ဖိလစ်ပိုင်သမ္မတ ဒူတာတီ စိတ်ပြောင်းပြီး လိင်တူပေါင်းဖက်ခြင်းကို ထောက်ခံ


                          
ဒီဇင်ဘာ ၁၈ – ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတီဟာ လိင်တူလက်ထက်ခြင်းကို ကန့်ကွက်တယ်လို့ ပြီးခဲ့တဲ့ တစ်ခေါက်ကကြေညာခဲ့ဖူးပေမယ့် ရိုမန်ကတ်သလစ်အများစုနေထိုင်တဲ့တိုင်းပြည်မှာ ကတ်သလစ်ဘုန်းတော်ကြီးတွေကို မကျေနပ်စေနိုင်မယ့် အလှည့်အပြောင်းတစ်ခုအနေနဲ့ လိင်တူပေါင်းဖက်ခြင်းကို သူကထောက်ခံတယ်လို့ တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ မွေးရပ်မြို့ ဒါဗောင်မှာ အမျိုးသမီးလိင်တူများ၊ အမျိုးသားလိင်တူများ၊ ဒွိလိင်ချစ်သူများနဲ့ လိင်ပြောင်းလဲထားသူများ (LGBT) ရဲ့ စုဝေးပွဲတစ်ခုမှာ မိန့်ခွန်းပြောရာမှာ ဒူတာတီက လိင်တူချစ်သူတွေရဲ့အခွင့်အရေးကို ကာကွယ်ဖို့ သန္နိဋ္ဌာန်ချခဲ့ပြီး သူ့ရဲ့အစိုးရအဖွဲ့မှာ ကိုယ်စားလှယ်အဖြစ် အလုပ်လုပ်ဖို့ သူတို့ကိုဖိတ်ခေါ်ခဲ့ပါတယ်။
“ကျွန်တော်ပြောခဲ့တာက တကယ်လို့ သည်အရာက သည်နေ့ခေတ်အချိန်မှာ ဦးတည်ရာဖြစ်နေတယ်ဆိုရင် ကျွန်တော်က လိင်တူလက်ထက်ခြင်းဘက်ကနေပါမယ်” “ တကယ်လို့ သည်အရာက ခင်ဗျားတို့ကို ပိုပျော်စေတယ်ဆိုရင်၊ ကျွန်တော်အဲဒီဘက်မှာ နေပါ့မယ်” ဒူတာတီဟာ အရင်တုန်းကတော့ ဖိလစ်ပိုင်မှာ လက်ထပ်ခြင်းက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကြားမှာသာ ဖြစ်သင့်တာကြောင့် သူ့အနေနဲ့ လိင်တူတွေပေါင်းဖက်တာကို ဆန့်ကျင်တယ်လို့ ပြောခဲ့ဖူးပြီး ဒါကို ပြည်တွင်းမီဒီယာတွေက ကိုးကားဖော်ပြခဲ့ပါတယ်။
လိင်တူလက်ထပ်တာကို ခွင့်ပြုပေးကြတဲ့ အနောက်နိုင်ငံကို ဝေဖန်တဲ့နေရာမှာ အထူးသဖြင့် သူ့ရဲ့မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ လူမဆန်တဲ့လုပ်ရပ်ကို ဝေဖန်တာတွေကြောင့် အရင်ကတော့ ကျားမအကြောင်းအရာကို ဒူတာတီက ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။ များသောအားဖြင့် အနောက်ဥရောပနဲ့ အမေရိကက နိုင်ငံအတော်များများ လိင်တူပေါင်းဖက်ခြင်းကို အသိအမှတ်ပြုထားကြပြီးဖြစ်ပါတယ်။ သြစတြေးလျားက သည်ကိစ္စကို နောက်ဆုံးတရားဝင် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒူတာတီရဲ့ ကြောက်မက်ဖွယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုကိုဆန့်ကျင်တဲ့ ဖိလစ်ပိုင်ရှိ ကတ်သလစ် ဘုန်းတော်ကြီးတွေက ကွန်ဂရက်မှာရှိတဲ့ သူ့ရဲ့ထိပ်တန်းမဟာမိတ်တွေက သည်နှစ်မတိုင်ခင်ကတည်းက သည်ကိစ္စကို တွန်းအားပေးဖို့ပြုလုပ်ခဲ့တာကြောင့် လိင်တူလက်ထပ်ခြင်းကို တရားဝင်သတ်မှတ်ပေးမယ့်အပေါ်မှာ စိုးရိမ်တဲ့အသံတွေ ထွက်ပေါ်လာပါတယ်။ “ကြာရှည်အလုပ်မဖြစ်ဘဲ အချိန်ဖြုန်းနေတဲ့ အကျင့်သိက္ခာတစ်ခုကို ဘာကြောင့် ပြဌာန်းရမှာလဲ” လို့ သည်ကိစ္စအ ပေါ်မှာ ရိုးရာဘုရားကျောင်းရဲ့သင်ကြားမှုကို သိသာစွာရည်ညွှန်းချက်တစ်ခုမှာ ဒူတာတီက ပြောခဲ့ပါတယ်။
“ဒါကြောင့် ကျွန်တော်က ခင်ဗျားတို့နဲ့အတူပါပဲ” LGBT အသိုက်အဝန်းကို သူက အစိုးရရာထူးတစ်ခုကို ခန့်အပ်ဖို့ ကိုယ်စားလှယ်တစ်ယောက်ကို အဆိုပြုပေးဖို့ မေးမြန်းခဲ့ပြီး သူက“အထူးချွန်ဆုံး” ကို လိုအပ်ခဲ့ပြီး အကျင့်ပျက်ခြစားမှုစွဲချက်နဲ့ သူ မကြာသေးခင်က ဖြုတ်ချထားသူနေရာမှာ အစားထိုးဖို့လို့ ပြောခဲ့ပါတယ်။ “ခင်ဗျားတို့က ရိုးသားပြီး အလုပ်ကြိုးစားသူတစ်ယောက်ကို အဆိုပြုပေးပါ။ ကျွန်တော်က ခင်ဗျားတို့ကို ဇန်နဝါရီ ဒုတိယအပတ်အထိ အဆိုပြုဖို့အချိန်ပေးတယ်” လို့သူက ပြောခဲ့ပါတယ်။
မေသက်
Ref: Reuters. Dec 17, 2017
........

Comments