တရားမဝင်နည်းလမ်းဖြင့် နေရပ်ပြန်ရန်ကြိုးစားသော မြန်မာလုပ်သားများကို ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၆ရက်က ဖမ်းဆီးထားစဉ် (ဓာတ်ပုံ−ရဲမင်း)
ပြည်ပမှ နေရပ်ပြန်လာ သူ အများအပြားဝင်ရောက်နေ သည့် ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ တနင်္သာရီတိုင်းနှင့်ပဲခူးတိုင်း တို့တွင် COVID-19 ကာကွယ် ရေး ၁၄ ရက်ကြာ အသွားအ လာကန့်သတ်မှု မခံယူပါက ထောင်ဒဏ်ခြောက်လထိ ချမှတ် ခံရနိုင်သည့် ဥပဒေများဖြင့်အရေး ယူမည်ဟု သက်ဆိုင်ရာအစိုးရအ ဖွဲ့များက ကြေညာသည်။
ကရင်ပြည်နယ်
ထိုသို့ ထုတ်ပြန်ထားသော် လည်း မတ်လ ၂၇ ရက်အထိ အ ရေးယူရခြင်း မရှိသေးကြောင်း၊ ပြည်သူအများစုလည်း အစိုးရမှ ညွှန်ကြားထားသည်ကို ပူးပေါင်း ပါဝင်ကြသည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောသည်။
‘‘တချို့က ပွဲလုပ်ချင်တယ်။ ရွာက လက်မခံလို့ ပွဲပျက်သွားတာ တော့ရှိတယ်။ စုန်းပြူးတော့ ရှိ တာပေါ့။ အဓိကကတော့ ဒေသခံ တွေက စည်းကမ်းရှိတယ်၊ ညီ တယ်။ လူစုလူဝေး မဖြစ်အောင် လည်း အဓိကထားလုပ်နေတယ်’’ ဟု ၎င်းကပြောသည်။ ယခုရက် ပိုင်းအတွင်း ကရင်ပြည်နယ်၌ နေရပ်ပြန်လာသည့် မြန်မာလုပ် သား လေးထောင်ကျော်ရှိသည် ဟု ဦးဘိုဘိုဝေမောင်ကပြော သည်။
မွန်ပြည်နယ်
မွန်ပြည်နယ်အတွင်း ယခု ရက်ပိုင်း၌ နေရပ်ပြန်လာသူ ၇,၆၀၀ ကျော်ရှိပြီး ၎င်းတို့ကို သတ်မှတ်နေရာအသီးသီးတွင် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ညွှန်ကြားချက်နှင့်အညီ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှု နေကြောင်း ဝန်ကြီးချုပ်ဒေါက် တာအေးဇံက ပြောသည်။
ထို့ကြောင့် နေရပ်ပြန်လာ သူများအနေဖြင့် သတ်မှတ်နေရာ တွင် ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်ခြင်း စည်းကမ်းများ အပါအဝင် အစိုးရတာဝန်ရှိသူ များနှင့် ကျန်းမာရေးတာဝန်ရှိသူ များ၏ လမ်းညွှန်မှုများခံယူရန်လို အပ်ပြီး မလိုက်နာပါက ဥပဒေ နှင့်အညီ အရေးယူမည်ဟု ဝန်ကြီး ချုပ်က ဆိုသည်။
‘‘ပထမအဆင့်အနေနဲ့ ရပ် ကျေးအုပ်ချုပ်ရေးမှူးက သတိ ပေးမယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး က သတိပေးမယ်။ ခရိုင်အုပ်ချုပ် ရေးမှူးက ရှင်းပြမယ်။ မရရင် တော့ ကျွန်တော်တို့ ဥပဒေနဲ့အညီ အရေးယူမယ်’’ ဟု ဒေါက်တာ အေးဇံက ရှင်းပြသည်။ ထို့သို့ အ ရေးယူခံရမည့်အကြောင်း သက် ဆိုင်ရာခရိုင်၊ မြို့နယ်နှင့် ရပ် ကွက်၊ ကျေးရွာများအထိ အသိ ပညာပေးရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။
တနင်္သာရီတိုင်း
တနင်္သာရီတိုင်းအတွင်းသို့ လတ်တလောနေရပ်ပြန်လာသူ များအနေဖြင့် သတ်မှတ်နေရာ အသီးသီးတွင် ကျန်းမာရေးစောင့် ကြပ်ကြည့်ရှုမှုခံယူရန် လိုအပ်ပြီး ငြင်းဆန်ပါက ဥပဒေနှင့်အညီ အ ရေးယူခံရမည်ဖြစ်သည်။
ထို့အပြင် တနင်္သာရီတိုင်းအ စိုးရအဖွဲ့အနေဖြင့် COVID- 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကု သရေးလုပ်ငန်းစဉ်နှင့် ပတ်သက် ၍ အမိန့်နှင့်ညွှန်ကြားချက်များကို လိုအပ်သလို ထုတ်ပြန်ညွှန်ကြား မည်ဟု တနင်္သာရီတိုင်းဝန်ကြီး ချုပ်ဦးမြင့်မောင်က ပြောသည်။
ပဲခူးတိုင်း
ပဲခူးတိုင်းအတွင်း နေရပ်ပြန် လာသူ ၅,၀၀၀ ခန့်ရှိနေပြီး ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ ကျန်း မာရေးစောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်နိုင်ရန် မြို့နယ်အသီး သီးတွင် ပြင်ဆင်ဆောင်ရွက် ထားကြောင်း ဝန်ကြီးချုပ် ဦးဝင်း သိန်းက ပြောသည်။
‘‘မလိုက်နာဘူးဆိုရင် ကူး စက်ဥပဒေရှိတယ်။ သဘာဝဘေး နဲ့ပတ်သက်ပြီး ဥပဒေလည်းရှိ တယ်။ သက်ဆိုင်ရာ ကျန်းမာရေး အရာရှိကသော်လည်းကောင်း၊ သက်ဆိုင်ရာ သဘာဝဘေးအရာ ရှိကသော်လည်းကောင်း တရား စွဲတဲ့အဆင့်ဖြစ်သွားမယ်’’ ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် နေရပ်ပြန်လာ သူများအနေဖြင့် သက်ဆိုင်ရာမြို့ နယ်အလိုက် သတ်မှတ်နေရာများ တွင် ကျန်းမာရေးစောင့်ကြပ် ကြည့်ရှုမှုများ လိုက်နာဆောင် ရွက်ပေးရန် ဝန်ကြီးချုပ်က မေတ္တာရပ်ခံသည်။
ယခုရက်ပိုင်းအတွင်း ထိုင်း -မြန်မာ နယ်စပ်ဂိတ်မှ တစ်ဆင့် မတ်လ ၁၅ ရက်မှ ၂၇ ရက်အထိ နေရပ်ပြန်လာသူ မြန်မာလုပ်သား ငါးသောင်းခန့်ရှိသည်။ ယမန်နေ့ ညနေပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ငါးဦး ရှိသည်။Credit https://7day.news/ ........
Comments
Post a Comment