တတိယအကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေး စက်ဘီးနင်းပွဲကို စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တယ်။
နှစ်နိုင်ငံ ချစ်ကြည်ရေး စက်ဘီးနင်းပွဲကို ထိုင်းနိုင်ငံ ခရိုင်ဝန်ရိုးရှေ့မှ စတင်တာလွှတ်ပြီး နယ်စပ်ဂိတ်ကို ဖြတ်ကျော်ကာ မောတောင်မြို့ အမှတ် ၃ ကျေးရွာစေတီအထိ နင်းပြီး ပြန်လှည့်ကာ ထိုင်းနိုင်ငံ နယ်စပ်ဖြစ်တဲ့ ဆင်ခွန်းဂိတ်မှာ ပန်းဝင်ခဲ့ပါတယ်။
စက်ဘီးနင်းပွဲကို ထိုင်းဘက်က စက်ဘီး ၁၇၀၀ စီး နဲ့ မြန်မာနိုင်ငံဘက်မှ မြိတ်အပျော်တမ်း စက်ဘီးနင်းအဖွဲ့က ၂၆ စီး စုစုပေါင်း ၁၇၂၆ စီး ပါဝင်စီးနင်းခဲ့ပါတယ်။
၅၂ ကီလိုမီတာရှည်တဲ့ ခရီးကို အားလုံးလည်း ပန်းတိုင်ရောက်အောင် နင်းနိုင်ကြသလို ပထမဆုံးပန်းဝင်တဲ့ ၁၀ ယောက်ထဲမှာ မြိတ်အပျော်တမ်း စက်ဘီးစီးအဖွဲ့က ၅ ယောက် ပါဝင်ပါတယ်။
ဒီပွဲလုပ်ရတာဟာ နှစ်နိုင်ငံခရီသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာလို့ မြန်မာဘက် ပွဲကျင်းပရေးကော်မတီ ဦးအောင်ကြည်မြင့်က ပြောပါတယ်။
သတင်းနှင့်ဓာတ်ပုံ – မြတ်ထွဋ်
http://burmese.dvb.no
........
Comments
Post a Comment