
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် နိုဝင်ဘာ ၃ ရက် ကကျင်းပခဲ့သည့်One Championships Hero's Dream Open Weight Super-Bout ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု Middle Weight တန်းမှ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က စိန်ခေါ်သူံ Heavy Weight တန်း ကစ်ဘောင်ဆင် ကမ္ဘာ့ ချန်ပီယံ (ဟောင်ကောင်)ကိုယ်စားပြု အလိန်းဂါလာနီအား ပထမအချီ ၄ မိနစ် ၃၁ စက္ကန့်တွင် ထိုက်ထိုက်တန်တန် အနိုင် ရရှိခဲ့သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာအား ချီးမြှင့်ပေးအပ်ခဲ့ပြီး ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ယခုကဲ့သို့ ဂုဏ်ပြုပေးခြင်းအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြန်လည်ပြောကြား သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချီးကျူးဂုဏ်ပြု လွှာအား ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်အား ပေးအပ်ဂုဏ်ပြု ခဲ့ပြီး အောင်လအန်ဆန်ကလည်း အမှတ်တရလက်ဆောင် အား ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ပွဲသို့ ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin........
Comments
Post a Comment