မနက်ထလာရင် ရေနွေးသောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို
သင်သိကောင်းသိလိမ့်မယ်။ နောက်ပြီး ပျားရည်ဟာ
အသားရေအတွက်အရမ်းကောင်းတယ်ဆိုတာ ကြာဖူးကောင်းကြားဖူးလိမ့်မယ်။
ဒါပေမယ့် ပျားရည်နဲ့ ရေနွေးနဲ့ရောသောက်ရင် ဘာတွေထူးခြားလာမလဲဆိုတာ ကြားဖူးကြရဲ့လား။ ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
ဝိတ်ချရာမှာ အသုံးဝင်တယ်
ပျားရည်မှာပါတဲ့ သကြားဓာတ်က သဘာဝဖြစ်တာကြောင့် ဝစေတယ်ဆိုတာ မဟုတ်ပါဘူး။ နောက်ပြီး အဲ့ဒီ သကြားဓာတ်က အချိုရည်ကြိုက်သူတွေအတွက် အစားထိုးသောက်သုံးပေးလို့ရတဲ့အတွက် ဝိတ်ချချင်တဲ့သူတွေအတွက် များစွာအထောက်အကူပြုပါတယ်။
ညတွင်းချင်းဖြစ်လာမဲ့အရာတော့မဟုတ်ပါဘူး။ ရေရှည်လုပ်ဆောင်ပေးဖို့တော့လိုအပ်ပါတယ်။
အစာခြေစနစ်ကို ကူညီပေးတယ်
မနက်ထထချင်း ရေနွေးထဲ ပျားရည်ထည့်သောက်ပေးခြင်းဖြင့် အစာအိမ်ထဲက အက်စစ်ဓာတ်တွေကို ဖြေဖျောက်ပေးသလို အစာအိမ်ကနေ အကျိအချွဲတွေထုတ်ပေးရာမှာလည်း အားပေးပါတယ်။ အဲ့တာကြောင့် အစာခြေမှုအားကောင်းလာစေပါတယ်။
လည်ချောင်းနာ ချောင်းဆိုးတာကို ကုသပေးတယ်
လည်ချောင်းနာတာတို့ လည်ချောင်းယားနေတာတို့ကို ကုသပေးသလို ချောင်းဆိုးတာကိုလည်း ပျောက်ကင်းစေပါတယ်။
🥃အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သံပုရာရည်နည်းနည်းရောသောက်ပေးရင် ပိုပြီးတော့ ထိရောက်မှုရှိလာပါလိမ့်မယ်။
ကိုယ်ခံအားကောင်းစေပါတယ်
ပျားရည်က အဆိပ်အတောက်ဖယ်ရှားပေးတဲ့အတွက် သင့်ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေက အလုပ်ကောင်းကောင်းလုပ်ဆောင်လာနိုင်ပါတယ်။
ဒါကြောင့် ခုခံအားလည်းကောင်းမွန်လာပါလိမ့်မယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: ThinkaytaHealth........

Comments
Post a Comment