ထိုင်းပြောင်းဖူးစက်ရုံမှ မြန်မာလုပ်သား ငါးရာကျော် လုပ်အားခအပြည့်မရ၍ နှစ်ရက်ဆက် ဆန္ဒပြ

                          
             ထိုင်းပြောင်းဖူးစက်ရုံမှ မြန်မာလုပ်သားများ ဆန္ဒပြတောင်းဆိုနေစဉ် (ဓာတ်ပုံ−ရဲမင်း)
ထိုင်းနိုင်ငံ ကန်ချဘူရီ ခရိုင်ရှိ ပြောင်းဖူးစက်ရုံတွင် အ လုပ်လုပ်ကိုင်နေသော မြန်မာလုပ် သား ၅၀၀ ကျော်သည် လုပ်အားခအပြည့်အဝမရရှိ၍ နှစ်ရက်ဆက် ဆန္ဒပြ တောင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံသား ပြောင်းဖူး စက်ရုံပိုင်ရှင်သည် မြန်မာလုပ် သား အမျိုးသားများအပေါ် တစ် ရက်လုပ်အားခ ဘတ်ငွေ ၂၄၀ (ကျပ် ၉,၆၀၀)သာ ပေးပြီး အမျိုး သမီးလုပ်သားများကို ဘတ်ငွေ ၂၃၀(ကျပ်ငွေ ၉,၂၀၀) သာ ပေးသောကြောင့် လုပ်အားခအပြည့် အဝရရှိရေး စက်တင်ဘာ ၂၇ ရက်က စ၍ ဆန္ဒပြတောင်းဆိုခြင်း ဖြစ်ကြောင်း မြန်မာလုပ်သားများ ဆန္ဒပြရာသို့ သွားရောက်ဖြေရှင်း ပေးနေသော AAC မဟာမိတ်အဖွဲ့ မှ ကိုရဲမင်းက ပြောသည်။
‘‘ဒီစက်ရုံမှာ ပြဿနာတွေက အများကြီးပဲ။ ပြေလည်အောင် ဆိုပြီး အကုန်ဝိုင်းပြီး ဖြေရှင်းနေပါ တယ်။ လက်ရှိအချိန်ထိတော့ ပြေ လည်မှုမရသေးဘူး’’ဟု ကိုရဲမင်း က စက်တင်ဘာ ၂၈ ရက်ညနေ တွင် ပြောသည်။
ထိုင်းအစိုးရသည် ရွှေ့ ပြောင်းလုပ်သားများကို တစ်ရက် လုပ်အားခ ဘတ် ၃၀၀ (ကျပ်ငွေ ၁၂,၄၀၀) သတ်မှတ်ထားသည်။
ဆန္ဒပြတောင်းဆိုနေသော မြန်မာလုပ်သားများအရေးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုး အောင်ခိုင်က စက်တင်ဘာ ၂၈ ရက်တွင် လာရောက်ဖြေရှင်းပေး နေကြောင်း ကိုရဲမင်းက ပြော သည်။ သြဂုတ် ၃၁ ရက်တွင် ထိုင်း နိုင်ငံ ပထုန်ဌာနီခရိုင်ရှိ အသား လုံးစက်ရုံ၌ လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၅၀ ကျော်သည် အလုပ်သမားအခွင့်အရေး ချိုး ဖောက်ခံရခြင်းကြောင့် ဆန္ဒပြ တောင်းဆိုခဲ့သည်။
သြဂုတ် ၁၀ ရက်ကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ နာ နတ်သီးစက်ရုံတွင် အလုပ်လုပ် ကိုင်နေသော မြန်မာလုပ်သား ၄၀၀ ကျော်သည် လုပ်အားခပုံမှန် မရရှိသဖြင့် နှစ်ရက်ဆက်တိုက် အလုပ်မဆင်းဘဲ ဆန္ဒပြတောင်း ဆိုခဲ့သည်။
ပြီးခဲ့သည့် သြဂုတ် ၁ ရက်ကလည်း ဖက်ဘူရီခရိုင် ချအမ်ပင် လယ်ကမ်းခြေမှ ရှစ်ထပ်အမြင့်ရှိ ဟိုတယ်ဆောက်လုပ်ရေးလုပ် ငန်းတွင် လုပ်ကိုင်နေသော မြန်မာလုပ်သား ၅၀ ကျော်နှင့် ကမ္ဘော ဒီးယားနိုင်ငံသားများအပါအဝင် လုပ်သား ၂၀၀ ကျော်ကို လုပ်အားခမပေးဘဲ အလုပ်မှ ထုတ်ပယ် သောကြောင့် အလုပ်ရှင်ကို မြန် မာလုပ်သားများက အမှုဖွင့်တိုင် ကြားခဲ့သည်။
ထိုင်းတွင် အလုပ်ရှင်၊ အ လုပ်သမားကြား အငြင်းပွားမှုများ ကြုံတွေ့၍ တိုင်ကြားပါက ထိုင်း နိုင်ငံ အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးက နှစ်ဖက် စစ်ဆေးပြီးနောက် နစ်နာမှုများ မှန်ကန်ပါက အလုပ်ရှင်ကို ပြန် လည်ပေးလျော်ရန် အမိန့်ချမှတ် လေ့ရှိသည်။7daydaily.com
........

Comments