မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာမှာ Messenger app ကို
သုံးမရတဲ့ ပြဿနာ ကြုံနေပါတယ်။ ဒါဟာ တစ်ပတ်အတွင်း Facebook ဆာဗာဒေါင်းပြီး
ဒုတိယအကြိမ် Facebook ရဲ့ စာပို့ အက်ပလီကေးရှင်း Messenger
ဒေါင်းသွားတာလည်း ဖြစ်ပါတယ်။

သုံးစွဲသူ သန်း ၁၂၀၀ ကျော် ရှိထားတဲ့ Messenger ဟာ Facebook နဲ့ ချိတ်ဆက်သုံးရတဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပြီး စာများ ၊ ဓါတ်ပုံနဲ့ ဗွီဒီယိုများကို အချင်းချင်း အပြန်အလှန် ပေးပို့ နိုင်ပါတယ်။ လောလောဆယ်မှာတော့ ဒီ အက်ပလီကေးရှင်းကနေ စာပို့ လို့ မရနိုင်သလို ဓါတ်ပုံနဲ့ ဗွီဒီယိုတွေလည်း ပို့ လို့ မရတဲ့ ပြဿနာကို သုံးစွဲသူ ထောင်ပေါင်း များစွာ ကြုံတွေ့ နေပါတယ်။
ဒီပြဿနာဟာ ယူကေနဲ့ ဥရောပတစ်ခွင်မှာ အဆိုးဆုံး ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် တစ်ခြားနိုင်ငံများမှာလည်း ကြုံတွေ့ နေတယ်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီယာတွေရဲ့ traffic ကို ဖော်ပြပေးနေတဲ့ DownDetector ဝက်ဘ်ဆိုက်မှ အချက်အလက်များအရ ဒီအက်ပ်ကို သုံးစွဲနေသူများရဲ့ ၅၃% ဟာ မက်ဆေ့ခ်ျတွေ ဖတ်လို့ မရဖြစ်နေပြီး ၄၆% ကတော့ Messenger ကနေ စကားပြောလို့ မရဘူးလို့ ဆိုပါတယ်။
Facebook သုံးသူ ထောင်ပေါင်းများစွာ log in ဝင်မရတဲ့ ပြဿနာ ဖြစ်နေ: မြန်မာနိုင်ငံမှာလည်း ကြုံခဲ့ပါတယ်။
Facebook သုံးသူ ထောင်ပေါင်းများစွာ log in ဝင်မရတဲ့ ပြဿနာ ဖြစ်နေ
မြန်မာနိုင်ငံမှာလည်း ကြုံခဲ့ပါတယ်။
Facebook အနေနဲ့ Messenger မှာ Live Location sharing feature သစ်ကို ထည့်ပြီးနောက် အခုလိုမျိုး Messenge ဒေါင်းသွားတဲ့ သတင်းတွေ ထွက်လာတာလည်း ဖြစ်ပါတယ်။ Liv Location ဟာ Messenger သုံးသူများရဲ့ တည်နေရာကို အချင်းချင်းသိအောင် လွှင့်ပေးသွားတဲ့ feature ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို သုံးမယ်ဆိုရင်တော့ စကားပြောထားတဲ့ chat message အထက်မှာပါတဲ့ location icon လေးကို နှိပ်ပြီး သုံးရမှာ ဖြစ်ပါတယ်။ ဒီ feature ကို မသုံးချင်ရင်တော့ Stop Sharing ခလုတ်ကိုနှိပ်ပြီး ပိတ်နိုင်ပါတယ်။

လောလောဆယ်မှာတော့ Messenger ဒေါင်းသွားတဲ့ ပြဿနာက နိုင်ငံအနှံ့ အပြားမှာ တက်နေပါတယ်။ ယခုတစ်ပတ်ထဲမှာပဲ Facebook နဲ့ Instagram တို့ ဒေါင်းသွားတာကြောင့် သုံးစွဲသူ ထောင်ပေါင်းများစွာ Log In ဝင်မရတဲ့ ပြဿနာ တွေ့ ခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: duwun........

Comments
Post a Comment