AFC Champions League ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်လိဂ် ချန်ပီယံ Ceres Negros အသင်းတို့ တွေ့ဆုံ

                         
၂၀၁၇ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးချန်ပီယံနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာ ၂၀၁၈ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲပထမအဆင့်တွင် ဖိလစ်ပိုင်လိဂ်ချန်ပီယံ Ceres Negros အသင်းနှင့် တွေ့ဆုံယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

၂၀၁၇ ဖိလစ်ပိုင်အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ ဒီဇင်ဘာ ၁၆ ရက်နေ့မှ ပြီးဆုံးခဲ့သည့်အတွက် ရှမ်းယူနိုက်တက်အသင်း၏ ပြိုင်ဘက်အသင်း အမည်အား ယခုအချိန်မှ သိရှိရခြင်းဖြစ်သည်။

ှ ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့်ကို အိမ်ကွင်း၌ လက်ခံကစားခွင့်ရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်အား ၂၀၁၈ ဇန်န၀ါရီ ၁၆ ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းအနေဖြင့် ခြေစစ်ပွဲ ပထမအဆင့်ကျော်ဖြတ်နိုင်ခဲ့လျှင် ခြေစစ်ပွဲဒုတိယအဆင့်တွင် သြစတြေးလျကလပ်
Brisbane Roar FC နှင့် အဝေးကွင်းတွင်လည်းကောင်း၊ တတိယအဆင့် ခြေစစ်ပွဲအဖြစ် တရုတ်စူပါလိဂ်ကလပ်
Tianjin Quanjian FC အသင်းနှင့် အဝေးကွင်းတွင်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ခြေစစ်ပွဲများကို တစ်ကျော့တည်းသာ ယှဉ်ပြိုင်သွားရမည်ဖြစ်ကာ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံရှမ်းယူနိုက်တက်အသင်းအနေဖြင့် ခြေစစ်ပွဲအဆင့်များအား ဖြတ်ကျော်နိုင်ခဲ့လျှင် ချန်ပီယံလိဂ် အုပ်စု (E) တွင် တောင်ကိုရီးယားကလပ် Jeonbuk Hyundai Motor FC၊
ဟောင်ကောင် ကလပ် Kitchee FC နှင့် အခြားခြေစစ်ပွဲအောင် ကလပ်အသင်းနှင့် ရင်ဆိုင်သွားရမည်ဖြစ်သည်။

ရှမ်းအသင်းသည် AFC Champions League ခြေစစ်ပွဲ အဆင့်များ အောင်မြင်ခဲ့ခြင်း မရှိပါက 2018 AFC Cup ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

cd #mnl
Photo- AFC
#MFFG
........

Comments