ရှယ်ပေးကြပါ။ တရုတ်နိုင်ငံရွှေလီမြို့တွင် ပြည်ပနိုင်ငံသားများ အထူးသဖြင့် မြန်မာနိုင်ငံသားများအားလိုက်လံဖမ်းစီးနေ
မကြာသေးမီက အသစ်တင်းကြပ်လိုက်သော တရုတ်နိုင်ငံကျန်းမာရေးဌာန၏ စည်းကမ်းချက်များကြောင့် နယ်စပ်ဒေသမှ ဝင်ရောက်သော အသီးအနှံများ၊ စားစရာများ၊ စွန့်ပစ်ပစ္စည်းများနှင့် အချို့ဆေးဝါး များကိုပြည်ဝင်ခွင့်တားမြစ်လိုက်တာဖြစ်ပြီး ပြည်ဝင်ရောက်သူအချို့အား လက်ဗွေအချက်အလက်များ ရယူထားခြင်းကြောင့် ပြည်ဝင်သူများ တန်းစီမှု ကြန့်ကြာပြီး နေ့စဉ်ဝင်ထွက်နေရသူများအနေဖြင့် အခက်အခဲဖြစ်လျှက်ရှိကြောင်းသိရသည်။
လူနာတင်ယာဉ် 120
Photo: Ruili Police
ဖိုးသူတော် (www.phothutaw.com)
Credit: ဗဟုသုတ
# Unicode Version ဖြင့် ဖတ်ပါ #
တရုတ်နိုင်ငံရွှေလီမြို့သို့ လာရောက်နေထိုင်လျှက်ရှိသော ပြည်ပနိုင်ငံသားများ အထူးသဖြင့် မြန်မာနိုင်ငံသားများအား တရုတ်အစိုးရမှ သက်ဆိုင်ရာတရားဝင်စာရွက် စာတမ်းများ ပြည့်စုံမှုရှိမရှိစစ်ဆေးခြင်းအား အရှိန်အဟုန်မြင့်ဆောင်ရွက်လျှက်ရှိပါသည်။
တရုတ်အစိုးရမှ လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်မှ စတင်ပြီး “တရားမဝင်ခြင်းသုံးမျိုးတားမြစ်ရေးစီမံချက်” ဖြင့် တရားမဝင်ပြည်ဝင်ခြင်း၊ တရားမဝင်အလုပ်လုပ်ခြင်း၊ တရားမဝင်နေထိုင်ခြင်းများအား အရေးယူဆောင် ရွက်ခြင်းများရှိပါသည်။ တရုတ်နိုင်ငံ၏ ပြည်ဝင်ပြည်ထွက်စီမံ ထိန်းချုပ်ရေးဥပဒေအရ အဆိုပါပြစ်မှုကျူးလွန်သူများကို ထောင်ခြောက်လအထိချပိုင်ခွင့် (သို့) ပြည်နှင်ဒဏ် ပေးပိုင်ခွင့်ရှိကြောင်းသိရသည်။
မူဆယ်နယ်စပ် လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပေး သော တခါသုံးကတ် (ခေါ်) အစိမ်းကတ် နှင့် စာအုပ်နီ (ခေါ်) နယ်စပ်ဖြတ်သန်းခွင့်စာအုပ် သည်တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ပါက အလုပ်လုပ်ပိုင်ခွင့်နှင့် နေထိုင်ပိုင်ခွင့်မရှိကြောင်းသိရပါသည်။ အဆိုပါ တခါသုံးကတ် (သို့) စာအုပ်နီဖြင့်ဝင်ရောက်သူများသည် အလည်အပတ်သွားရောက်ခြင်း၊ ဆေးကုသခြင်း၊ ဆွေးမျိုးများဖြင့်တွေ့ဆုံခြင်း အစရှိသည်တို့သာ ဆောင်ရွက်ပိုင်ခွင့်ရှိပြီး တည်းခိုခန်း (သို့) ဟော်တယ် များတွင်သာတည်းပိုင်ခွင့်ရှိတာဖြစ်ပါသည်။
တခါသုံးကတ်(သို့)စာအုပ်နီဖြင့် ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်ခြင်း (သို့) ပြင်ပတွင်နေထိုင်ခြင်းပြုလုပ်ပါက မည်သူမဆို တရုတ်နိုင်ငံရဲ့တည်ဆဲဥပဒေအရ အရေးယူပိုင်ခွင့်ရှိပါသည်။ တရုတ်နိုင်ငံသို့ ဝင်ရောက် သောမြန်မာနိုင်ငံသားအများစုမှာ နယ်စပ်နေ ပြည်သူများနှင့် ရပ်ဝေးမှလာရောက်သော ပြောင်းရွှေ့ လုပ်သားများပါဝင်လျှက်ရှိပါသည်။ နယ်စပ်ပြည်သူများ အနေဖြင့် နိစ္စဓူဝလုပ်ငန်းဆောင်ရွက်ရန် တရုတ်နိုင်ငံအတွင်းသို့ မဖြစ်မနေဝင်ရောက်နေရသည်များရှိပြီး ရပ်ဝေးမှလာရောက်သော ရွှေ့ပြောင်းလုပ်သားများသည်လည်း တရုတ်နိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်လိုသည့် ရည်ရွယ်ချက်ဖြင့်ဝင်ရောက်လျှက်ရှိကြောင်းသိရသည်။
မကြာသေးမီက အသစ်တင်းကြပ်လိုက်သော တရုတ်နိုင်ငံကျန်းမာရေးဌာန၏ စည်းကမ်းချက်များကြောင့် နယ်စပ်ဒေသမှ ဝင်ရောက်သော အသီးအနံှများ၊ စားစရာများ၊ စွန့်ပစ်ပစ္စည်းများနှင့် အချို့ဆေးဝါး များကိုပြည်ဝင်ခွင့်တားမြစ်လိုက်တာဖြစ်ပြီး ပြည်ဝင်ရောက်သူအချို့အား လက်ဗွေအချက်အလက်များ ရယူထားခြင်းကြောင့် ပြည်ဝင်သူများ တန်းစီမှု ကြန့်ကြာပြီး နေ့စဉ်ဝင်ထွက်နေရသူများအနေဖြင့် အခက်အခဲဖြစ်လျှက်ရှိကြောင်းသိရသည်။
ယမန်နှစ်မှစတင်တင်းကြပ်သော ပြည်ပ မော်တော်ယာဉ် ဝင်ရောက်ခြင်းကန့်သတ်ချက်များအရ မြန်မာနံပါတ်ကားများ တရုတ်နိုင်ငံသို့ဝင်ရောက်မည်ဆိုပါက ပိုးသတ်ဆေးဖြန်းခ (၁၈)ယွမ် မြန်မာငွေ ၃၆၀၀ကျပ်ခန့် ကောက်ယူလျှက်ရှိသည်။ မြန်မာနံပါတ်နှင့်ကားများ တရုတ်နိုင်ငံကျယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်းတွင်သာ မောင်းနှင်ခွင့်ရှိပြီး ကျယ်ဂေါင်-ရွှေလီတံတားအား ကျော်ခွင့်မရှိသော်လည်း တရုတ်နိုင်ငံမှဝင်ရောက်သောကားများမှာ မူဆယ်-နမ့်ခမ်း-ပန်ဆိုင်း-၁၀၅မိုင်(မိုင်းယု) အထိလွတ်လပ်စွာသွားလာခွင့်ရှိကြောင်းသိရသည်။
တရုတ်နိုင်ငံထုတ် သက်တမ်းကုန်လွန်နေသော အစားအစာများသည်လည်း မြန်မာမူဆယ် နယ်စပ်ပေါက်မှတစ်ဆင့် ဝင်ရောက်လျှက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ ဖြန့်ဖြူးရောင်းချလျှက်ရှိသည်။ သက်တမ်းကုန်လွန်ပြီး အစာအစာများဖြင့်သဖြင့် တရုတ်နိုင်ငံတွင်းရောင်းချသည့် ဈေးထက် ထက်ဝက်ခန့် သက်သာလျှက်ရှိပါသည်။ အထူးသဖြင့် ကျောင်းမုန့်ဆိုင်များ၊ လမ်းဘေးဈေးဆိုင်များတွင် အလွယ်တကူတွေ့ မြင်နိုင်ပါသည်။
တရုတ်နိုင်ငံအတွင်း တရားဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်လိုပါက ကျန်းမာရေးလက်မှတ်၊ အလုပ်သမားလက်မှတ်၊ နေထိုင်ခွင့်လက်မှတ်များလိုအပ်ပါသည်။ ထိုလက်မှတ်များသည် တစ်နှစ်သာသက်တမ်းရှိပြီး နောင်နှစ်တွင် အသစ်ထပ်မံဆောင်ရွက်ရမည်ဖြစ်သည်။ နေထိုင်ခွင့်ဆောင်ရွက်ပုံအဆင့်ဆင့်သည် အနည်းငယ်ရှုပ်ထွေးပြီး တရုတ်ဘာသာ နားမလည်သည့် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲဖြစ်ကာ ကြားပွဲစားများကိုအပ်ခြင်း၊ ငွေကြေးများစွာ ကုန်ကျပြီးမှ ရရှိခြင်းများလည်းရှိနေကြောင်းသိရသည်။
တရုတ်နိုင်ငံသည် တရားဥပဒေအလွန်စိုးမိုးလျှက် ရှိသောနိုင်ငံဖြစ်သောကြောင့် မှုခင်းများလျော့ချရေး၊ ပြစ်မှုကျူးလွန်သူများလျင်မြန်စွာဖမ်းဆီးရမိနိုင်ရေးတို့အတွက် တရုတ်ပြည်ထဲရေးမှ အရှိန်အဟုန်မြင့် ဆောင်ရွက်လျှက်ရှိပြီး တရုတ်နိုင်ငံအတွင်း ပြစ်မှုကျူးလွန်သော မြန်မာနိုင်ငံသားများသည်လည်း တရုတ်နိုင်ငံရဲ့ ဥပဒေအရ အပြစ်ပေးခံရပြိး တရုတ်ထောင်တွင် စံမြန်းရလျှက်ရှိသည်။
ထို့ကြောင့် တရုတ်နိုင်ငံအတွင်းသို့ လာရောက် နေထိုင်လျှက်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံရဲ့ တရားဥပဒေအား လေးစားလိုက်နာပြီး လိုအပ်သော သက်ဆိုင်ရာစာရွက်စာတမ်းများကို ပြည့်စုံအောင်လုပ်ထားခြင်းဖြင့် တရားဥပဒေရဲ့ အကာအကွယ်ကိုလည်း ရယူနိုင်ပါသည်။ တရုတ်နိုင်ငံရဲ့ ပြည်ဝင်ပြည်ထွက်စီမံထိန်းချုပ်ရေး ဥပဒေစာအုပ်များကိုလည်း ရွှေလီမြို့နိုင်ငံခြားသားစီမံအုပ်ချုပ်ရေးစင်တာတွင်တရုတ်မြန်မာနှစ်ဘာသာဖြင့် အခမဲ့ရယူနိုင်ပြီး မြန်မာဘာသာဖြင့် ထုတ်ဝေလျှက်ရှိသော တရုတ် ပေါက်ဖော်သတင်းစာ များအားလည်း အခမဲ့ရယူနိုင်ပါသည်။
တရုတ်နိုင်ငံအရေးပေါ်ဖုန်းနံပါတ် 110
လူနာတင်ယာဉ် 120
ရွှေလီမြို့နိုင်ငံခြားသားစီမံအုပ်ချုပ်ရေးစင်တာ- 瑞丽市瑞宏路外籍人员管理服务中心
Source:Mingala Wholesale
Photo: Ruili Police........

Comments
Post a Comment