနိုင်ငံရှိ အဆင့်အမြင့်ဆုံး တက္ကသိုလ်များစာရင်း ကြေညာ

ယခုနှစ်တွင် မြန်မာတစ် နိုင်ငံလုံးရှိ အဆင့်အမြင့်ဆုံး တက္ကသိုလ်များစာရင်းကို ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမျိုးသိမ်းကြီးက သြဂုတ်နောက်ဆုံးပတ်တွင် ပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လုပ် ငန်း ညှိနှိုင်းအစည်းအဝေးတွင် ကြေညာခဲ့သည်။

တက္ကသိုလ်အဆင့် သတ် မှတ်ချက်များ စတင်ထုတ်ပြန် သည့် ပထမဆုံးနှစ်တွင် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၈ ခုအနက် မန္တလေး တက္ကသိုလ်က အဆင့် (၁)ရရှိပြီး ရန်ကုန်တက္ကသိုလ်က အဆင့် (၂)ရရှိခဲ့သည်။ နည်းပညာ တက္ကသိုလ်များတွင် ရန်ကုန်နည်း ပညာတက္ကသိုလ်က အဆင့်(၁)၊ မန္တလေးနည်းပညာတက္ကသိုလ်က အဆင့်(၂)ရရှိပြီး ကွန်ပျူတာ တက္ကသိုလ်များတွင် မန္တလေး ကွန်ပျူတာတက္ကသိုလ်က အဆင့် (၁)၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် က အဆင့်(၂)ရရှိသည်။ ပညာ ရေးကောလိပ် ၂၅ ခုအနက် ပုသိမ်ပညာရေးကောလိပ်က အဆင့်(၁)၊ မန္တလေးပညာရေး ကောလိပ်က အဆင့်(၂)အသီးသီးရရှိ သည်။ ဆေးနှင့် နှီးနွှယ်တက္ကသိုလ် များအုပ်စုတွင် ဆေးတက္ကသိုလ် (၁)ရန်ကုန်က အဆင့်(၁)နှင့် ဆေးတက္ကသိုလ်(မန္တလေး) က အဆင့်(၂) ရရှိသည်။

‘‘အုပ်စုအလိုက် တက္ကသိုလ် Ranking တွေ သတ်မှတ်ပေးတာ ပေါ့။ အရင်ကတော့ ဒီလိုအဆင့် သတ်မှတ်ချက် မထုတ်ပေးဘူး။ နိုင်ငံအတွက် လိုအပ်တာကြောင့် အမျိုးသားပညာရေးမူဝါဒ ကော် မရှင်က ဒီနှစ်စလုပ်ပေးတာပဲ’’ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

တက္ကသိုလ်များ၏ အဆင့် သတ်မှတ်ချက် (Ranking)ကို အ မျိုးသားပညာရေးမူဝါဒကော်မ ရှင်က ယခုနှစ်တွင် စတင်ထုတ် ပြန်ပေးခြင်းဖြစ်ပြီး ပညာရေးဝန် ကြီးဌာနအောက်ရှိ တက္ကသိုလ် များကို သုတေသနမေးခွန်းများ ပြုစုမေးမြန်းကာ တက္ကသိုလ်အမျိုးအစားအုပ်စုတစ်ခုချင်းအလိုက် အဆင့်များ သတ်မှတ်ခြင်းဖြစ်သည်။

အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အနေဖြင့် သုတေသန လုပ်ငန်း၊ သင်တန်းရေးရာ၊ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူအခြေအနေ၊ စီမံခန့်ခွဲရေး အ ခြေအနေဆိုင်ရာ အချက် ၃၆ ချက်ကို မြန်မာနိုင်ငံရှိ တက္ကသိုလ် ၁၅၀ ကျော်သို့ ပေးပို့ပြီး ပြန်လည် ဖြေကြားလာသည့် အခြေအနေ များကို အမှတ်ပေးကာ အဆင့်ခွဲ ခြား သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

‘‘ထိပ်ဆုံးမှာရှိတဲ့ ကျောင်း တွေကလည်း သူတို့ Ranking လျော့မသွားဖို့ ပိုပြီးကြိုးစားချင် စိတ်ရှိမယ်။ အဆင့်သတ်မှတ် ချက် အောက်ပိုင်းမှာရှိနေတဲ့ တက္ကသိုလ်တွေကလည်း သူတို့ လိုအပ်ချက်ကိုသိပြီး ကြိုးစားချင် စိတ်ရှိလာမှာပေါ့’’ဟု ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အောက်ရှိ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အ ရည်အသွေးအာမခံမှု အကဲဖြတ် ရေးကော်မတီ လုပ်ငန်းတာဝန် များတွင် တက္ကသိုလ်နှင့် အခြေခံ ပညာကျောင်းများ၏ အဆင့်သတ် မှတ်ခြင်း၊ သတ်မှတ်ထားသော အရည်အသွေးစံနှုန်းများ ပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးခြင်းတို့ ဆောင် ရွက်ရမည်ဟု ပါရှိသည်။ ယင်း ကော်မတီအနေဖြင့် တက္ကသိုလ် များ အဆင့်သတ်မှတ်ခြင်းကို ယခုနှစ်ကစကာ နှစ်စဉ်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတွင် တက္ကသိုလ် နှင့် ကောလိပ်များကို အဆင့်များ သတ်မှတ်ထုတ်ပြန်လေ့ရှိရာ ထိပ် တန်းစာရင်းဝင် တက္ကသိုလ်များ၊ သင်ကြားရေးဌာနများ၊ ဘွဲ့သင် တန်းများကို ပြည်သူများအလွယ် တကူ သိရှိနိုင်သည့်အပြင် ကျောင်း အချင်းချင်း ပြိုင်ဆိုင်မှုပြင်းထန် ကာ ပညာရေးအရည်အသွေး မြင့်မားမှုကို တွန်းအားတစ်ခုဖြစ် စေသည်ဟု ပညာရေးကျွမ်းကျင် သူများက သုံးသပ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၁၅၈ ခု ရှိသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily........

Comments