လယ်ကွင်းထဲကျင်စက်နှင့် ငါးရှာဖွေရာက ဓါတ်လိုက်သေဆုံးမှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းနယ်မြေရဲစခန်းအပိုင် လယ်ကွင်းထဲမှာ သြဂုတ်(၆)ရက် နံနက်(၉)နာရီ က ကျင်စက်နဲ့ ငါးရှာဖွေရာက လူတစ်ဦး ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 ဖြစ်စဉ်မှာ တောကျွဲအင်းမြို့ပအိုင့်ပိုင်းရပ်ကွက် ကွင်းအမှတ် (၃၀၀)သရက် နှစ်ပင်ကွင်းထဲမှာ ကျင်စက်နဲ့ ရှော့တိုက် ငါးဖမ်းရာက ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ မေးစေ့ဝဲဘက်ခြမ်း ညိုမဲဓါတ်လိုက် ဒဏ်ရာတစ်ချက် ရရှိကာ ကျင်စက်ကျောပိုးလွယ်ပြီး ပက်လက် အနေအထားနဲ့ သေဆုံးနေတာဖြစ်တယ်လို့သိရပါတယ်။


 သေဆုံးသူဟာ(၃၈)နှစ် အရွယ်ရှိ တောကျွဲအင်းမြို့ သံမဏိရပ်ကွက်မှာ နေထိုင်တဲ့ ကျဘမ်းလုပ်သူလို့သိရပြီး အလောင်းကို တောကျွဲအင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ တယ်လို့သိရပါတယ်။

 ဖြစ်စဉ်နဲ့ပတ်သက်ပြီး တောကျွဲအင်းနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၇ နဲ့အမှုဖွင့်အရေးယူဆောင် ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း) ကပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb/........

Comments