အသက္(၂၀) ေက်ာ္အ႐ြယ္လူငယ္ဘဝကို ဘယ္လိုပုံစံနဲ႔ ရွင္သန္ျဖတ္သန္းၾကမလဲ

အသက္ (၂၀) အ႐ြယ္ဟာ လူငယ္ေတြအတြက္ အေတာ္ကို ဂြက်ရတဲ့ အခက္ခဲဆုံး အသက္အ႐ြယ္အပိုင္းအျခား ျဖစ္ပါတယ္။ ဂြက်ရတဲ့အေၾကာင္းရင္းကေတာ့ ကိုယ္က ကေလးပီပီ ေပါ့ေပါ့ပါးပါးေနလို႔ရတဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ကိုလြန္လာ႐ုံေလး
ကိုယ့္ဘဝကို ကိုယ္တိုင္ဖန္တီးဖို႔ ေလာကဝန္းက်င္ကလည္း ေတာင္းဆိုလာတဲ့အခ်ိန္ မရင့္က်က္ေသးတဲ့စိတ္နဲ႔ လုပ္ရ ကိုင္ရ ဆုံးျဖတ္ခ်က္ခ်ရ အေတာ္ေလး ဟန္မက်ျဖစ္ေစတဲ့ အခ်ိန္ျဖစ္လို႔ပါ။ ဒီလို အသက္အ႐ြယ္ပိုင္းေတြအတြက္ အေထာက္အကူျဖစ္မယ့္ အခ်က္တခ်ိဳ႕ကို တင္ျပေပးခ်င္ပါတယ္။
အသည္းကြဲလည္း ကြဲပါ
အသည္းကေတာ့ကြဲမွာပဲ။ အခ်စ္စစ္ဆိုတာ ထီထိုးရသလိုပဲ။ ထီမေပါက္မခ်င္း အသည္းေတြက ကြဲေနရဦးမွာ သဘာဝပဲ။ ဒါက ျပႆနာမဟုတ္ပါဘူး။ ခံႏိုင္ရည္ကို ျမႇင့္ေပးဖို႔သာ အာ႐ုံစူးစိုက္ပါ။ ႀကဳံစရာရွိတာ ႀကဳံလာတဲ့အခ်ိန္ ေကာင္းတဲ့အရာေတြဆို ေပ်ာ္႐ႊင္ၾကည္ႏူးလိုက္သင့္သလို မႀကဳံခ်င္တဲ့အရာေတြကို လက္ခံရတဲ့အခါ အေတြ႕အႀကဳံအျဖစ္ သင္ယူတတ္လိုက္ဖို႔သာလိုတာပါ။ အသည္းကြဲတယ္ဆိုတာ လူအေတာ္မ်ားမ်ား ႀကဳံခဲ့ဖူးတဲ့အရာျဖစ္ပါတယ္။ ဘဝအေတြ႕အႀကဳံရဲ႕တစိတ္တပိုင္းပဲ ျဖစ္တယ္ဆိုတာ ႏွလုံးသြင္းထားပါ။ ေက်ာ္လႊားျဖတ္သန္းနိင္႐ုံနဲ႔တင္ တန္ေနပါၿပီ။ အသည္းကြဲလို႔ၿပီးရင္ ေရွ႕ကိုရဲရဲသာဆက္သြားပါေတာ့။
သူငယ္ခ်င္းေတြနဲ႔ ကိုယ့္ကိုကိုယ္ မႏႈိင္းယွဥ္ပါနဲ႔
အသက္ ၂၀ ဆိုတဲ့ ကာလကိုေက်ာ္ၿပီး နားလည္သည္းခံႏိုင္မႈကိုတည္ေဆာက္ခ်ိန္တစ္ခု ခိုင္မာၿပီးမွသာ တကယ့္သူငယ္ခ်င္းအစစ္ေတြျဖစ္လာႏိုင္ပါလိမ့္မယ္။ တခ်ိဳ႕က ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကိုယ့္ထက္ အလ်င္အျမန္ေအာင္ျမင္သြားလိမ့္မယ္။ သိထားရမွာက လူ႕ဘဝက ၿပိဳင္ပြဲတစ္ခုဟုတ္ပါဘူး။ ကိုယ့္သူငယ္ခ်င္းေတြနဲ႔ ၿပိဳင္ေနစရာမလိုပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ဟာ လားရာခ်င္းမတူပါဘူး။ ရည္႐ြယ္ခ်က္ခ်င္းလည္းမတူပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ဆိုမွေတာ့ ဘာမွကိုမတူပါဘူး။ ဒါေၾကာင့္ ႏႈိင္းယွဥ္စရာလည္း အေၾကာင္းမရွိပါဘူး။ ကိုယ့္ေလးနက္မႈကို ကိုယ္ရွာဖို႔က ျဖည္းျဖည္းနဲ႔ ေႏွးေႏွးဆိုလည္း ျပႆနာမရွိပါဘူး။
ကိုယ့္ကိုကိုယ္ ခ်စ္ျမတ္ႏိုးတန္ဖိုးထားပါ
ျပစ္တင္႐ႈတ္ခ်မႈႏႈန္းေတြ ျမန္ဆန္လြန္းတဲ့ ကမၻာႀကီးမွာ လူေတြဆီကေန တံေတြးေထြးသလို ကဲ့ရဲ႕သမုတ္စကားတစ္ခြန္း ပက္ကနဲ ထြက္လာဖို႔က လြယ္လြယ္ေလးပါ။ ကိုယ့္အရပ္က ပုေနလည္း ကိုယ့္ကိုကိုယ္ ခ်စ္ပါ။ ကိုယ္က ဖက္တီးႀကီးျဖစ္ေနလည္း ကိုယ့္ကိုကိုယ္ ခ်စ္ပါ။ ကိုယ့္ရဲ႕အရာအားလုံးကို ကိုယ္တိုင္ခ်စ္ပါ။ ကိုယ့္ရဲ႕အလွတရားကို ကိုယ္တိုင္ပဲ အဓိပၸါယ္ဖြင့္ဆိုပါ။ ဒါဟာကိုယ္မဟုတ္တဲ့ လူေတြနဲ႔ လားလားမွ မဆိုင္တဲ့ တန္ဖိုးပါပဲ။ အိပ္ေရးဝဝအိပ္ပါ။ ေလ့က်င့္ခန္းေကာင္းေကာင္းလုပ္ပါ။ ကိုယ့္က်န္းမာေရးကို မပ်က္မကြက္ ဂ႐ုစိုက္ပါ။
အႀကံဥာဏ္ေတြကို နားေထာင္ပါ
ကိုယ့္အတြက္ စိတ္အားထက္သန္ၿပီး ေပးလာတဲ့ အႀကံဥာဏ္တိုင္းကို ဂ႐ုစိုက္နားေထာင္ေပးဖို႔ တိုက္တြန္းပါရေစ။ လိုက္လံက်င့္သုံးဖို႔မွာေတာ့ ကိုယ့္ရဲ႕ေ႐ြးခ်ယ္စိစစ္မႈက အေရးႀကီးပါတယ္။ ဒီလိုအ႐ြယ္ေတြအတြက္ ကိုယ့္အနားမွာ အေပါမ်ားဆုံးက အႀကံဥာဏ္ေတြပဲျဖစ္ေနပါလိမ့္မယ္။ ကိုယ့္အတြက္အေကာင္းဆုံး၊ ကိုယ္အျမတ္ႏိုးရဆုံးက ဘာလဲဆိုတာေတာ့ ကိုယ့္ကိုယ္ကိုယ္သိပါေစ။ ကိုယ္တိုင္အေျဖထုတ္ရမွာပါ။
ဆိုရွယ္မီဒီယာေပၚမွာ အိမ္မေဆာက္ပါနဲ႔
ဆိုရွယ္မီဒီယာက ဘဝမဟုတ္ဘူးလို႔ လြဲမွားစြာေႂကြးေၾကာ္ဖို႔ေတာ့ မလိုပါဘူး။ ဒီဘက္ေခတ္မွာ ဆိုရွယ္မီဒီယာကို ဘဝေတြရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ လက္ခံရေတာ့မွာပါ။ လူႀကီးလူငယ္မဟူအတြက္ သူ႕ရဲ႕ဆြဲေဆာင္အားက ျပင္းလြန္းတာလည္း ျငင္းလို႔မရပါဘူး။ အလြန္အကၽြံ စြဲလမ္းၿငိတြယ္သြားတာမ်ိဳးကေတာ့ အေတာ္ဆိုး႐ြားတဲ့အေျခအေနပါ။ ဒီလိုမျဖစ္ရေအာင္ ထိန္းၫွိတတ္ပါေစ။ အ႐ြယ္နဲ႔ အခ်ိန္ကို တန္ဖိုးထားပါ။
စဥ္ဆက္မျပတ္ သင္ယူေလ့လာေနပါ
တကၠသိုလ္ၿပီးလို႔ ဘြဲ႕ရၿပီဆိုတာနဲ႔ ဆက္ၿပီးသင္ယူစရာမရွိေတာ့ဘူးလို႔ မမွတ္ယူမိဖို႔ လိုပါလိမ့္မယ္။ စဥ္ဆက္မျပတ္ ဆက္ၿပီး သင္ယူေလ့လာပါ။ ကိုယ္မသိေသးတဲ့ အသစ္ အသစ္ေတြကို သင္ယူပါ။ အသက္ရွင္ေနရျခင္းကိုက အခ်ိန္ျပည့္သင္ယူေလ့လာေနဖို႔အတြက္ အထူးအခြင့္အေရးျဖစ္ပါတယ္။ ေက်ာင္းစာသင္ခန္းရဲ႕အျပင္ဘက္မွာလည္း သင္ယူဆည္းပူးစရာေတြဆိုတာ မကုန္ႏိုင္ေအာင္ကို မ်ားျပားလြန္းလွပါတယ္။
မိသားစုအတြက္ အခ်ိန္ေပးပါ
ေငြေနာက္ကိုလိုက္ၿပီး ေငြေတြမဲရွာေနရျခင္းဟာ မိသားစုအတြက္ အခ်ိန္ေပးဖို႔ ပ်က္ကြက္ေစတတ္ပါတယ္။ မိသားစုကို ဘယ္ေတာ့မွ မေမ့ေလ်ာ့ပါနဲ႔။ အထူးသျဖင့္ ဘယ္ေလာက္အလုပ္မ်ားမာ္း ကိုယ့္မိသားစုအတြက္ အခ်ိန္ေပးၿပီး ေပ်ာ္႐ႊင္စရာေတြဖန္တီးဖို႔ သတိရွိေပးပါ။ မိသားစုဆိုတာကို အၿမဲသတိတရ ရွိေပးေနသင့္ပါတယ္။
အသက္ေမြးဝမ္းေက်ာင္းအလုပ္
တကၠသိုလ္တက္၊ ဘြဲ႕ရၿပီး ရတဲ့ဘြဲ႕နဲ႔ လုပ္ကိုင္စားေသာက္ဖို႔မွာေတာ့ အံလြဲေနတာမ်ိဳးကလည္း ျဖစ္ႏိုင္ပါတယ္။ ဒါကို လူငယ္တိုင္း ႀကဳံႏိုင္တာပါ။ ကိုယ္ရတဲ့ဘြဲ႕နဲ႔ အသက္ေမြးဝမ္းေက်ာင္းအလုပ္နဲ႔ အံဝင္ခြင္က်ျဖစ္ခြင့္ရတာဟာ အင္မတန္နည္းပါးတဲ့ ကံေကာင္းသူလူတစ္စုအတြက္ေလာက္ပဲ ရွိတတ္ပါတယ္။
Ref: Elcrema.com "9 ESSENTIAL LIFE TIPS THAT WILL HELP YOU SURVIVE YOUR 20s"
ဖိုးသူေတာ္ (www.phothutaw.com)
Credit:AI (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
အသက် (၂၀) အရွယ်ဟာ လူငယ်တွေအတွက် အတော်ကို ဂွကျရတဲ့ အခက်ခဲဆုံး အသက်အရွယ်အပိုင်းအခြား ဖြစ်ပါတယ်။ ဂွကျရတဲ့အကြောင်းရင်းကတော့ ကိုယ်က ကလေးပီပီ ပေါ့ပေါ့ပါးပါးနေလို့ရတဲ့ ဆယ်ကျော်သက်အရွယ်ကိုလွန်လာရုံလေး

ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးဖို့ လောကဝန်းကျင်ကလည်း တောင်းဆိုလာတဲ့အချိန် မရင့်ကျက်သေးတဲ့စိတ်နဲ့ လုပ်ရ ကိုင်ရ ဆုံးဖြတ်ချက်ချရ အတော်လေး ဟန်မကျဖြစ်စေတဲ့ အချိန်ဖြစ်လို့ပါ။ ဒီလို အသက်အရွယ်ပိုင်းတွေအတွက် အထောက်အကူဖြစ်မယ့် အချက်တချို့ကို တင်ပြပေးချင်ပါတယ်။

အသည်းကွဲလည်း ကွဲပါ

အသည်းကတော့ကွဲမှာပဲ။ အချစ်စစ်ဆိုတာ ထီထိုးရသလိုပဲ။ ထီမပေါက်မချင်း အသည်းတွေက ကွဲနေရဦးမှာ သဘာဝပဲ။ ဒါက ပြဿနာမဟုတ်ပါဘူး။ ခံနိုင်ရည်ကို မြှင့်ပေးဖို့သာ အာရုံစူးစိုက်ပါ။ ကြုံစရာရှိတာ ကြုံလာတဲ့အချိန် ကောင်းတဲ့အရာတွေဆို ပျော်ရွှင်ကြည်နူးလိုက်သင့်သလို မကြုံချင်တဲ့အရာတွေကို လက်ခံရတဲ့အခါ အတွေ့အကြုံအဖြစ် သင်ယူတတ်လိုက်ဖို့သာလိုတာပါ။ အသည်းကွဲတယ်ဆိုတာ လူအတော်များများ ကြုံခဲ့ဖူးတဲ့အရာဖြစ်ပါတယ်။ ဘဝအတွေ့အကြုံရဲ့တစိတ်တပိုင်းပဲ ဖြစ်တယ်ဆိုတာ နှလုံးသွင်းထားပါ။ ကျော်လွှားဖြတ်သန်းနိင်ရုံနဲ့တင် တန်နေပါပြီ။ အသည်းကွဲလို့ပြီးရင် ရှေ့ကိုရဲရဲသာဆက်သွားပါတော့။

သူငယ်ချင်းတွေနဲ့ ကိုယ့်ကိုကိုယ် မနှိုင်းယှဉ်ပါနဲ့

အသက် ၂၀ ဆိုတဲ့ ကာလကိုကျော်ပြီး နားလည်သည်းခံနိုင်မှုကိုတည်ဆောက်ချိန်တစ်ခု ခိုင်မာပြီးမှသာ တကယ့်သူငယ်ချင်းအစစ်တွေဖြစ်လာနိုင်ပါလိမ့်မယ်။ တချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ထက် အလျင်အမြန်အောင်မြင်သွားလိမ့်မယ်။ သိထားရမှာက လူ့ဘဝက ပြိုင်ပွဲတစ်ခုဟုတ်ပါဘူး။ ကိုယ့်သူငယ်ချင်းတွေနဲ့ ပြိုင်နေစရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဟာ လားရာချင်းမတူပါဘူး။ ရည်ရွယ်ချက်ချင်းလည်းမတူပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ဆိုမှတော့ ဘာမှကိုမတူပါဘူး။ ဒါကြောင့် နှိုင်းယှဉ်စရာလည်း အကြောင်းမရှိပါဘူး။ ကိုယ့်လေးနက်မှုကို ကိုယ်ရှာဖို့က ဖြည်းဖြည်းနဲ့ နှေးနှေးဆိုလည်း ပြဿနာမရှိပါဘူး။

ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးတန်ဖိုးထားပါ

ပြစ်တင်ရှုတ်ချမှုနှုန်းတွေ မြန်ဆန်လွန်းတဲ့ ကမ္ဘာကြီးမှာ လူတွေဆီကနေ တံတွေးထွေးသလို ကဲ့ရဲ့သမုတ်စကားတစ်ခွန်း ပက်ကနဲ ထွက်လာဖို့က လွယ်လွယ်လေးပါ။ ကိုယ့်အရပ်က ပုနေလည်း ကိုယ့်ကိုကိုယ် ချစ်ပါ။ ကိုယ်က ဖက်တီးကြီးဖြစ်နေလည်း ကိုယ့်ကိုကိုယ် ချစ်ပါ။ ကိုယ့်ရဲ့အရာအားလုံးကို ကိုယ်တိုင်ချစ်ပါ။ ကိုယ့်ရဲ့အလှတရားကို ကိုယ်တိုင်ပဲ အဓိပ္ပါယ်ဖွင့်ဆိုပါ။ ဒါဟာကိုယ်မဟုတ်တဲ့ လူတွေနဲ့ လားလားမှ မဆိုင်တဲ့ တန်ဖိုးပါပဲ။ အိပ်ရေးဝဝအိပ်ပါ။ လေ့ကျင့်ခန်းကောင်းကောင်းလုပ်ပါ။ ကိုယ့်ကျန်းမာရေးကို မပျက်မကွက် ဂရုစိုက်ပါ။

အကြံဉာဏ်တွေကို နားထောင်ပါ

ကိုယ့်အတွက် စိတ်အားထက်သန်ပြီး ပေးလာတဲ့ အကြံဉာဏ်တိုင်းကို ဂရုစိုက်နားထောင်ပေးဖို့ တိုက်တွန်းပါရစေ။ လိုက်လံကျင့်သုံးဖို့မှာတော့ ကိုယ့်ရဲ့ရွေးချယ်စိစစ်မှုက အရေးကြီးပါတယ်။ ဒီလိုအရွယ်တွေအတွက် ကိုယ့်အနားမှာ အပေါများဆုံးက အကြံဉာဏ်တွေပဲဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတွက်အကောင်းဆုံး၊ ကိုယ်အမြတ်နိုးရဆုံးက ဘာလဲဆိုတာတော့ ကိုယ့်ကိုယ်ကိုယ်သိပါစေ။ ကိုယ်တိုင်အဖြေထုတ်ရမှာပါ။

ဆိုရှယ်မီဒီယာပေါ်မှာ အိမ်မဆောက်ပါနဲ့

ဆိုရှယ်မီဒီယာက ဘဝမဟုတ်ဘူးလို့ လွဲမှားစွာကြွေးကြော်ဖို့တော့ မလိုပါဘူး။ ဒီဘက်ခေတ်မှာ ဆိုရှယ်မီဒီယာကို ဘဝတွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံရတော့မှာပါ။ လူကြီးလူငယ်မဟူအတွက် သူ့ရဲ့ဆွဲဆောင်အားက ပြင်းလွန်းတာလည်း ငြင်းလို့မရပါဘူး။ အလွန်အကျွံ စွဲလမ်းငြိတွယ်သွားတာမျိုးကတော့ အတော်ဆိုးရွားတဲ့အခြေအနေပါ။ ဒီလိုမဖြစ်ရအောင် ထိန်းညှိတတ်ပါစေ။ အရွယ်နဲ့ အချိန်ကို တန်ဖိုးထားပါ။

စဉ်ဆက်မပြတ် သင်ယူလေ့လာနေပါ

တက္ကသိုလ်ပြီးလို့ ဘွဲ့ရပြီဆိုတာနဲ့ ဆက်ပြီးသင်ယူစရာမရှိတော့ဘူးလို့ မမှတ်ယူမိဖို့ လိုပါလိမ့်မယ်။ စဉ်ဆက်မပြတ် ဆက်ပြီး သင်ယူလေ့လာပါ။ ကိုယ်မသိသေးတဲ့ အသစ် အသစ်တွေကို သင်ယူပါ။ အသက်ရှင်နေရခြင်းကိုက အချိန်ပြည့်သင်ယူလေ့လာနေဖို့အတွက် အထူးအခွင့်အရေးဖြစ်ပါတယ်။ ကျောင်းစာသင်ခန်းရဲ့အပြင်ဘက်မှာလည်း သင်ယူဆည်းပူးစရာတွေဆိုတာ မကုန်နိုင်အောင်ကို များပြားလွန်းလှပါတယ်။

မိသားစုအတွက် အချိန်ပေးပါ

ငွေနောက်ကိုလိုက်ပြီး ငွေတွေမဲရှာနေရခြင်းဟာ မိသားစုအတွက် အချိန်ပေးဖို့ ပျက်ကွက်စေတတ်ပါတယ်။ မိသားစုကို ဘယ်တော့မှ မမေ့လျော့ပါနဲ့။ အထူးသဖြင့် ဘယ်လောက်အလုပ်များမာ်း ကိုယ့်မိသားစုအတွက် အချိန်ပေးပြီး ပျော်ရွှင်စရာတွေဖန်တီးဖို့ သတိရှိပေးပါ။ မိသားစုဆိုတာကို အမြဲသတိတရ ရှိပေးနေသင့်ပါတယ်။

အသက်မွေးဝမ်းကျောင်းအလုပ်

တက္ကသိုလ်တက်၊ ဘွဲ့ရပြီး ရတဲ့ဘွဲ့နဲ့ လုပ်ကိုင်စားသောက်ဖို့မှာတော့ အံလွဲနေတာမျိုးကလည်း ဖြစ်နိုင်ပါတယ်။ ဒါကို လူငယ်တိုင်း ကြုံနိုင်တာပါ။ ကိုယ်ရတဲ့ဘွဲ့နဲ့ အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ အံဝင်ခွင်ကျဖြစ်ခွင့်ရတာဟာ အင်မတန်နည်းပါးတဲ့ ကံကောင်းသူလူတစ်စုအတွက်လောက်ပဲ ရှိတတ်ပါတယ်။

Ref: Elcrema.com "9 ESSENTIAL LIFE TIPS THAT WILL HELP YOU SURVIVE YOUR 20s"
ဖိုးသူတော် (www.phothutaw.com)
Credit:AI (ရိုးရာလေး)  ........

Comments