ေဘာင္းဘီတိုတိုေလးေတြ ၊ ဂါ၀န္တိုတိုေလးေတြ ၀တ္တဲ့အခါမွာ ကိုယ့္အသားအေရက လွပဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ အသားအေရကို လွပျဖဴစင္ ေခ်ာမြတ္ေစႏိုင္တဲ့ လ်ိဳ႕၀ွက္ခ်က္မ်ားကို ေ၀မွ်ခ်င္ပါတယ္။
အာဟာရမွ်တေအာင္ စားသံုးပါ
အစားအေသာက္ေလ်ာ့ၿပီး ကိုယ္အေလးခ်ိန္က်ေအာင္ လုပ္ရင္လည္း အသားအေရရဲ႕ အလွအပကို ထိခိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ အားကစားတစ္ခု လုပ္ရင္း ကိုယ္အေလးခ်ိန္က်ေအာင္လုပ္တာက ပိုေကာင္းပါတယ္။
အသားအေရလွပေအာင္ကလည္း ကိုယ္စားေနတဲ့အစားအစာမွာ အာဟာရမွ်တဖို႔က အေရးႀကီးပါတယ္။
တစ္ေန႔တာ အစားအစာေတြမွာ
ပရိုတင္း (အသား၊ အခြံမာအသီး၊ အသီးအနွံ)
Lecithin ဓာတ္(ၾကက္ဥ၊ ခရမ္းခ်ဥ္သီး၊ ဟင္းႏုႏြယ္၊ ပဲပု္)
Fatty Acids (ငါး၊ သံလြင္ဆီ၊ ေထာပတ္သီး ႏွင့္ အခြံမာအသီး)
အဆီကုိေလာင္ကၽြမ္းႏိုင္တဲ့ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္မ်ား (grapefruit)
ေရ
အသားအေရလွပဖို႔အတြက္ ေရက အဓိကက်ပါတယ္။ တစ္ေန႔ကို ေရ ၂ လီတာေလာက္ ေသာက္သံုးသင့္ပါတယ္။ ၂လီတာဆိုတာ ေရသီးသန္႔ကို ေျပာတာျဖစ္ၿပီး ေကာ္ဖီ၊ လက္ဘက္ရည္နဲ႔ တျခား အရည္ေတြ ေသာက္တာကို ထည့္မတြက္ရပါဘူး။
အားကစားလုပ္ေပးပါ
သင္ သံုးစြဲလိုက္တဲ့ ကယ္လိုရီေတြထက္ သင္ပိုၿပီး စားသံုးေနရင္ သင့္ခႏၶာကိုယ္မွာ အဆီေတြ စုလာၿပီး အဆီေတြမ်ားလာရင္ အသားအေရရဲ႕ Cellulite ေတြကို ထိခုိက္ေစၿပီး အသားအေရ လွေတာ့မွာမဟုတ္ပါဘူး။
ဒါေၾကာင့္ အားကစားလုပ္ၿပီး ခႏၶာကိုယ္က ပိုေနတဲ့ ကယ္လိုရီေတြ အဆီေတြကို ေခ်ဖ်က္ပါ။ ဒီလို အဆီေတြနဲ႔ ကယ္လိုရီေတြကို ကို ေခ်ဖ်က္ရာမွာ Cardio က ပိုၿပီးသင့္ေလ်ာ္ပါတယ္။ ထိုင္ထ၊ ႀကိဳးခုန္တာေတြက Cardio အမ်ိဳးအစားထဲမွာပါ၀င္ၿပီး ေအရိုးဗစ္လည္း ေဆာ့လို႔ရပါတယ္။ ဒါေၾကာင့္ gym ေတြမွာဆိုရင္ cardio ကစားတဲ့ ရက္သတ္သတ္မွတ္မွတ္နဲ႔ ေလ့က်င့္ေပးတာျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyFood
#Unicode Version#
ဘောင်းဘီတိုတိုလေးတွေ ၊ ဂါဝန်တိုတိုလေးတွေ ဝတ်တဲ့အခါမှာ ကိုယ့်အသားအရေက လှပဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အသားအရေကို လှပဖြူစင် ချောမွတ်စေနိုင်တဲ့ လျို့ဝှက်ချက်များကို ဝေမျှချင်ပါတယ်။
အာဟာရမျှတအောင် စားသုံးပါ
အစားအသောက်လျော့ပြီး ကိုယ်အလေးချိန်ကျအောင် လုပ်ရင်လည်း အသားအရေရဲ့ အလှအပကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အားကစားတစ်ခု လုပ်ရင်း ကိုယ်အလေးချိန်ကျအောင်လုပ်တာက ပိုကောင်းပါတယ်။
အသားအရေလှပအောင်ကလည်း ကိုယ်စားနေတဲ့အစားအစာမှာ အာဟာရမျှတဖို့က အရေးကြီးပါတယ်။
တစ်နေ့တာ အစားအစာတွေမှာ
ပရိုတင်း (အသား၊ အခွံမာအသီး၊ အသီးအနှံ)
Lecithin ဓာတ်(ကြက်ဥ၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ ပဲပု်)
Fatty Acids (ငါး၊ သံလွင်ဆီ၊ ထောပတ်သီး နှင့် အခွံမာအသီး)
အဆီကိုလောင်ကျွမ်းနိုင်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ (grapefruit)
ရေ
အသားအရေလှပဖို့အတွက် ရေက အဓိကကျပါတယ်။ တစ်နေ့ကို ရေ ၂ လီတာလောက် သောက်သုံးသင့်ပါတယ်။ ၂လီတာဆိုတာ ရေသီးသန့်ကို ပြောတာဖြစ်ပြီး ကော်ဖီ၊ လက်ဘက်ရည်နဲ့ တခြား အရည်တွေ သောက်တာကို ထည့်မတွက်ရပါဘူး။
အားကစားလုပ်ပေးပါ
သင် သုံးစွဲလိုက်တဲ့ ကယ်လိုရီတွေထက် သင်ပိုပြီး စားသုံးနေရင် သင့်ခန္ဓာကိုယ်မှာ အဆီတွေ စုလာပြီး အဆီတွေများလာရင် အသားအရေရဲ့ Cellulite တွေကို ထိခိုက်စေပြီး အသားအရေ လှတော့မှာမဟုတ်ပါဘူး။
ဒါကြောင့် အားကစားလုပ်ပြီး ခန္ဓာကိုယ်က ပိုနေတဲ့ ကယ်လိုရီတွေ အဆီတွေကို ချေဖျက်ပါ။ ဒီလို အဆီတွေနဲ့ ကယ်လိုရီတွေကို ကို ချေဖျက်ရာမှာ Cardio က ပိုပြီးသင့်လျော်ပါတယ်။ ထိုင်ထ၊ ကြိုးခုန်တာတွေက Cardio အမျိုးအစားထဲမှာပါဝင်ပြီး အေရိုးဗစ်လည်း ဆော့လို့ရပါတယ်။ ဒါကြောင့် gym တွေမှာဆိုရင် cardio ကစားတဲ့ ရက်သတ်သတ်မှတ်မှတ်နဲ့ လေ့ကျင့်ပေးတာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: MyFood ........
Comments
Post a Comment