ကော့ကရိတ် သြဂုတ် ၎
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ကရိတ်-မြဝတီအာရှလမ်းမကြီး နတ်စင်ကွေ့အနီး ကီလိုမီတာ ၁၅၄နှင့်၁၅၅အကြားတွင် ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်စု (၇၁)မှ ရဲအုပ်စည်သူဆွေ၊ ရဲဒုတပ်ကြပ်တင်ထွန်းအောင်၊ မြို့မရဲစခန်း(ကော့ကရိတ်)မှ တာဝန်မှူးဒုရဲအုပ် ဝေလင်းဦးတို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၄ရက် ၀၁း၃၀အချိန် မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ယာဉ် မောင်းဝင်းလင်းအောင်(၂၁)နှစ်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)၊ ယာဉ်နောက်လိုက်ချစ်ကောင်း၊၁၈(နှစ်)၊ အုတ်တွင်းကျေးရွာ၊ တောင်သာမြို့နေသူတို့လိုက်ပါလာသော 9K/---- TSUZU နောက်တွဲ TLR/---- တွဲကား(၂၂)ဘီးယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာ ဘက်ခြမ်း၊ ကွန်ကရစ်လမ်းတံတားတုံးအား ဝင်ရောက်တိုက်မိပြီး လမ်းဘေးသို့ထိုးကျတိမ်းမှောက်သွားခဲ့ရာ ယာဉ်မောင်း ဝင်းလင်းအောင်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ဝဲလက်မောင်းကျိုး၊ ပါးစပ်သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ချစ်ကောင်းမှာ ဝဲပေါင်ပွန်းပဲ့၊ ယာဒူးပွန်းပဲ့၊ ယာလက်ပြင် ပွန်းပဲ့ဒဏ်ရာများရရှိကာ မြဝတီဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)ဖြင့် တက်ရောက်ကုသလျက်ရှိသည်။
သို့ဖြစ်ပါ၍ ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ မဆင်မခြင်မောင်းနှင်သူ ဝင်းလင်းအောင်(သေဆုံး)အား ဥပဒေအရ အရေးယူပေးပါရန် ရဲအုပ်စည်သူဆွေမှ တရားလိုပြုတိုင်တန်းခဲ့သဖြင့် ကော့ကရိတ်မြို့မရဲစခန်းမှ အမှုဖွင့်လှစ်ပြီး ဒုရဲအုပ်ဝေလင်းဦးမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စိုးထက်အောင်၊ တင်ဝင်းလှိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS........
Comments
Post a Comment