ျမန္မာႏိုင္ငံတြင္ သက္ငယ္မုဒိမ္းမႈ တစ္ရက္ ႏွစ္မႈႏႈန္း ျဖစ္ပြားခဲ့

 ျမန္မာတစ္ႏိုင္ငံလံုး တြင္ ၂၀၁၇ အတြင္း အဓမၼျပဳ က်င့္မႈႏႈန္း တစ္ရက္လွ်င္ပ်မ္းမွ် သံုးမႈခန္႔ ျဖစ္ပြားေနသည့္အနက္ သက္ငယ္မုဒိမ္းမႈ တစ္ရက္လွ်င္ အနည္းဆံုး ႏွစ္မႈႏႈန္း ျဖစ္ပြားခဲ့ ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန က သတင္းထုတ္ျပန္ ထားသည္။

တုိင္းႏွင့္ျပည္နယ္မ်ားတြင္ ၂၀၁၇ တစ္ႏွစ္အတြင္း ျဖစ္ပြားသည့္ အဓမၼျပဳက်င့္မႈ ၁,၄၀၀ ေက်ာ္ရွိၿပီး ၂၀၁၆ အတြင္းျဖစ္ပြားခဲ့သည့္ အဓမၼျပဳက်င့္မႈထက္ အမႈ ၃၀၀ေက်ာ္ပိုမိုျဖစ္ပြားေၾကာင္းသတင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။ မုဒိမ္းမႈမ်ားအနက္ သက္ ငယ္မုဒိမ္းမႈ ပိုမိုျဖစ္ပြားၿပီး ၂၀၁၇ အတြင္း အသက္ (၁၆)ႏွစ္ ေအာက္ သက္ငယ္မုဒိမ္းမႈ ၈၉၇ မႈျဖစ္ပြားခဲ့ကာ (၁၆) ႏွစ္အထက္ အဓမၼျပဳက်င့္ခံရမႈ ၅၀၈မႈ ျဖစ္ပြားခဲ့သည္ဟုဆုိသည္။

သက္ငယ္မုဒိမ္းမႈသည္ ၂၀၁၆ အတြင္းက ၆၇၁ မႈသာ ျဖစ္ပြားခဲ့ေသာ္လည္း ၂၀၁၇ ျဖစ္ပြားမႈႏႈန္းသည္ ယခင္ႏွစ္ထက္ ၂၂၆ မႈ ပိုမိုျဖစ္ပြားခဲ့သည္။

၂၀၁၇ အတြင္း ျဖစ္ပြား သည့္ သက္ငယ္မုဒိမ္းမႈမ်ားကို ၂၀၁၆ အတြင္း ျဖစ္ပြားခဲ့သည့္ ပမာဏႏွင့္ ႏိႈင္းယွဥ္ပါက ရန္ကုန္ တိုင္းတြင္ ၃၂ မႈ၊ ဧရာဝတီတိုင္း တြင္ ၆၅ မႈ၊ မႏၲေလးတိုင္းတြင္၃၃ မႈ၊ ပဲခူးတိုင္းတြင္ ၂၆ မႈ ပိုမိုျဖစ္ပြားခဲ့သည္။

ျမန္မာႏိုင္ငံရွိ တိုင္းႏွင့္ျပည္နယ္အားလံုးတြင္ ျဖစ္ပြားခဲ့သည့္ အဓမၼျပဳက်င့္မႈမ်ားအနက္ ရန္ကုန္တိုင္းတြင္ မုဒိမ္းမႈ ၂၇၀၊ ဧရာဝတီတိုင္းတြင္ ၂၄၃ မႈ၊ မႏၲေလးတိုင္းတြင္ ၁၇၄ မႈ၊ စစ္ကိုင္း တိုင္းတြင္ ၁၄၀၊ ပဲခူးတိုင္းတြင္ ၁၂၉ မႈ ျဖစ္ပြားခဲ့ၿပီး အဆိုပါတိုင္း မ်ားသည္ တစ္ႏိုင္ငံလံုးတြင္ အမ်ားဆံုးျဖစ္ပြားခဲ့သည့္ တိုင္း မ်ားျဖစ္သည္။

ျမန္မာႏိုင္ငံအတြင္း မုဒိမ္းမႈ မ်ား ပိုမိုျဖစ္ပြားလာရျခင္းႏွင့္ပတ္ သက္ၿပီး မိန္းကေလးမ်ား အရက္ ေသစာေသာက္စားျခင္း၊ ကာမ ရာဂေဆးျပားမ်ား အလြယ္တကူ ဝယ္ယူ၍ရျခင္း၊ ညစ္ညမ္းဗီဒီယုိ အလြယ္တကူၾကည့္႐ႈႏိုင္ျခင္း၊ မိခင္၊ ဖခင္ႏွင့္ သားသမီးမ်ား အခန္းက်ဥ္းတြင္ အတူအိပ္ကာ မိဘမ်ားထံမွ အတုခိုးျခင္းမ်ား ေၾကာင့္ ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႔အျပင္ မုဒိမ္းမႈက်ဴးလြန္ ရသည့္ အဓိကအေၾကာင္းရင္း သည္လူသားဆန္သည့္စိတ္ မရွိ မႈ၊ ဘာသာေရးအဆံုးအမ မရွိမႈ၊ အသိ ပညာနည္းပါးမႈအျပင္ အရက္ေသစာေသာက္စားျခင္း၊ မူးယစ္ေဆးဝါးသံုးစြဲျခင္း၊ကေလး ငယ္မ်ား အင္အားနည္းပါးမႈကို အလြယ္တကူ အခြင့္အေရးရ လြယ္ျခင္းတို႔ေၾကာင့္ျဖစ္ၿပီး မုဒိမ္း မႈမ်ား ပေပ်ာက္ေရးအဖြဲ႕အစည္း မ်ား၊ မိဘဆရာမ်ား၊ အသင္း အဖြဲ႕မ်ားက ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္း ေဆာင္ရြက္ရမည့္အျပင္ မိန္း ကေလးမ်ား ဝတ္စားဆင္ယင္ မႈကို ဆရာသမား၊ လူႀကီးမိဘႏွင့္ မီဒီယာမ်ားက ဝိုင္းဝန္းတည့္မတ္ ေပးရမည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ က ထုတ္ျပန္ထားသည္။

ရဲတပ္ဖြဲ႕၏ ‘မုဒိမ္းမႈျဖစ္ပြားရသည့္ အေၾကာင္းရင္းမ်ား’ ဟူသည့္ ထုတ္ျပန္ခ်က္အေပၚ အမ်ဳိးသမီးမ်ားက ေဝဖန္ခဲ့သည္။ မုဒိမ္းမႈမ်ား က်ဴးလြန္ရသည့္ အဓိကအေၾကာင္းရင္းတြင္ မိန္းကေလးမ်ား ဝတ္စားဆင္ယင္မႈကို ဆရာသမား၊ လူႀကီးမိဘႏွင့္ မီဒီယာမ်ားက ဝိုင္းဝန္းတည့္မတ္ေပးၾကရမည္ဟူေသာ ရဲတပ္ဖြဲ႕ထုတ္ျပန္ခ်က္ကို ေဝဖန္ခဲ့ၾကျခင္းျဖစ္သည္။ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ထုတ္ျပန္မႈအေပၚ Myat Mon ဆိုသည့္ အေကာင့္ပိုင္ရွင္မွ ‘ေနရာ အႏွံ႔မွာ CCTV တပ္ၿပီး မႈခင္းမျဖစ္ေအာင္ အခ်ိန္နဲ႔တစ္ေျပးညီ ေစာင့္ၾကည့္ဖို႔၊ ေနရာအႏွံ႔ အေမွာင္ရိပ္မရွိေအာင္ မီးတိုင္ေတြ မ်ားမ်ားထြန္းေပးဖို႔၊ ေနရာအႏံွ႔မွာ အလြယ္တကူ အကူအညီေတာင္းႏိုင္တဲ့ Police Booth ေတြ ဖြင့္ေပးဖို႔၊ မုဒိမ္းမႈကို ဥပေဒေၾကာင္းအရ ျပင္းျပင္းထန္ထန္အျပစ္ေပးဖို႔၊ က်ား၊ မ မေရြး ေန႔ေရာ၊ ညပါ အႏၲရာယ္ကင္းကင္းသြားလာႏိုင္ဖို႔ စတာေတြကို အင္တိုက္အားတိုက္နဲ႔တစ္ခုမွမလုပ္ ဘဲ အ႐ူးမေတာင္ ဗိုက္ႀကီးတဲ့တိုင္းျပည္မွာ မိန္းကေလးေတြ အဝတ္အစားပဲ အျပစ္လိုက္ေျပာေနတဲ့ ေပါေတာေတာအေတြး အေခၚေတြပဲ ၾကပ္ၾကပ္ေတြးၾကသိလား’ ဟု မွတ္ခ်က္ေပးထား သည္။

ထို႔အျပင္ ၎က ‘ျပည့္တန္ ဆာဥပေဒကိုလည္း ေခတ္နဲ႔အညီ ျပန္ျပင္ဖို႔လုိတာေလးလည္း စဥ္း စားၾကပါဦး ဦးေလးတို႔။ ျပည့္တန္ ဆာေတြကို က်န္းမာေရးေစာင့္ ေရွာက္မႈစနစ္ ေကာင္းေကာင္း ေပးၿပီး တရားဝင္ဖြင့္ခြင့္ေပးၿပီး အခြန္ေကာက္သင့္ေသးတယ္။ ဒါမွ စိတ္ခ်ရတဲ့ တရားဝင္ ျပည့္ တန္ဆာခန္းေတြ သြားျခင္းအား ျဖင့္ နီးစပ္ရာ မုဒိမ္းဆြဲက်င့္တဲ့ကိစၥ ေတြလည္း ေလ်ာ့ႏိုင္မလားဆိုတာ ေလး စဥ္းစားၾကပါဦး’ဟု မွတ္ ခ်က္ေပးထားသည္။

အဓမၼျပဳက်င့္မႈမ်ား ေလ်ာ့ နည္းရန္ အေျခခံလိင္ပညာ၊ လိင္ အခြင့္အေရးမ်ားႏွင့္ ေရရွည္စီမံ ကိန္း၊ လတ္တေလာ ေရတိုစီမံ ကိန္းမ်ား ခ်မွတ္ရန္လိုအပ္ၿပီး လိင္ပညာေရး၊ တရားစီရင္ေရး စသည္တို႔ကို ယခုကတည္းက ေဆာင္ရြက္သင့္ေနၿပီျဖစ္ေၾကာင္း အခရာအမ်ဳိးသမီးအဖြဲ႕မွ ေဒၚပပသူက ေျပာသည္။

‘‘ျပည္သူလူထုနဲ႔ ပူးေပါင္းၿပီး ပေပ်ာက္ေအာင္ ေဆာင္ရြက္ခ်င္ တယ္ဆိုတာေတာ့ ေကာင္းပါ တယ္။ ဒီေခတ္မွာ အဝတ္အစား ေၾကာင့္ျဖစ္တယ္လို႔ ေျပာလို႔မရ ေတာ့ဘူး။ ကေလးေလးေတြ၊ အေမအရြယ္ေတြ၊ အဘြားအရြယ္ ကိုေတာင္ မုဒိမ္းက်င့္ေနၾကတဲ့ အခ်ိန္မွာ အဝတ္အစားေၾကာင့္ ဆုိတာ ေျပာလို႔မရေတာ့ဘူး’’ဟု ၎က ေျပာသည္။

၂၀၁၆ တြင္ သက္ငယ္မုဒိမ္းကုိ ႀကီးေလးထိေရာက္သည့္ ျပစ္ ဒဏ္ေပးေရး ကမ္ပိန္း ဦးေဆာင္ခဲ့ သူ မသင္ဇာေအးကလည္း‘‘အမ်ဳိးသမီးေတြ လံုလံုၿခံဳၿခံဳဝတ္ရင္ မုဒိမ္းအက်င့္မခံရဘူးဆိုတာ အာမခံႏုိင္လားလို႔ ေမးခ်င္တယ္။ ကေလးေလးေတြ၊ အဘြားႀကီး ေတြ၊ အေမအရြယ္ေတြကို အိမ္ထဲထိဝင္ မုဒိမ္းက်င့္တာေတြျဖစ္ေနတယ္။ ကြၽန္မတို႔ လံုလံုၿခံဳၿခံဳဝတ္ရင္ မုဒိမ္းက်င့္မခံရဘူးေပါ့’’ ဟု ရဲတပ္ဖြဲ႕ထုတ္ျပန္ခ်က္အေပၚျပန္လည္ေမးခြန္းထုတ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
 မြန်မာတစ်နိုင်ငံလုံး တွင် ၂၀၁၇ အတွင်း အဓမ္မပြု ကျင့်မှုနှုန်း တစ်ရက်လျှင်ပျမ်းမျှ သုံးမှုခန့် ဖြစ်ပွားနေသည့်အနက် သက်ငယ်မုဒိမ်းမှု တစ်ရက်လျှင် အနည်းဆုံး နှစ်မှုနှုန်း ဖြစ်ပွားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန် ထားသည်။

တိုင်းနှင့်ပြည်နယ်များတွင် ၂၀၁၇ တစ်နှစ်အတွင်း ဖြစ်ပွားသည့် အဓမ္မပြုကျင့်မှု ၁,၄၀၀ ကျော်ရှိပြီး ၂၀၁၆ အတွင်းဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုထက် အမှု ၃၀၀ကျော်ပိုမိုဖြစ်ပွားကြောင်းသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ မုဒိမ်းမှုများအနက် သက် ငယ်မုဒိမ်းမှု ပိုမိုဖြစ်ပွားပြီး ၂၀၁၇ အတွင်း အသက် (၁၆)နှစ် အောက် သက်ငယ်မုဒိမ်းမှု ၈၉၇ မှုဖြစ်ပွားခဲ့ကာ (၁၆) နှစ်အထက် အဓမ္မပြုကျင့်ခံရမှု ၅၀၈မှု ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

သက်ငယ်မုဒိမ်းမှုသည် ၂၀၁၆ အတွင်းက ၆၇၁ မှုသာ ဖြစ်ပွားခဲ့သော်လည်း ၂၀၁၇ ဖြစ်ပွားမှုနှုန်းသည် ယခင်နှစ်ထက် ၂၂၆ မှု ပိုမိုဖြစ်ပွားခဲ့သည်။

၂၀၁၇ အတွင်း ဖြစ်ပွား သည့် သက်ငယ်မုဒိမ်းမှုများကို ၂၀၁၆ အတွင်း ဖြစ်ပွားခဲ့သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက ရန်ကုန် တိုင်းတွင် ၃၂ မှု၊ ဧရာဝတီတိုင်း တွင် ၆၅ မှု၊ မန္တလေးတိုင်းတွင်၃၃ မှု၊ ပဲခူးတိုင်းတွင် ၂၆ မှု ပိုမိုဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အားလုံးတွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုများအနက် ရန်ကုန်တိုင်းတွင် မုဒိမ်းမှု ၂၇၀၊ ဧရာဝတီတိုင်းတွင် ၂၄၃ မှု၊ မန္တလေးတိုင်းတွင် ၁၇၄ မှု၊ စစ်ကိုင်း တိုင်းတွင် ၁၄၀၊ ပဲခူးတိုင်းတွင် ၁၂၉ မှု ဖြစ်ပွားခဲ့ပြီး အဆိုပါတိုင်း များသည် တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်ပွားခဲ့သည့် တိုင်း များဖြစ်သည်။

မြန်မာနိုင်ငံအတွင်း မုဒိမ်းမှု များ ပိုမိုဖြစ်ပွားလာရခြင်းနှင့်ပတ် သက်ပြီး မိန်းကလေးများ အရက် သေစာသောက်စားခြင်း၊ ကာမ ရာဂဆေးပြားများ အလွယ်တကူ ဝယ်ယူ၍ရခြင်း၊ ညစ်ညမ်းဗီဒီယို အလွယ်တကူကြည့်ရှုနိုင်ခြင်း၊ မိခင်၊ ဖခင်နှင့် သားသမီးများ အခန်းကျဉ်းတွင် အတူအိပ်ကာ မိဘများထံမှ အတုခိုးခြင်းများ ကြောင့် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် မုဒိမ်းမှုကျူးလွန် ရသည့် အဓိကအကြောင်းရင်း သည်လူသားဆန်သည့်စိတ် မရှိ မှု၊ ဘာသာရေးအဆုံးအမ မရှိမှု၊ အသိ ပညာနည်းပါးမှုအပြင် အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ကလေး ငယ်များ အင်အားနည်းပါးမှုကို အလွယ်တကူ အခွင့်အရေးရ လွယ်ခြင်းတို့ကြောင့်ဖြစ်ပြီး မုဒိမ်း မှုများ ပပျောက်ရေးအဖွဲ့အစည်း များ၊ မိဘဆရာများ၊ အသင်း အဖွဲ့များက ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ရမည့်အပြင် မိန်း ကလေးများ ဝတ်စားဆင်ယင် မှုကို ဆရာသမား၊ လူကြီးမိဘနှင့် မီဒီယာများက ဝိုင်းဝန်းတည့်မတ် ပေးရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့၏ ‘မုဒိမ်းမှုဖြစ်ပွားရသည့် အကြောင်းရင်းများ’ ဟူသည့် ထုတ်ပြန်ချက်အပေါ် အမျိုးသမီးများက ဝေဖန်ခဲ့သည်။ မုဒိမ်းမှုများ ကျူးလွန်ရသည့် အဓိကအကြောင်းရင်းတွင် မိန်းကလေးများ ဝတ်စားဆင်ယင်မှုကို ဆရာသမား၊ လူကြီးမိဘနှင့် မီဒီယာများက ဝိုင်းဝန်းတည့်မတ်ပေးကြရမည်ဟူသော ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ကို ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထုတ်ပြန်မှုအပေါ် Myat Mon ဆိုသည့် အကောင့်ပိုင်ရှင်မှ ‘နေရာ အနှံ့မှာ CCTV တပ်ပြီး မှုခင်းမဖြစ်အောင် အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်ဖို့၊ နေရာအနှံ့ အမှောင်ရိပ်မရှိအောင် မီးတိုင်တွေ များများထွန်းပေးဖို့၊ နေရာအနံှ့မှာ အလွယ်တကူ အကူအညီတောင်းနိုင်တဲ့ Police Booth တွေ ဖွင့်ပေးဖို့၊ မုဒိမ်းမှုကို ဥပဒေကြောင်းအရ ပြင်းပြင်းထန်ထန်အပြစ်ပေးဖို့၊ ကျား၊ မ မရွေး နေ့ရော၊ ညပါ အန္တရာယ်ကင်းကင်းသွားလာနိုင်ဖို့ စတာတွေကို အင်တိုက်အားတိုက်နဲ့တစ်ခုမှမလုပ် ဘဲ အရူးမတောင် ဗိုက်ကြီးတဲ့တိုင်းပြည်မှာ မိန်းကလေးတွေ အဝတ်အစားပဲ အပြစ်လိုက်ပြောနေတဲ့ ပေါတောတောအတွေး အခေါ်တွေပဲ ကြပ်ကြပ်တွေးကြသိလား’ ဟု မှတ်ချက်ပေးထား သည်။

ထို့အပြင် ၎င်းက ‘ပြည့်တန် ဆာဥပဒေကိုလည်း ခေတ်နဲ့အညီ ပြန်ပြင်ဖို့လိုတာလေးလည်း စဉ်း စားကြပါဦး ဦးလေးတို့။ ပြည့်တန် ဆာတွေကို ကျန်းမာရေးစောင့် ရှောက်မှုစနစ် ကောင်းကောင်း ပေးပြီး တရားဝင်ဖွင့်ခွင့်ပေးပြီး အခွန်ကောက်သင့်သေးတယ်။ ဒါမှ စိတ်ချရတဲ့ တရားဝင် ပြည့် တန်ဆာခန်းတွေ သွားခြင်းအား ဖြင့် နီးစပ်ရာ မုဒိမ်းဆွဲကျင့်တဲ့ကိစ္စ တွေလည်း လျော့နိုင်မလားဆိုတာ လေး စဉ်းစားကြပါဦး’ဟု မှတ် ချက်ပေးထားသည်။

အဓမ္မပြုကျင့်မှုများ လျော့ နည်းရန် အခြေခံလိင်ပညာ၊ လိင် အခွင့်အရေးများနှင့် ရေရှည်စီမံ ကိန်း၊ လတ်တလော ရေတိုစီမံ ကိန်းများ ချမှတ်ရန်လိုအပ်ပြီး လိင်ပညာရေး၊ တရားစီရင်ရေး စသည်တို့ကို ယခုကတည်းက ဆောင်ရွက်သင့်နေပြီဖြစ်ကြောင်း အခရာအမျိုးသမီးအဖွဲ့မှ ဒေါ်ပပသူက ပြောသည်။

‘‘ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ပပျောက်အောင် ဆောင်ရွက်ချင် တယ်ဆိုတာတော့ ကောင်းပါ တယ်။ ဒီခေတ်မှာ အဝတ်အစား ကြောင့်ဖြစ်တယ်လို့ ပြောလို့မရ တော့ဘူး။ ကလေးလေးတွေ၊ အမေအရွယ်တွေ၊ အဘွားအရွယ် ကိုတောင် မုဒိမ်းကျင့်နေကြတဲ့ အချိန်မှာ အဝတ်အစားကြောင့် ဆိုတာ ပြောလို့မရတော့ဘူး’’ဟု ၎င်းက ပြောသည်။

၂၀၁၆ တွင် သက်ငယ်မုဒိမ်းကို ကြီးလေးထိရောက်သည့် ပြစ် ဒဏ်ပေးရေး ကမ်ပိန်း ဦးဆောင်ခဲ့ သူ မသင်ဇာအေးကလည်း‘‘အမျိုးသမီးတွေ လုံလုံခြုံခြုံဝတ်ရင် မုဒိမ်းအကျင့်မခံရဘူးဆိုတာ အာမခံနိုင်လားလို့ မေးချင်တယ်။ ကလေးလေးတွေ၊ အဘွားကြီး တွေ၊ အမေအရွယ်တွေကို အိမ်ထဲထိဝင် မုဒိမ်းကျင့်တာတွေဖြစ်နေတယ်။ ကျွန်မတို့ လုံလုံခြုံခြုံဝတ်ရင် မုဒိမ်းကျင့်မခံရဘူးပေါ့’’ ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အပေါ်ပြန်လည်မေးခွန်းထုတ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily ........

Comments