ထိုင်းအစိုးရအရာရှိတွေက ငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်ကိုင်သူတွေကို ကွန်ပြူတာနည်းပညာနဲ့ အချက်အလက်တွေမှတ်တမ်းတင်ပြီး ခြေရာခံလို့ရရှိအောင် ဆောင်ရွက်နေပြီလို့ မနေ့က ပြောပါတယ်။
ထိုင်းငါးဖမ်းလှေတွေမှာ အဓိကလုပ်ကိုင်နေတဲ့ ရေလုပ်သားတွေဟာ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအိုနိုင်ငံတွေက ဖြစ်ပြီး ထိုင်းပိုင်ရှင်တွေရဲ့ ရက်စက်မှု ခေါင်းပုံဖြတ်မှု မျိုးစုံကို ခါးစီးခံနေကြရပါတယ်။
အဲဒီလို လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို တိုက်ဖျက်ခြင်းမပြုဖူးဆိုရင် ထိုင်းနိုင်ငံ ရေလုပ်ငန်းထွက်ကုန်တွေကို ဝယ်ယူခြင်းမပြုပဲ သပိတ်မှောက်မယ်လို့ ဥရောပသမဂ္ဂများအဖွဲ့က ၂ဝ၁၅ မှာ ကြေညာခဲ့တဲ့အတွက် အာဏာသိမ်း ထိုင်းစစ်အစိုးရက ငါးဖမ်းလုပ်ငန်းကို ကြီးကြပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ရေလုပ်သားတွေဟာ ပိုင်ရှင်တွေရဲ့ နှိပ်စက်မှုတွေကို ခံစားနေရဆဲပဲလို့ လူ့အခွင့်ရေးအဖွဲ့တွေက ပြောပါတယ်။
ထိုင်း အလုပ်သမားရေးရာဝန်ကြီး Adul Sangsingkeo အဒူ ဆန်ဆင်းကီးယို က လက်ရှိမှာ ငါးဖမ်းစက်လှေတွေက ရေလုပ်သား ၇ သောင်းခန့်ကို ကွန်ပြူတာနဲ့ အချက်အလက်တွေမှတ်တမ်းတင်ပြီးဖြစ်လို့ အဲဒီသူတွေ ဘယ်ကိုရောက်ရှိနေသလဲဆိုတာ ခြေရာခံနိုင်တော့မယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။
အလုပ်သမားဝန်ကြီးဌာန အရာရှိတဦးကလည်း အဲဒီရေလုပ်သားတွေဟာ မူလမှတ်ပုံတင်ထားတဲ့ သင်္ဘောမှာရှိရဲ့လား၊ လူကုန်ကူးတွေရဲ့ ရောင်းစားခံရပြီလားဆိုတာတွေကို ဒီနည်းနဲ့ စစ်ဆေးနိုင်ပါလိမ့်မယ်လို့ ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/........
Comments
Post a Comment