မွန်ပြည်နယ် ရေးမြို့နယ် အဘော်ကျေးရွာကျားတန်း ကျားဖောင်ပေါ်ကနေ ပြုတ်ကျပျောက်ဆုံးနေတဲ့ ရေအလုပ်သမား ကိုချစ်ဆန်းမောင်ရဲ့ ရုပ်အလောင်းကို ၃ ရက်မြောက်တဲ့နေ့မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
စက်တင်ဘာ ၂၄ ရက် ညနေ ၆ နာရီက ကျားဖောင်ပေါ်က ရုတ်တရက်ရေထဲပြုတ်ကျခဲ့တာဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေက လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ရှိရဘဲ စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ကိုချစ်ဆန်းမောင်ရဲ့ ရုပ်အလောင်းကို အဘော်ကျားတန်းမှရေမိုင် ၁ မိုင်လောက်မှာ တွေ့ရှိခဲ့တာလို့ ရေးမြို့မရဲစခန်းမှူးက ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဝင်က သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာတွေမတွေ့ရှိရဘူးလို့ ဆိုပါတယ်။
ရေနစ်သေဆုံးတာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးနေပြီး ရေးမြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
နေမျိုးထွဋ် (ရေး)http://burmese.dvb.no
........
Comments
Post a Comment