“သူငယ်ချင်းဖြစ်သူအား ရန်ငြိုးရန်စ မရှိဘဲ သတ်ဖြတ်မှုအား အချိန်တိုအတွင်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးဖေါ်ထုတ်”
“သူငယ်ချင်းဖြစ်သူအား ရန်ငြိုးရန်စ မရှိဘဲ
သတ်ဖြတ်မှုအား အချိန်တိုအတွင်း
မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးဖေါ်ထုတ်”

၁၇.၁၀.၂၀၁၇ ရက်နေ့ ၁၃၀၀ အချိန်တွင်
မြဝတီမြို့နယ်၊ဖလူးကျေးရွာအုပ်စု၊သုံးထပ်ကွေ့
(ပထမထပ်)ဝေါလေ-မြဝတီသွား ကားလမ်းဘေးတွင်
ယာဉ်တစ်စီးတိမ်းမှောက်၍ လူတစ်ဦးသေဆုံး
နေကြောင်းသတင်းအရ မြဝတီမြို့မရဲစခန်းမှူး
ဒုရဲမှူး ကိုကိုနိုင် ၊နယ်ထိန်းအရာရှိ ဒုရဲအုပ် သက်နိုင်စိုး
နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ဖလူးကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူး ဦးထိန်လင်း၊အမှတ်(၃)ရပ်ကွက်
ရာအိမ်မှူးဦးအောင်ညွန့် တို့နှင့်အတူ သွားရောက်
စစ်ဆေးခဲ့ရာ မော်တော်ယာဉ်အမှတ် 1K-4619၊
Airwave အမျိုးအစား(နီညိုရောင်)ယာဉ်မှာ
ဝေါလေ-မြဝတီသွား ကားလမ်းဘေးလမ်း၏
ယာဘက်ခြမ်းသို့ တိမ်းမှောက်နေပြီး၊၎င်းယာဉ်
တိမ်းမှောက်သည့်နေရာနှင့် (၂၅)ပေခန့်အကွာ
လမ်းဝဲဘက်ခြမ်း ချောက်ကမ်းပါးအစွန်းရှိ ချုံထဲတွင်
အမျိုးသားတစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံးနေ
သည်ကို စစ်ဆေးတွေ့ရှိရ၍ ဖြစ်စဉ်အား စုံစမ်းရာ
ယာဉ်ပိုင်ရှင်မှာ သေဆုံးသူ မြဝတီမြို့နယ်၊
ဝေါလေမြိုင်မြို့၊အမှတ်(၃)ရပ်ကွက်ရှိ (ဘ)
ဦးအေးနိုင်၏သားဖြစ်သူ အောင်ပြည့်၊၂၈ နှစ်၊
ဖုန်းအရောင်းဆိုင်ဖွင့်လှစ်ထားသူဖြစ်ကြောင်း
သိရှိရပြီး ...........
၎င်းတွင် ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာ
(၁)ချက်၊ယညလက်ဖျံထိုးသွင်းဒဏ်ရာ(၂)ချက်၊
ဝဲဘက်ချိုင်းအောက် ထိုးသွင်းဒဏ်ရာ(၂)ချက်၊
ရင်အုံတွင် ထိုးသွင်းဒဏ်ရာ(၅)ချက်၊လည်ပင်း
ထိုးသွင်းဒဏ်ရာ(၁)ချက် တို့ဖြင့် သေဆုံးနေသည်ကို
တွေ့ရှိရပြီး အလောင်းအား မြဝတီခရိုင်ပြည်သူ့
ဆေးရုံကြီးသို့ ၁၄၃၀ အချိန် ရဲဆေးစာဖြင့် ပေးပို့
ထားရှိခဲ့ပြီး အောင်ပြည့် ၊၂၈နှစ် (ဘ)ဦးအေးနိုင်အား
သေဆုံးအောင်ပြုလုပ်သွားသူကို စုံစမ်းဖေါ်ထုတ်
အရေးယူပေးပါရန် နယ်ထိန်းအရာရှိ ဒုရဲအုပ်
သက်နိုင်စိုးမှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ပါသည်။
အမှုအား မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုနိုင်မှ
လက်ခံစုံစမ်းစစ်ဆေးရာ သေဆုံးသူ အောင်ပြည့်၏
ယာဉ်အား ဝေါလေမြိုင်မြို့၊အမှတ်(၁)ရပ်ကွက်နေ
နေသူ(ခ)နီတိုး ဆိုသူမှ ည ၇ နာရီကျော်ခန့်တွင်
မြဝတီမြို့သို့လိုက်ပါပို့ဆောင်ပေးရန် ဖုန်းဆက်၍
ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည့်အတွက်
ဝေါလေမြိုင်ရဲစခန်းမှူး ရဲအုပ် ရဲနိုင် ထံ ဖုန်းဆက်သွယ်ပြီး
နေသူ(ခ)နီတိုး အား ရှာဖွေစုံစမ်းဖမ်းဆီးပေးရန်
ဆက်သွယ်အကြောင်းကြားထားရှိခဲ့ပါသည်။
ဝေါလေမြိုင်နယ်မြေရဲစခန်းမှူးအဖွဲ့မှ နီတိုးအား
ဖမ်းဆီးရမိပြီး ရဲစခန်းတွင် ပဏာမစစ်ဆေးချက်အရ
ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး
၎င်းနှင့်အတူ နိုးနိုး၊၃၂ နှစ်(ဘ)ဦးကာလတ် ၊
တောင်ယာလုပ်၊အမှတ်(၂)ရပ်ကွက်၊ဝေါလေမြိုင်
မြို့နေသူပါ အတူ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေး
ပေါ်ပေါက်ခဲ့ပါသည်။ ပြစ်မှုကျူးလွန်ပြီးနောက်
သေဆုံးသူထံမှ ယူဆောင်သွားခဲ့သည့် ငါးမူးသား
ခန့်ရှိ ရွှေလက်စွပ်(၁)ကွင်းနှင့် တစ်မတ်သားခန့်ရှိ
ရွှေဟန်းချိန်း(၁)ကုံးတို့အား ရဲအုပ် ရဲနိုင်မှ
နိုးနိုး ၏အိမ်တွင် လိုက်လံသိမ်းဆည်း၍
တရားခံအား မြဝတီမြို့မရဲစခန်းသို့ လာရောက်
ပို့ဆောင်ပေးခဲ့ရာ ၁၈၃၀ အချိန် ရောက်ရှိပြီး
အမှုဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်
ရှိပါသည်။
ဝေါလေမြိုင်နယ်မြေရဲစခန်းမှူး၏ သတင်းပေးချက်
အရ နိုးနိုး သည် ဝေါလေမြိုင်မှ ထွက်ပြေး တိမ်းရှောင်
သွားကြောင်း၊မြဝတီမြို့တွင် ရောက်ရှိနေကြောင်း
စုံစမ်းသိရှိရသည့်အတွက် နိုးနိုးအား ဖမ်းဆီး
ရမိနိုင်ရေးအတွက် ဒုရဲမှူး ကိုကိုနိုင် ဦးစီးသော
တပ်ဖွဲ့ဝင်များ၊နယ်ထိန်းအရာရှိ ဒုရဲအုပ် သက်နိုင်စိုး ဦးစီးသော တပ်ဖွဲ့ဝင်များတို့ဖြင့်
နိုးနိုး သွားလာတတ်သည့် နေရာများအား လိုက်လံ
ပိတ်ဆို့ ရှာဖွေဖမ်းဆီးခဲ့ရာ ၂၂၀၀ အချိန်ခန့်တွင်
မြဝတီမြို့အဝင် အမှတ်(၃)ရပ်ကွက်၊မြဝတီ-
မဲထော်သလေးသွား ကားလမ်းဘေးရှိ အမည်(မရှိ)
စားသောက်ဆိုင်တွင် သတင်းရရှိ၍ သွားရောက်
ဖမ်းဆီးခဲ့ရာ နိုးနိုး အား ဖမ်းဆီးရမိခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ(၂)ဦးအား ရဲစခန်းတွင် စစ်ဆေး
ဆောင်ရွက်ခဲ့ရာ ၎င်းတို့သည် ၁၆.၁၀.၂၀၁၇
ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် အောင်ပြည့် အား
မြဝတီမြို့သို့ လိုက်ပို့ရန် မော်တော်ယာဉ် ငှါးရမ်းပြီး
ရှေ့ခန်းတွင် နိုးနိုး မှာထိုင်၍ အောင်ပြည့် ၏
နောက်တွင် နေသူ(ခ)နီတိုး မှ ထိုင်၍လိုက်ပါ
လာကြောင်း၊ဝေါလေ-မြဝတီကားလမ်း၊သုံးထပ်ကွေ့
(ပထမကွေ့)အရောက်တွင် အပေါ့သွားရန်
ကားရပ်ခိုင်းပြီးနောက် နေသူ(ခ)နီတိုးမှ ချုပ်နှောင်
ပေးပြီး နိုးနိုး မှ အသင့်ပါလာသော ဓါးဖြင့်
အချက်ပေါင်းများစွာ ထိုးခဲ့ကြောင်း၊ထိုအချိန်တွင်
ကုန်းအဆင်းဖြစ်နေ၍ မော်တော်ယာဉ်မှာ
လိမ့်ဆင်းပြီး တောင်ကမ်းပါးယံဘက်ရှိ မြောင်းထဲသို့
ထိုးကျ တိမ်းမှောက်သွားကြောင်း၊တိမ်းမှောက်ပြီး
အောင်ပြည့်မှာ ငြိမ်ကျသွားကြောင်း၊အောင်ပြည့်
၏ အလောင်းအား ကားအတွင်းမှ နှစ်ဦးအတူ
ဆွဲထုတ်ပြီး လမ်းတစ်ဖက်ရှိ ချောက်အတွင်းသို့
ပစ်ချခဲ့ကြောင်း ၊နှစ်ဦးအတူ ထိုနေရာမှ
လမ်းလျှောက်၍ မြဝတီမြို့နယ်၊ဖလူးကျေးရွာ
ဘက်သို့ ထွက်လာခဲ့ကြောင်း၊ဖလူးကျေးရွာမှ
တစ်ဆင့် ဆိုင်ကယ်ကယ်ရီဖြင့် ဝေါလေမြိုင်သို့
ပြန်သွားပြီး မိမိနေအိမ်များသို့ ပြန်လည်နေထိုင်
ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ(၂)ဦးအား ပြစ်မှုကျူးလွန်ရာတွင်
အသုံးပြုသည့် သက်သေခံပစ္စည်းများအား
သိမ်းဆည်းရန်နှင့် ကျန်သက်သေများအား
စစ်ဆေးဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိ
ပြီး၊တရားခံများအား ဥပဒေအရထိရောက်စွာ
အရေးယူနိုင်ရေးအတွက် မြဝတီမြို့မရဲစခန်းမှ
ဆက်လက်ဆောင်ရွက်လျှက်ရှိပါကြောင်း သိရှိရပါသည် ။
ဖိုးသူတော် (www.phothutaw.com)
Credit: Yawthama........
Comments
Post a Comment