
မေး--> မင်္ဂလာပါညီလေးရေ။ ပထမဆုံးမေးချင်တဲ့မေးခွန်းက လာမယ့်အာဆီယံပြိုင်ပွဲမှာ ဘယ်လောက်အထိ မျှော်လင့်
ထားလဲ။
ဖြေ--> အမြင့်ဆုံးအထိ မျှော်လင့်ထားပါတယ်။ ဒီအတွက်
လည်း ကျနော်တို့အသင်းက အဆင်သင့်ဖြစ်နေပါပြီ။ နည်းပြ
ဆရာကြီးကလည်း စနစ်တကျ သင်ကြားပေးနေပါတယ်။
ဒါကြောင့် အောင်မြင်မှုရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
မေး--> အုပ်စုအသင်းတွေနဲ့ပက်သက်လို့ဘယ်လောက်အထိ သိထားလဲ။
ဖြေ--> အသင်းတွေရဲ့အနေအထားအခြေအနေတွေကို
တာဝန်ရှိသူတွေပြောပြထားလို့သိထားပါတယ်။ နည်းပြဆရာ
ကလည်း ပွဲတိုင်းကို အာရုံအပြည့်ကစားဖို့မှာထားတယ်။
ကျနော်တို့ကလည်း အစွမ်းကုန်ကြိုးစားသွားမှာပါ။
မေး--> ပြီးခဲ့တဲ့အင်တာမီလန်နဲ့ပွဲမှာ ညီလေးက ခြေစွမ်းပြခဲ့
တယ်။ ညီလေးအပါအဝင် ကစားသမား၎ယောက်လောက်ကို
အင်တာမီလန်အသင်းက သဘောကျတယ်။ တရားဝင်လည်း
ချီးကျူးတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုခံစားရလဲ။
ဖြေ--> ဝမ်းသာမိပါတယ်။ အဲဒီလိုမျိုး ဥရောပအသင်းကြီး
တစ်သင်းက ချီးကျူးတယ်ဆိုတော့ ဂုဏ်ယူမိပါတယ်။ဒါပေမဲ့
ကျနော်တို့အလုပ် ကျနော်တို့လုပ်ရမှာပါ။ နည်းပြကြီး
ကလည်းအမြဲသွန်သင်ပါတယ်။ ကစားသမားတွေဟာ အမြဲတမ်း သင်ယူနေရမယ်တဲ့။ ကျနော်တို့က သင်ယူနေရတုန်းပဲ
ရှိပါသေးတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို
အားကျတယ်ဆိုတော့လည်း ကျေနပ်မိပါတယ်။
မေး--> ဒီပြိုင်ပွဲကိုကြည့်မယ်ဆိုရင် လက်ရွေးစင်ကစားသမားတွေ ထွက်ပေါ်ခဲ့ဖူးတယ်။ ဒါကြောင့်ညီလေးအနေနဲ့
ဘယ်လောက်အထိမျှော်လင့်ထားသလဲ။
ဖြေ--> ကျနော်က လက်ရွေးစင်ကစားသမားဖြစ်ချင်ပါတယ်။
ဒါကြောင့်နေ့စဉ်နဲ့အမျှကြိုးစားနေပါတယ်။ လက်ရှိအချိန်မှာ
မဖြစ်နိုင်သေးပါဘူး။ ကျနော့်မှာ သင်ယူရမယ့်အရာတွေရှိပါ
သေးတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ လက်ရွေးစင်ကစားသမား ဖြစ်ချင်ပါတယ်။
မေး--> အင်တာမီလန်နဲ့ပွဲကစပြီး ညီလေးနာမည်ကိုသိသွား
ကြပြီ။ အဲဒီအပေါ်မှာရော ဖိအားတွေဖြစ်လာနိုင်သလား။
ဖြေ--> မဖြစ်ပါဘူး။ ကျနော်တို့ကတော့ ကစားရမယ့်သူတွေပါ။ အခြားအရာတွေကို မစဉ်းစားချင်သေးပါဘူး။ ဘောလုံး
ကွင်းထဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ကိုပဲ
အာရုံစိုက်ထားပါတယ်။ နည်းပြကလည်းသွန်သင်ဆုံးမပါ
တယ်။
မေး--> ကိုယ်တွေအုပ်စုမှာ ဗီယက်နမ်လည်းပါတယ်။ အင်ဒို
နီးရှားလည်းပါတယ်။ ဒီတော့စိုးရိမ်စိတ်ဖြစ်မိလား။
ဖြေ--> စိုးရိမ်စိတ်မဖြစ်မိပါဘူး။ ကျနော်တို့က
ဒီပွဲမှာအောင်မြင်ချင်တဲ့ သူတွေပါ။ ဒါကြောင့်ပွဲတိုင်းကိုလည်း
အကောင်းဆုံးကြိုးစားနေတယ်။ နည်းပြဆရာနဲ့ တာဝန်ရှိသူ
တွေကလည်း သွန်သင်တယ်။ ဆုံးမတယ်။ လိုလေသေးမရှိ
ပံ့ပိုးပေးတယ်။ ဒါကြောင့်အကောင်းဆုံးရလဒ်ရအောင်
ကြိုးစားသွားမှာပါ။
မေး--> နည်းပြချုပ်ဘန်လာဘီလက်ထက်မှာ ကစားရတဲ့
အနေအထားကိုလည်းသုံးသပ်ပေးပါဦး။
ဖြေ--> နည်းပြကြီးလက်အောက်မှာ ကစားရတာ ကောင်းပါတယ်။ ကျနော်တို့ရဲ့အနေအထားကိုလည်းသူသိတယ်။
သူ့ရဲ့နည်းစနစ်အတိုင်း ကျနော်တို့တွေ ကစားနိုင်ပါတယ်။
မေး--> ချန်ပီယံဆုနဲ့ဝေးနေတာ ၁၀ နှစ်မကတော့ဘူး။
၂၀၀၅ခုနှစ်မှာချန်ပီယံဖြစ်ပြီးတဲ့နောက် ဗိုလ်လုပွဲတောင်
မတက်တော့ဘူး။ အခုညီလေးတို့လက်ထက်မှာ အောင်မြင်
မယ်လို့ယုံကြည်ထားလား။
ဖြေ--> ဝေးကွာနေတဲ့ချန်ပီယံဆုကို လိုချင်ပါတယ်။
ရအောင်လည်းကြိုးစားသွားမှာပါ။ ကျနော်တို့ရဲ့မှတ်တမ်း
တွေကို ကြည့်မယ်ဆိုရင် ၂နှစ်ဆက်ချန်ပီယံဖြစ်ခဲ့ဖူးတယ်။
၂၀၁၄ခုနှစ်မှာ ဆီမီးဖိုင်နယ် ၁ကြိမ်တက်တယ်။ ဒါပေမယ့်
စတုတ္ထပဲရခဲ့တယ်။ ဒါလေးတွေကို လူကြီးတွေပြောပြလို့
မှတ်သားခဲ့ရပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဝေးကွာ
နေတဲ့ ရွှေတံဆိပ်ဆုကို ရအောင်ယူမယ်လို့ ဆုံးဖြတ်ထား
တယ်။
မေး--> ပြိုင်ပွဲကစတော့မယ်။ အဲဒီအတွက် ညီလေးရဲ့ရင်ခုန်
သံကို ပြောပေးပါဦး။
ဖြေ--> ကျနော်တို့က အဆင်သင့်ဖြစ်နေပါပြီ။ ပြိုင်ပွဲတိုင်းကို
အနိုင်ယူဖို့လည်းပြင်ဆင်ထားတယ်။ နည်းပြကြီးကလည်း
အာရုံစူးစိုက်ဖို့၊ ပွဲပြီးခါနီးတွေမှာ အာရုံစိုက်ဖို့၊ ဒါတွေကိုမှာထားတယ်။သူရဲ့လေ့ကျင့်မှုတွေကလည်း ပြိုင်ပွဲအပေါ်မှာ
အကျိုးသက်ရောက်လိမ့်မယ် ထင်တယ်။ ကျနော်တို့ကတော့
အမြင့်ဆုံးမျှော်လင့်ထားတယ်။
#SuperSportJournal #MFFG
ပြန်လည်ကူးယူဖော်ပြလိုပါက source, Credit - MFFGလို့
ထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါသည်။
(ဂျာနယ်ကနေအချိန်ယူပြီးရေးထားတာဖြစ်လို့ပါ)
........
Comments
Post a Comment